တာခ်ီလိတ္ၿမိဳ႕တြင္း လမ္းမီးလင္းေရးအတြက္ စည္ပင္ႏွင့္မီးလင္းေရး ပူးေပါင္းကာ စစ္ေဆးမႈမ်ား ျပဳလုပ္

တာခ်ီလိတ္ၿမိဳ႕တြင္း လမ္းမီးလင္းေရးအတြက္ စည္ပင္ႏွင့္မီးလင္းေရး ပူးေပါင္းကာ စစ္ေဆးမႈမ်ား ျပဳလုပ္
ဇန်နဝါရီ 18, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕အတြင္း လမ္းမီးလင္းေရးအတြက္ ဇန္န၀ါရီလ (၁၆)ရက္ေန႔ ညပိုင္းက စတင္ကာ အပိုင္းလိုက္ခြဲကာစစ္ေဆး ေဆာင္ရြက္ေနၿပီး မီးလံုးမ်ား လဲလွယ္ တပ္ဆင္ေနေၾကာင္း သိရသည္။

၂၀၁၉ခုႏွစ္ ဇန္န၀ါရီ (၁၆)ရက္ႏွင့္ (၁၇)ရက္ေန႔တြင္ တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနႏွင့္ မီးလင္းေရး အပိုင္း(၁) အပါအ၀င္ မီးလင္းေရးအပိုင္း (၂)တို႔ ပူးေပါင္းအဖြဲ႕မွ ဗိုလ္ခ်ဳပ္ေအာင္ဆန္း လမ္းမႀကီး တစ္ေလွ်ာက္ ႏွင့္ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရးအမွတ္(၁)တံတား (၁)မွ  အမွတ္(၂)တံတားအထိ ညပိုင္းတြင္ ကြင္းဆင္းစစ္ေဆးခဲ့ၿပီး ကြ်မ္းေနသည့္ မီးေခ်ာင္းမ်ားအား လဲလွယ္တပ္ဆင္ရန္ စီစဥ္ထားေၾကာင္း သိရသည္။

“မီးလင္းေရး အပိုင္း (၁)ဘက္က မီးေခ်ာင္းႏွစ္ခု ကြ်မ္းလို႔လဲထားတယ္။ အပိုင္း (၂)ဘက္က အမွတ္(၂)တံတား အဆင္းပိုင္းေပါ့။ အဲဒီဘက္က မ်ားမယ္ ထင္တယ္။ စာရင္းေတာ့ ကၽြန္ေတာ္ဆီမတက္ေသးဘူး”ဟု တာခ်ီလိတ္စည္ပင္သာယာေရးဌာန၏ အမႈေဆာင္အရာရိွ ဦးစိုင္းေအာင္လင္းက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ဇန္န၀ါရီ(၁၈)ရက္ေန႔တြင္ ေျပာသည္။

၂၀၁၉ ခုႏွစ္ ဇန္န၀ါရီလအတြင္း အဓိက လမ္းမႀကီးမ်ား မီးလင္းေရးကို အၿပီးေဆာင္ရြက္သြားမည္ျဖစ္ၿပီး လူသြားလာမႈမ်ားသည့္ လမ္းမမ်ားကို ဒုတိယအဆင့္အေနျဖင့္ စီမံေဆာင္ရြက္မည္ျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ လမ္းမီးမ်ား တပ္ဆင္လိုျခင္း သို႔မဟုတ္ လမ္းမီးတိုင္မ်ား မီးမလင္းျခင္းမ်ား ျဖစ္ေနပါက စည္ပင္သာယာေရးဌာနကို အေၾကာင္းၾကားရန္ လိုအပ္ၿပီး တာခ်ီလိတ္ၿမိဳ႕နယ္မီးလင္းေရး ေကာ္မတီကိုလည္း ပူးတြဲေပးပို႔ပါက လုပ္ငန္း လုပ္ကိုင္ရန္ ပိုမိုျမန္ဆန္မည္ ျဖစ္ေၾကာင္း သိရသည္။

