တာချီလိတ်မြို့မ(၀မ်ကောင်း)ဈေး အောက်ထပ်ရှိ အိမ်သာများ သန့်ရှင်းမှုအားနည်းနေ၍ ပတ်ဝန်းကျင်ဆိုင်ခန်းများ အနံ့ဆိုးများဖြင့် အဆင်မပြေဖြစ်နေ
တာချီလိတ်မြို့မ(၀မ်ကောင်း)ဈေး အောက်ထပ်ရှိ အိမ်သာများ သန့်ရှင်းမှုအားနည်းနေ၍ ပတ်ဝန်းကျင်ဆိုင်ခန်းများ အနံ့ဆိုးများဖြင့် အဆင်မပြေဖြစ်နေ
ဇနျနဝါရီ 2, 2019
By Tachileik News Agency
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မဈေး (ဝမ်ကောင်းဈေး) အောက်ထပ်ရှိ အိမ်သာများကို စည်ပင်သာယာရေးဌာန၏ လေလံအောင်ထားသူ အနေဖြင့် အခကြေးငွေ ပုံမှန်ကောက်ခံနေသော်လည်း သန့်ရှင်းမှု ပုံမှန်ပြုလုပ်ခြင်း မရှိသဖြင့် အိမ်သာအနီးဝန်းကျင် ဈေးဆိုင်ခန်းများမှာ အနံ့အသက်ဆိုးများ ဒဏ်ခံနေရကြောင်း သိရသည်။
မြို့မဈေးအောက်ထပ်တွင် အမျိုးသားသုံး အိမ်သာ (၅)ခန်း၊ အမျိုးသမီးသုံး အိမ်သာ(၅)ခန်းရှိပြီး အိမ်သာ အသုံးပြုခ အနေဖြင့် တစ်ဦးလျှင် ထိုင်းဘတ်ငွေ (၃)ဘတ်ပေးရကြောင်း သိရသည်။
တာချီလိတ်မြို့မဈေးတွင် အမှိုက်သိမ်းလုပ်ငန်းကို တာဝန်ယူထားသည့် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက နေ့စဉ် အမှိုက်သိမ်းပေးနေသော်လည်း အမှိုက်ပစ်ရန် အမှိုက်ကန်၊ အမှိုက်ပုံးမရှိခြင်းနှင့် အမှိုက်ပုံတွင် အမှိုက်များအား အိတ်များဖြင့် စနစ်တကျစွန့်ပစ်မှု လုပ်ဆောင်ခြင်းမရှိသဖြင့် အနီးဝန်းကျင် ဆိုင်ခန်းများမှာ အနံ့အသက်များဖြင့် အဆင်မပြေဖြစ်နေခြင်းဖြစ်ကြောင်း သိရသည်။
အမှိုက်စွန့်ပစ်ရန် အမှိုက်ပုံး၊ အမှိုက်ကန်မရှိသေးသည့် မြို့မဈေးတွင် အမှိုက်ကန်ထားရှိပေးရေးနှင့် ဈေးအိမ်သာများ တာဝန်ယူလုပ်ကိုင်သူအနေဖြင့် အိမ်သာများ သန့်ရှင်းသန့်ရပ်စွာ ထားရှိပေးခြင်းရှိ၊ မရှိကို စစ်ဆေးသွားမည်ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးစိုင်းအောင်လင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၃၁)ရက်နေ့က ပြောကြားထားသော်လည်း အဆိုပါ အိမ်သာများမှာ ဇန်န၀ါရီလ(၂)ရက်နေ့အထိ ယခင်အတိုင်းဖြစ်နေဆဲ ဖြစ်ကြောင်း သိရှိရသည်။
Tachileik News Agency
~~~~~~~~⊰❂Unicode Version ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မဈေး (ဝမ်ကောင်းဈေး) အောက်ထပ်ရှိ အိမ်သာများကို စည်ပင်သာယာရေးဌာန၏ လေလံအောင်ထားသူ အနဖြေင့် အခကြေးငွေ ပုံမှန်ကောက်ခံနေသော်လည်း သန့်ရှင်းမှု ပုံမှန်ပြုလုပ်ခြင်း မရှိသဖြင့် အိမ်သာအနီးဝန်းကျင် ဈေးဆိုင်ခန်းများမှာ အနံ့အသက်ဆိုးများ ဒဏ်ခံနေရကြောင်း သိရသည်။
