ျမန္မာႏိုင္ငံအေရွ႕ပိုင္း က်ဳိင္းတံု၊ တာခ်ီလိတ္မွတဆင့္ ထိုင္းႏိုင္ငံသို႔ ေက်ာ္ျဖတ္ကာ ျမန္မာႏုိင္ငံ ေတာင္ဘက္ အဖ်ား ေကာ့ေသာင္းၿမိဳ႕ အထိ ထုိင္းႏုိင္ငံဘက္မွ ျဖတ္သန္း၍ ကီလိုမီတာ (၄,၀၀၀)ေက်ာ္ စက္ဘီးစီးနင္းမည့္ Tour of 2019 Eastern to Thailand South Myanmar ခရီးစဥ္ကို ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၁၁)ရက္ေန႔၌ စတင္မည္ျဖစ္ေၾကာင္း သိရသည္။
“ကြ်န္ေတာ္က ႏွစ္စဥ္ တစ္ႏွစ္တစ္ေခါက္ေတာ့ ခရီးေဝး စီးျဖစ္ပါတယ္။ ကိုယ့္စုေဆာင္းေငြနဲ႔ ကိုယ့္အစီအစဥ္နဲ႔ ကိုယ္ပဲ လြတ္လြတ္လပ္လပ္ စီးနင္းတာပါ။ မႏွစ္ကေတာ့ ကၽြန္ေတာ္တို႔ေဒသက မူးယစ္ေဆးစြဲလူငယ္ေတြ ရန္ပံုေငြပြဲအျဖစ္ စီးနင္းခဲ့တယ္။ ဒီႏွစ္စီးနင္းတာကေတာ့ မႏွစ္က ရန္ပံုေငြ ခရီးစဥ္စီးနင္းခဲ့တုန္းက ပံ့ပိုးကူညီခဲ့ၾကတဲ့ ကၽြန္ေတာ့္သူငယ္ခ်င္း ကိုေဂ်ာ္နီရဲ႕ Jonny လွ်ပ္စစ္ပစၥည္းဆုိင္၊ J My King Hotel၊ hotel putao၊ နန္းသီတာဟိုတယ္ နဲ႔ မန္းရတနာပံုေလေၾကာင္းလုိင္း၊ မီဒီယာဘက္က ပံ့ပိုးေပးတဲ့ Tachileik News Agency ၊ ခရီးစဥ္ တစ္ေလွ်ာက္လံုးမွာ ကူညီေပးၾကတဲ့ ဌာနဆုိင္ရာေတြ၊ ေဒသခံေတြ၊ ျပည္တြင္းျပည္ပက အလွဴေငြ ထည့္ဝင္ေပးၾကသူေတြ သူတုိ႔အားလံုးကို ျပန္ၿပီး ဂုဏ္ျပဳစီးနင္းခ်င္တာရယ္၊ ကြ်န္ေတာ္တို႔ အာခါတစ္မ်ိဳးသားလံုးအတြက္ဂုဏ္ျပဳစီးႏွင္တာရယ္ေပါ့။ ေနာက္ၿပီး ကၽြန္ေတာ့္ကေလးရဲ႕ ဇန္နဝါရီလအတြင္း က်ေရာက္တ့ဲ ေမြးေန႔ အထိမ္းအမွတ္ရယ္၊ မႏွစ္က ကၽြန္ေတာ္စက္ဘီးစီးေတာ့ ထုိင္းမွာေနတဲ့ သူငယ္ခ်င္းက သူ႔သမီးေမြးေန႔ အမွတ္တရအျဖစ္ surprise လုပ္ၿပီး အလွဴေငြ ထည့္ဝင္ေပးခဲ့တာေတြကို ျပန္ၿပီး ကၽြန္ေတာ့္အေနနဲ႔ ဂုဏ္ျပဳတဲ့ အေနနဲ႔ စီးနင္းတာပါ”ဟု စက္ဘီးစီးနင္းမည့္ အဖြဲ႕တြင္ ပါဝင္သည့္ ကိုေနဇာ(Only Biker)က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
အဆိုပါ Tour of 2019 Eastern to Thailand South Myanmar တြင္ က်ဳိင္းတုံရိွ MTB မွ ကိုလွျမင့္မိုး(ခ)ကိုတူး၊ ဦးစိုင္းရီဆိုင္ (ခ)ပီနန္၊ ကိုေလာလူ၊ ကိုအိုက္တီးအြန္၊ တာခ်ီလိတ္မွ ကိုေနဇာ(Only Biker)၊ တာေလမွ ကိုစိုင္းခမ္းရွဲန္တို႔ ပါ၀င္စီးနင္ၾကမည္ျဖစ္သည္။
ကိုလွျမင့္မိုး(ခ)ကိုတူး၊ ဦးစိုင္းရီဆိုင္ (ခ)ပီနန္ က ကရင္ျပည္နယ္ ေကာ့ကရိတ္အထိ လည္းေကာင္း၊ က်န္ (၄)ဦးသည္ ေကာ့ေသာင္းအထိ လည္းေကာင္း၊ (၄)ဦးထဲမွ တာခ်ီလိတ္ေန ကိုေနဇာ(Only Biker)၊ တာေလမွ ကိုစိုင္းခမ္းရွဲန္တို႔မွာ ေကာ့ေသာင္းမွ ထိုင္းႏိုင္ငံအတြင္း ျပန္လည္၀င္ေရာက္ကာ ရေနာင္း - ခြ်န္းေဖာ၊ ေဟြဟင္၊ လမ္းပန္း၊ ခ်င္းရိုင္း၊ မယ္ဆိုင္ မွ တဆင့္ တာခ်ီလိတ္သို႔ ျပန္လာမည္ျဖစ္ေၾကာင္း သိရသည္။
