ကျိုင်းတုံမြို့တွင် ယာဉ်မတော်တဆတိုက်မှုအန္တရာယ်လျော့ပါးရေးအတွက် ကျောင်းသားကျောင်းသူများ နှင့် ကျောင်းသား မိဘများအား ယာဉ်/လမ်း စည်းကမ်းအသိပညာအပေး အဖြစ် အမှတ်(၁၁၈) ယာဉ်ထိန်း ရဲတပ်ဖွဲ့စု(ကျိုင်းတုံ)မှ ဇန်န၀ါရီလ(၁၅)ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ကြောင်း သိရသည်။
ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသားမိဘများအနေဖြင့် ဆိုင်ကယ်စီးလျှင် ဆိုင်ကယ်စီး ဦးထုပ်ဆောင်းစေရန်၊ ဆိုင်ကယ်နောက်ကြည့်မှန်တပ်ဆင်ရေး နှင့် ယာဉ်/လမ်း စည်းကမ်း သိရှိနိုင်ရန် အတွက် အမှတ်(၁၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကျိုင်းတုံ)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးကျော်ဇောအောင် နှင့် တပ်ဖွဲ့ဝင်များက ၂၀၁၉ခုနှစ် ဇန်န၀ါရီလ(၁၄)ရက်နေ့က အခြေခံပညာအထက်တန်းကျောင်း(၅)ရှေ့တွင် လည်းကောင်း၊ ဇန်န၀ါရီလ(၁၅)ရက်နေ့ နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း(၄)ရှေ့တွင် လည်းကောင်း အသိပညာပေးမှုများ အဖြစ် ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
ဓါတ်ပုံ - Kyawzawl Aung
ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသားမိဘများအနဖြေင့် ဆိုင်ကယ်စီးလျှင် ဆိုင်ကယ်စီး ဦးထုပ်ဆောင်းစေရန်၊ ဆိုင်ကယ်နောက်ကြည့်မှန်တပ်ဆင်ရေး နှင့် ယာဉ်/လမ်း စည်းကမ်း သိရှိနိုင်ရန် အတွက် အမှတ်(၁၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကျိုင်းတုံ)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးကျော်ဇောအောင် နှင့် တပ်ဖွဲ့ဝင်များက ၂၀၁၉ခုနှစ် ဇန်နဝါရီလ(၁၄)ရက်နေ့က အခြေခံပညာအထက်တန်းကျောင်း(၅)ရှေ့တွင် လည်းကောင်း၊ ဇန်နဝါရီလ(၁၅)ရက်နေ့ နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း(၄)ရှေ့တွင် လည်းကောင်း အသိပညာပေးမှုများ အဖြစ် ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ပေါ်တွင် ယာဉ်မတော်တဆမှုကြောင့် လစဉ် လူ(၃)ဦးခန့် သေဆုံးပြီး (၄)ဦးအထိ ဒဏ်ရာရမှုများရှိကြောင်း သိရှိရသည်။
Tachileik News Agency
ဓာတ်ပုံ - Kyawzawl Aung