ထိုင်းနိုင်ငံ၊ စူဖန်ဘူရီခရိုင်ရှိ ကြံစိုက်ခင်းအများအပြားရှိနေသည့် နေရာအနီး ဒီဇင်ဘာလ(၁၇)ရက်နေ့က ပျောက်သွားသည့် အသက်(၂)နှစ်အရွယ် မြန်မာကလေးငယ်မှာ ဖျားယောင်းသွေးဆောင် ခေါ်ဆောင်သွားခံရခြင်း ဖြစ်နိုင်သည်ဟု ခန့်မှန်းထားသော်လည်း ကြံစိုက်ခင်းများတွင် အင်အားသုံး ရှာဖွေမှုများကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၄)ရက်နေ့တွင် ခရိုင်အုပ်ချုပ်ရေးမှူး ပြောကြားလိုက်ကြောင်း The Nation သတင်းက ဖေါ်ပြလိုက်သည်။
ပျောက်ဆုံးနေသည့် အသက်(၂)နှစ်အရွယ် မြန်မာကလေးငယ်ကို ရှာဖွေရေးအတွက် မြေပြင်၊ ဝေဟင်တို့မှ ရှာဖွေခြင်းအပြင် ကလေးငယ် ပြုတ်ကျသွားနိုင်ဖွယ်ရှိသည့် နေရာအားလုံးတွင် ရေငုပ်အဖွဲ့တို့ဖြင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၄)ရက်နေ့အထိ ရှာဖွေနေဆဲဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်းအရ သိရသည်။
ရှာဖွေရေးလုပ်ငန်းများကို ရဲတပ်ဖွဲ့ဝင် (၃၀၀)၊ စစ်တပ်၊ ဒေသအုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် အရပ်ဘက် ကယ်ဆယ်ရှာဖွေရေးအဖွဲ့များကလည်း ပူးပေါင်းရှာဖွေပေးနေကြပြီး ဆင်(၄)ကောင်၊ ရဲတပ်ဖွဲ့ ရဟတ်ယာဉ်များ၊ ဒရုန်းများ၊ အနံ့ခံ ခွေးများနှင့် ရေငုပ်သမားများဖြင့် ရှာဖွေနေနေခြင်းဖြစ်ကြောင်း သိရသည်။
မြေပြင်နှင့် ဝေဟင်ရှာဖွေမှုများအပြင် ကြံခင်းဧရိယာအတွင်းရှိ ရေတွင်းရေအိုင်များတွင်လည်း ရေငုပ်သမားများဖြင့် ရှာဖွေနေခြင်းဖြစ်ကြောင်း သိရပြီး ရှာဖွေရေးအဖွဲ့များအား အစားအသောက် စီစဉ်ပေးရန် ရွေ့လျားမီးဖိုများဖြင့် စီစဉ်ပေးထားကြောင်း သိရသည်။
“မနက်ဖြန်မှာ ကျွန်တော်တို့ ရှာဖွေမှုတွေကို ရှေ့တိုးလုပ်ဆောင်မှာပါ။ ကလေးကို ဖျားယောင်း သွေးဆောင်ခံရသလား ဆိုတာ သံသယဖြစ်ဖွယ် ရှိ/မရှိကို ဒေသခံတွေဆီ မေးမြန်းတာတွေ လုပ်ပါမယ်”ဟု စူဖန်ဘူရီခရိုင်အုပ်ချုပ်ရေးမှူး Nimit Wanchaithanawong က ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၄)ရက်နေ့တွင် ပြောကြားကြောင်း သိရသည်။
မြန်မာရွှေ့ပြောင်းလုပ်သား ကြံစိုက်ခင်းလုပ်သား(၂)ဦးဖြစ်သည့် ကလေး၏မိဘများက အလုပ်လုပ်နေစဉ် အသက်(၃)နှစ်အရွယ်နှင့်အတူ ရွာထဲတွင် လမ်းလျှောက်နေစဉ် အမျိုးသားတစ်ဦးက လက်ဆွဲ ခေါ်သွားခြင်းဖြစ်သည်ဟု အသက်(၃)နှစ်အရွယ်ကလေးက ပြောကြားထားကြောင်း သိရသည်။
ပျောက်ဆုံးနေသည့် အသက်(၂)နှစ်အရွယ် မြန်မာကလေးငယ်ကို ရှာဖွေရေးအတွက် မြပြေင်၊ ဝေဟင်တို့မှ ရှာဖွခြေင်းအပြင် ကလေးငယ် ပြုတ်ကျသွားနိုင်ဖွယ်ရှိသည့် နေရာအားလုံးတွင် ရေငုပ်အဖွဲ့တို့ဖြင့် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၄)ရက်နေ့အထိ ရှာဖွေနေဆဲဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်းအရ သိရသည်။