Tachileik News Agency
“ကျွန်တော်က နှစ်စဉ် တစ်နှစ်တစ်ခေါက်တော့ ခရီးဝေး စီးဖြစ်ပါတယ်။ ကိုယ့်စုဆောင်းငွေနဲ့ ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပဲ လွတ်လွတ်လပ်လပ် စီးနင်းတာပါ။ မနှစ်ကတော့ ကျွန်တော်တို့ဒေသက မူးယစ်ဆေးစွဲလူငယ်တွေ ရန်ပုံငွေပွဲအဖြစ် စီးနင်းခဲ့တယ်။ ဒီနှစ်စီးနင်းတာကတော့ မနှစ်က ရန်ပုံငွေ ခရီးစဉ်စီးနင်းခဲ့တုန်းက ပံ့ပိုးကူညီခဲ့ကြတဲ့ ကျွန်တော့်သူငယ်ချင်း ကိုဂျော်နီရဲ့ Jonny လျှပ်စစ်ပစ္စည်းဆိုင်၊ J My King Hotel၊ hotel putao၊ နန်းသီတာဟိုတယ် နဲ့ မန်းရတနာပုံလေကြောင်းလိုင်း၊ မီဒီယာဘက်က ပံ့ပိုးပေးတဲ့ Tachileik News Agency၊ ခရီးစဉ် တစ်လျှောက်လုံးမှာ ကူညီပေးကြတဲ့ ဌာနဆိုင်ရာတွေ၊ ဒေသခံတွေ၊ ပြည်တွင်းပြည်ပက အလှူငွေ ထည့်ဝင်ပေးကြသူတွေ သူတို့အားလုံးကို ပြန်ပြီး ဂုဏ်ပြုစီးနင်းချင်တာရယ်၊ ကျွန်တော်တို့ အာခါတစ်မျိုးသားလုံးအတွက်ဂုဏ်ပြုစီးနှင်တာရယ်ပေါ့။ နောက်ပြီး ကျွန်တော့်ကလေးရဲ့ ဇန်နဝါရီလအတွင်း ကျရောက်တဲ့ မွေးနေ့ အထိမ်းအမှတ်ရယ်၊ မနှစ်က ကျွန်တော်စက်ဘီးစီးတော့ ထိုင်းမှာနေတဲ့ သူငယ်ချင်းက သူ့သမီးမွေးနေ့ အမှတ်တရအဖြစ် surprise လုပ်ပြီး အလှူငွေ ထည့်ဝင်ပေးခဲ့တာတွေကို ပြန်ပြီး ကျွန်တော့်အနေနဲ့ ဂုဏ်ပြုတဲ့ အနေနဲ့ စီးနင်းတာပါ”ဟု စက်ဘီးစီးနင်းမည့် အဖွဲ့တွင် ပါဝင်သည့် ကိုနေဇာ(Only Biker)က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ Tour of 2019 Eastern to Thailand South Myanmar တွင် ကျိုင်းတုံရှိ MTB မှ ကိုလှမြင့်မိုး(ခ)ကိုတူး၊ ဦးစိုင်းရီဆိုင် (ခ)ပီနန်၊ ကိုလောလူ၊ ကိုအိုက်တီးအွန်၊ တာချီလိတ်မှ ကိုနေဇာ(Only Biker)၊ တာလေမှ ကိုစိုင်းခမ်းရှဲန်တို့ ပါဝင်စီးနင်ကြမည်ဖြစ်သည်။
ကိုလှမြင့်မိုး(ခ)ကိုတူး၊ ဦးစိုင်းရီဆိုင် (ခ)ပီနန် က ကရင်ပြည်နယ် ကော့ကရိတ်အထိ လည်းကောင်း၊ ကျန် (၄)ဦးသည် ကော့သောင်းအထိ လည်းကောင်း၊ (၄)ဦးထဲမှ တာချီလိတ်နေ ကိုနေဇာ(Only Biker)၊ တာလေမှ ကိုစိုင်းခမ်းရှဲန်တို့မှာ ကော့သောင်းမှ ထိုင်းနိုင်ငံအတွင်း ပြန်လည်ဝင်ရောက်ကာ ရနောင်း - ချွန်းဖော၊ ဟွေဟင်၊ လမ်းပန်း၊ ချင်းရိုင်း၊ မယ်ဆိုင် မှ တဆင့် တာချီလိတ်သို့ ပြန်လာမည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency