ေတာင္ႀကီးမွ မႏၱေလးသို႔ လူနာပို႔သည့္ လူနာတင္ယာဥ္ႏွင့္ တြဲကားတုိက္မိသျဖင့္ ယာဥ္ေမာင္း (၂)ဦးကို အမႈဖြင့္

ေတာင္ႀကီးမွ မႏၱေလးသို႔ လူနာပို႔သည့္ လူနာတင္ယာဥ္ႏွင့္ တြဲကားတုိက္မိသျဖင့္ ယာဥ္ေမာင္း (၂)ဦးကို အမႈဖြင့္
ဒီဇင်ဘာ 25, 2018
By Tachileik News Agency

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေတာင္ႀကီးၿမိဳ႕မွ မႏၱေလးေဆးရံုသို႔ လူနာပို႔ေဆာင္ရန္သြားသည့္ လူနာတင္ယာဥ္ႏွင့္ လမ္းေပၚတြင္ ရပ္ထားသည့္ တြဲကားတို႔ တုိက္မိရာမွ လူနာအပါအဝင္ (၄)ဦးေသဆံုးကာ (၂)ဦး ဒဏ္ရာရသြားသည့္ ယာဥ္တိုက္မႈႏွင့္ပတ္သက္၍ တြဲကားယာဥ္ေမာင္းႏွင့္ ေသဆံုးသြားသည့္ လူနာတင္ယာဥ္ေမာင္းတို႔အား အမႈဖြင့္ထားေၾကာင္း သိရသည္။

ရင္ၾကပ္အေမာေဖာက္ေနသည့္ လူနာအား ေတာင္ႀကီးၿမိဳ႕ရိွ ထြန္းေဆးရံုမွ လူနာတင္ယာဥ္ျဖင့္ မႏၱေလးေဆးရံုသို႔ ပို႔ေဆာင္စဥ္ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၂၄) ရက္ေန႔ နံနက္ (၅)နာရီခြဲဝန္းက်င္က  ျမစ္သားၿမိဳ႕နယ္၊ ရန္ကုန္-မႏၲေလး လမ္းေဟာင္း မိုင္တိုင္(၃၈၉/၁-၂) ၾကား၌ ယာဥ္တုိက္မႈ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ေနရာအေရာက္တြင္ လူနာတင္ယာဥ္၏ ဝဲေနာက္ဘီးေပါက္ကာ ယာဘက္ေဘး ကားလမ္းေပၚ၌ စက္ပ်က္၍ ရပ္ထားေသာ တြဲကားယာဥ္ကို ေနာက္မွဝင္တုိက္မိကာ ယာဘက္ျခမ္းမွ ကပ္ဆြဲသြားသျဖင့္  ေမာ္ေတာ္ယာဥ္ေမာင္း၊ လူနာအမ်ိဳးသမီး၊ လူနာေစာင့္ျဖစ္သည့္ သမီးျဖစ္သူႏွင့္ သူနာျပဳဆရာမတစ္ဦး စုစုေပါင္း(၄)ဦးတို႔မွာ အခင္းျဖစ္ေနရာတြင္ ေသဆံုးသြားၿပီး လူနာေစာင့္အမ်ိဳးသားတစ္ဦးႏွင့္ သူနာျပဳတစ္ဦးတို႔မွာ ဒဏ္ရာအသီးသီးရသြားၾကျခင္းျဖစ္ေၾကာင္း သိရသည္။

ေသဆံုးသြားသူမ်ားႏွင့္ ဒဏ္ရာရသြားသူမ်ားအား ေက်ာက္ဆည္ျပည္သူ႔ေဆးရံုႏွင့္ မႏၲေလး ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ခဲ့ေၾကာင္း သိရသည္။

ယာဥ္တိုက္မႈျဖစ္စဥ္ႏွင့္ ပတ္သက္၍ ေသဆံုးသြားသည့္ လူနာတင္ယာဥ္ေမာင္း သက္တင္စိုးႏွင့္ တြဲကားယာဥ္ေမာင္း ကိုေဇာ္တို႔အား ျမစ္သားၿမိဳ႕မရဲစခန္းတြင္ ယာဥ္ (ပ) ၅၄/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၄-က/၃၃၈ (ေပါ့ေလ်ာ့မႈေၾကာင့္ လူေသမႈ/ ျပင္းထန္နာက်င္ေစမႈ)ျဖင့္ အမႈဖြင့္ထားၿပီး ယာဥ္ေမာင္းကိုေဇာ္ကို ဖမ္းဆီးစစ္ေဆးေနေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ရဲတပ္ဖြဲ႔





~~~~~~~~⊰❂Unicode Version ~~~~~~~~

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှ မန္တလေးဆေးရုံသို့ လူနာပို့ဆောင်ရန်သွားသည့် လူနာတင်ယာဉ်နှင့် လမ်းပေါ်တွင် ရပ်ထားသည့် တွဲကားတို့ တိုက်မိရာမှ လူနာအပါအဝင် (၄)ဦးသေဆုံးကာ (၂)ဦး ဒဏ်ရာရသွားသည့် ယာဉ်တိုက်မှုနှင့်ပတ်သက်၍ တွဲကားယာဉ်မောင်းနှင့် သေဆုံးသွားသည့် လူနာတင်ယာဉ်မောင်းတို့အား အမှုဖွင့်ထားကြောင်း သိရသည်။

ရင်ကြပ်အမောဖောက်နေသည့် လူနာအား တောင်ကြီးမြို့ရှိ ထွန်းဆေးရုံမှ လူနာတင်ယာဉ်ဖြင့် မန္တလေးဆေးရုံသို့ ပို့ဆောင်စဉ် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့ နံနက် (၅)နာရီခွဲဝန်းကျင်က မြစ်သားမြို့နယ်၊ ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင်(၃၈၉/၁-၂) ကြား၌ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ နေရာအရောက်တွင် လူနာတင်ယာဉ်၏ ဝဲနောက်ဘီးပေါက်ကာ ယာဘက်ဘေး ကားလမ်းပေါ်၌ စက်ပျက်၍ ရပ်ထားသော တွဲကားယာဉ်ကို နောက်မှဝင်တိုက်မိကာ ယာဘက်ခြမ်းမှ ကပ်ဆွဲသွားသဖြင့် မော်တော်ယာဉ်မောင်း၊ လူနာအမျိုးသမီး၊ လူနာစောင့်ဖြစ်သည့် သမီးဖြစ်သူနှင့် သူနာပြုဆရာမတစ်ဦး စုစုပေါင်း(၄)ဦးတို့မှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားပြီး လူနာစောင့်အမျိုးသားတစ်ဦးနှင့် သူနာပြုတစ်ဦးတို့မှာ ဒဏ်ရာအသီးသီးရသွားကြခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသွားသူများနှင့် ဒဏ်ရာရသွားသူများအား ကျောက်ဆည်ပြည်သူ့ဆေးရုံနှင့် မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသွားသည့် လူနာတင်ယာဉ်မောင်း သက်တင်စိုးနှင့် တွဲကားယာဉ်မောင်း ကိုဇော်တို့အား မြစ်သားမြို့မရဲစခန်းတွင် ယာဉ် (ပ) ၅၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈ (ပေါ့လျော့မှုကြောင့် လူသေမှု/ ပြင်းထန်နာကျင်စေမှု)ဖြင့် အမှုဖွင့်ထားပြီး ယာဉ်မောင်းကိုဇော်ကို ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~