"အိမ်သာတက်ခ (၃)ဘတ်ပေးရတယ်။ သန့်ရှင်းသပ်ရပ်မှု မရှိသလို မစင်တွေလည်း ခဏခဏ ပြည့်နေတယ်။ သန့်ရှင်းရေး မလုပ်တာကိုလည်း တွေ့ရသလို ရေတွေလည်း မသန့်ဘူး။ တစ်ခါတလေဆို ရပြေတ်သွားပြီး တစ်နေကုန် ရေမလာတာလည်းရှိတယ်။ ဒီနေ့ နေ့လည်ပိုင်းတောင် ရေမလာဘူး"ဟု ဈေးအောက်ထပ်ရှိ ဈေးသည်တစ်ဦးက ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ(၂)ရက်နေ့ နေ့လယ်ပိုင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မြို့မဈေးအောက်ထပ်တွင် အမျိုးသားသုံး အိမ်သာ (၅)ခန်း၊ အမျိုးသမီးသုံး အိမ်သာ(၅)ခန်းရှိပြီး အိမ်သာ အသုံးပြုခ အနဖြေင့် တစ်ဦးလျှင် ထိုင်းဘတ်ငွေ (၃)ဘတ်ပေးရကြောင်း သိရသည်။
"အိမ်သာက အရင်တုန်းကတော့ သန့်ရှင်းမှု အနည်းငယ်ရှိသေးတယ်။ ခုနောက်ပိုင်းကတော့ သန့်ရှင်းမှု မရှိတော့သလို အိမ်သာဆေးတာလည်း မတွေ့ရဘူး။ အိမ်သာပြည့်တာမျိုးတွေလိုဖြစ်တော့ အနံ့က အိမ်သာနဲ့ မနီးတဲ့ ဆိုင်ခန်းတွေအထိပါ ရောက်တယ်။ အိမ်သာကို လုပ်ပိုင်ခွင့် ရထားသူတွေအနေနဲ့ ဒီကိစ္စကိုတော့ စေတနာထားပြီး လုပ်ပေးစေချင်ပါတယ်။ ကျွန်မတို့လည်း အိမ်သာတစ်ခါသွားရင် အလကား မသွားဘူး (၃)ဘတ်ပေးရတာပဲ"ဟု မြို့မဈေးမှ ဈေးသည်တစ်ဦးက ဆိုသည်။
တာချီလိတ်မြို့မဈေးတွင် အမှိုက်သိမ်းလုပ်ငန်းကို တာဝန်ယူထားသည့် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက နေ့စဉ် အမှိုက်သိမ်းပေးနေသော်လည်း အမှိုက်ပစ်ရန် အမှိုက်ကန်၊ အမှိုက်ပုံးမရှိခြင်းနှင့် အမှိုက်ပုံတွင် အမှိုက်များအား အိတ်များဖြင့် စနစ်တကျစွန့်ပစ်မှု လုပ်ဆောင်ခြင်းမရှိသဖြင့် အနီးဝန်းကျင် ဆိုင်ခန်းများမှာ အနံ့အသက်များဖြင့် အဆင်မပြဖြေစ်နခြေင်းဖြစ်ကြောင်း သိရသည်။
အမှိုက်စွန့်ပစ်ရန် အမှိုက်ပုံး၊ အမှိုက်ကန်မရှိသေးသည့် မြို့မဈေးတွင် အမှိုက်ကန်ထားရှိပေးရေးနှင့် ဈေးအိမ်သာများ တာဝန်ယူလုပ်ကိုင်သူအနဖြေင့် အိမ်သာများ သန့်ရှင်းသန့်ရပ်စွာ ထားရှိပေးခြင်းရှိ၊ မရှိကို စစ်ဆေးသွားမည်ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးစိုင်းအောင်လင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၃၁)ရက်နေ့က ပြောကြားထားသော်လည်း အဆိုပါ အိမ်သာများမှာ ဇန်နဝါရီလ(၂)ရက်နေ့အထိ ယခင်အတိုင်းဖြစ်နေဆဲ ဖြစ်ကြောင်း သိရှိရသည်။
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~