ရှာဖွေရေးလုပ်ငန်းများကို ရဲတပ်ဖွဲ့ဝင် (၃၀၀)၊ စစ်တပ်၊ ဒေသအုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် အရပ်ဘက် ကယ်ဆယ်ရှာဖွေရေးအဖွဲ့များကလည်း ပူးပေါင်းရှာဖွေပေးနကြပြေီး ဆင်(၄)ကောင်၊ ရဲတပ်ဖွဲ့ ရဟတ်ယာဉ်များ၊ ဒရုန်းများ၊ အနံ့ခံ ခွေးများနှင့် ရေငုပ်သမားများဖြင့် ရှာဖွေနေနခြေင်းဖြစ်ကြောင်း သိရသည်။
"ဆင်တွေက ဒီကြံတောကြီးထဲမှာ ရှာဖွေရေးအတွက် အသုံးဝင်မှာပါ။ သူတို့က နှာမောင်းနဲ့ အဝေးကြီးအထိ အနံ့ခံနိုင်တယ်။ ဒီလိုတောတွေထဲသွားလာရင် မြပြေင်မှာ ကလေးတစ်ယောက်ယောက်ပဲဖြစ်ဖြစ်၊ ခွေးတစ်ကောင် ကောင်ပဲဖြစ်ဖြစ် လဲနေရင် သူတို့က ရှေ့ဆက်မသွားလဲ ရပ်နကြေတာ"ဟု ကယ်ဆယ်ရေးတွင် လာရောက်ကူညီနေသည့် ဆင်ထိန်းက ဆင်အကြောင်းရှင်းပြသည်။
အဆိုပါ ကလေးငယ်မှာ ကြံခင်းခုတ်သည့် မြန်မာလုပ်သားများ၏ သားဖြစ်ပြီး ပျောက်ဆုံးသည့်နေ့က အသက်(၃)နှစ်အရွယ် ကလေးတစ်ဦးနှင့်အတူ မိဘများကြံခုတ်သည့် ကြံခင်းအနီးဆော့ကစားနေရာမှ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကလေးငယ်တစ်ဦးကို ရှာဖွေနေမှုများကို စနစ်တကျ ဆောင်ရွက်ရန် စီမံပေးထားကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး Nimit Wanchaithanawong က ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၃)ရက်နေ့တွင် ပြောကြားထားကြောင်း သိရသည်။
မြပြေင်နှင့် ဝေဟင်ရှာဖွေမှုများအပြင် ကြံခင်းဧရိယာအတွင်းရှိ ရေတွင်းရေအိုင်များတွင်လည်း ရေငုပ်သမားများဖြင့် ရှာဖွေနခြေင်းဖြစ်ကြောင်း သိရပြီး ရှာဖွေရေးအဖွဲ့များအား အစားအသောက် စီစဉ်ပေးရန် ရွေ့လျားမီးဖိုများဖြင့် စီစဉ်ပေးထားကြောင်း သိရသည်။
ခရိုင်ရဲတပ်ဖွဲ့က ကလေးငယ်ပျောက်ဆုံးမှုနှင့်ပတ်သက်၍ ဒီဇင်ဘာလ (၂၂)ရက်နေ့တွင် အစည်းအဝေး ပြုလုပ်ရာ ကလေးငယ်ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ဖြစ်နိုင်ချေများကို ဆွေးနွေးရာတွင် ကလေးငယ်မှာ ပြန်ပေးဆွဲခံရခြင်း၊ အဆိပ်ရှိမြွေအကိုက်ခံရခြင်းအပါအဝင် တောရိုင်းတိရစ္ဆာန်တစ်ကောင်ကောင်၏ ရန်ပြု ခံရခြင်းစသည့် ဖြစ်နိုင်ချေရှိသည်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဒေသဝန်းကျင်ရှိ ဆေးရုံများတွင်လည်း ကလေးငယ်တစ်ဦး ဆေးကုသမှုအတွက် ရောက်လာခြင်း ရှိ မရှိကို တာဝန်ရှိသူများက စစ်ဆေးနေကြောင်း သိရသည်။
ကလေးငယ်အား ရှာဖွေတွေ့ရှိရန်နှင့် ကယ်ဆယ်ရေးအဖွဲ့ဘေးကင်းရန်အတွက် အိန္ဒိယတွင် ခြောက်နှစ်ကြာ တရားထိုင်ခဲ့သည့် ဘုန်းတော်ကြီးတစ်ပါးက လာရောက်ဆုတောင်းပေးကြောင်း သိရသည်။
Photo: AP၊ Thairath၊ vaaju.com