တာချီလိတ်မြို့ ဆန်ဆိုင်း(၅)လမ်းမှ တံတား(၂)အထိ ဒီဇင်ဘာလ(၂၆)ရက်နေ့တွင် နေ့တစ်ပိုင်းနီးပါး လျှပ်စစ်မီး ဖြတ်တောက်မည်

တာချီလိတ်မြို့ ဆန်ဆိုင်း(၅)လမ်းမှ တံတား(၂)အထိ ဒီဇင်ဘာလ(၂၆)ရက်နေ့တွင် နေ့တစ်ပိုင်းနီးပါး လျှပ်စစ်မီး ဖြတ်တောက်မည်
ဒီဇငျဘာ 26, 2018
By Tachileik News Agency

တာချီလိတ်မြို့တွင် ဒီဇင်ဘာလ(၂၇)ရက်နေ့၌  ဆန်ဆိုင်း (၅)လမ်းမှ စ၍  ပန်စလိရွာအပါအ၀င် မယ်ခေါင်ရပ်ကွက်ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၂) တံတားအထိ နံနက်တစ်ပိုင်း လျှပ်စစ်မီး ခေတ္တ ဖြတ်တောက်မည်ဖြစ်ကြောင်း မြို့မီးလင်းရေးရုံးခွဲ(တာဝေ)မှ သိရသည်။


မြို့မီးလင်းရေးရုံးခွဲ(တာဝေ)မှ မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၂) တံတားအနီးရှိ လျှပ်စစ်မီး ဓါတ်တိုင်အား အရေးပေါ် ပြောင်းရွှေ့ရမည်ဖြစ်၍ လုပ်ငန်းဆောင်ရွက်နေစဉ်အချိန်အတွင်း အန္တရာယ် မဖြစ်ပေါ်ရေးအတွက် လျှပ်စစ်မီးအား သတ်မှတ်အချိန်တိုင်း ဖြတ်တောက်ထားမည်ဖြစ်ကြောင်း သိရှိရသည်။

Tachileik News Agency


~~~~~~~~⊰❂Unicode Version ~~~~~~~~

တာချီလိတ်မြို့တွင် ဒီဇင်ဘာလ(၂၇)ရက်နေ့၌ ဆန်ဆိုင်း (၅)လမ်းမှ စ၍ ပန်စလိရွာအပါအဝင် မယ်ခေါင်ရပ်ကွက်ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၂) တံတားအထိ နံနက်တစ်ပိုင်း လျှပ်စစ်မီး ခေတ္တ ဖြတ်တောက်မည်ဖြစ်ကြောင်း မြို့မီးလင်းရေးရုံးခွဲ(တောဝ)မှ သိရသည်။

တာချီလိတ်မြို့ ဆန်ဆိုင်း(၅)လမ်းမှ စ၍ ဝမ်းလုံးကျေးရွာအုပ်စုအတွင်းရှိ လွယ်စတုံ၊ ပန်စလိကျေးရွာအထိ အပါအဝင် မြို့တွင်း မယ်ခေါင်ရပ်ကွက်အတွင်းရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၂) တံတားအထိ ၂၀၁၈ခုနှစ် ဒီဇင်ဘာလ(၂၇)ရက်နေ့ နံနက်(၉)နာရီမှစ၍ နေ့လည်(၁)နာရီအချိန်အထိ လျှပ်စစ်မီး ခေတ္တဖြတ်တောက်မည်ဖြစ်သည်။

မြို့မီးလင်းရေးရုံးခွဲ(တောဝ)မှ မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၂) တံတားအနီးရှိ လျှပ်စစ်မီး ဓာတ်တိုင်အား အရေးပေါ် ပြောင်းရွှေ့ရမည်ဖြစ်၍ လုပ်ငန်းဆောင်ရွက်နေစဉ်အချိန်အတွင်း အန္တရာယ် မဖြစ်ပေါ်ရေးအတွက် လျှပ်စစ်မီးအား သတ်မှတ်အချိန်တိုင်း ဖြတ်တောက်ထားမည်ဖြစ်ကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~