“လမ္းမီးတိုင္ပ်က္တယ္ ဘာတယ္ဆိုရင္ေပါ့ အစည္းအေဝးမွာျဖစ္ျဖစ္ စာပဲျဖစ္ျဖစ္ စည္ပင္လည္းပို႔။ ကၽြန္ေတာ္တို႔လည္း ပို႔လိုက္ေပါ့။ စည္ပင္ေပးၿပီး ကၽြန္ေတာ္တို႔ မသိဘူးဆိုရင္လည္း ကၽြန္ေတာ္တို႔ဘက္က အလုပ္ လုပ္ဖို႔အတြက္ မသိဘူးျဖစ္မွာစိုးလို႔”ဟု တာခ်ီလိတ္ၿမိဳ႕ မီးလင္းေရးေကာ္မတီ တြဲဖက္အတြင္းေရးမွဴး ဦးေက်ာ္စြာလြင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာၾကားထားသည္။

လမ္းမီးမ်ား အတြက္ မီတာ အသံုးျပဳခကို တစ္ယူနစ္လွ်င္ က်ပ္(၁၀၀)ႏႈန္းျဖင့္သာ မီးလင္းေရးေကာ္မတီကို စည္ပင္သာယာေရးဌာန မွေပးေဆာင္ရေသာ္လည္း တစ္လလွ်င္မီတာခ က်ပ္(၈)သိန္းေက်ာ္အထိ ကုန္က်ေၾကာင္းႏွင့္ တာခ်ီလိတ္ၿမိဳ႕တြင္း လမ္းမီးလင္းေရးအတြက္ သီးျခားဘတ္ဂ်က္ မရိွေၾကာင္း သိရသည္။

ပံုအညြန္း ။  ။ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရး အမွတ္(၁)တံတားတြင္ LED 160W မီးဆိုင္းအသစ္လဲလွယ္ေနစဥ္

သတင္း -  ဟန္စိုးထိုက္

ဓါတ္ပံု - ၿမိဳ႕မီးလင္းေရး


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့အတွင်း လမ်းမီးလင်းရေးအတွက် ဇန်နဝါရီလ (၁၆)ရက်နေ့ ညပိုင်းက စတင်ကာ အပိုင်းလိုက်ခွဲကာစစ်ဆေး ဆောင်ရွက်နပြေီး မီးလုံးများ လဲလှယ် တပ်ဆင်နေကြောင်း သိရသည်။

၂၀၁၉ခုနှစ် ဇန်နဝါရီ (၁၆)ရက်နှင့် (၁၇)ရက်နေ့တွင် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနနှင့် မီးလင်းရေး အပိုင်း(၁) အပါအဝင် မီးလင်းရေးအပိုင်း (၂)တို့ ပူးပေါင်းအဖွဲ့မှ ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီး တစ်လျှောက် နှင့် မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတား (၁)မှ အမှတ်(၂)တံတားအထိ ညပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကျွမ်းနေသည့် မီးချောင်းများအား လဲလှယ်တပ်ဆင်ရန် စီစဉ်ထားကြောင်း သိရသည်။

“မီးလင်းရေး အပိုင်း (၁)ဘက်က မီးချောင်းနှစ်ခု ကျွမ်းလို့လဲထားတယ်။ အပိုင်း (၂)ဘက်က အမှတ်(၂)တံတား အဆင်းပိုင်းပေါ့။ အဲဒီဘက်က များမယ် ထင်တယ်။ စာရင်းတော့ ကျွန်တော်ဆီမတက်သေးဘူး”ဟု တာချီလိတ်စည်ပင်သာယာရေးဌာန၏ အမှုဆောင်အရာရှိ ဦးစိုင်းအောင်လင်းက တာချီလိတ်သတင်း အေဂျင်စီသို့ ဇန်နဝါရီ(၁၈)ရက်နေ့တွင် ပြောသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်း အဓိက လမ်းမကြီးများ မီးလင်းရေးကို အပြီးဆောင်ရွက်သွားမည်ဖြစ်ပြီး လူသွားလာမှုများသည့် လမ်းမများကို ဒုတိယအဆင့်အနဖြေင့် စီမံဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် လမ်းမီးများ တပ်ဆင်လိုခြင်း သို့မဟုတ် လမ်းမီးတိုင်များ မီးမလင်းခြင်းများ ဖြစ်နေပါက စည်ပင်သာယာရေးဌာနကို အကြောင်းကြားရန် လိုအပ်ပြီး တာချီလိတ်မြို့နယ်မီးလင်းရေး ကော်မတီကိုလည်း ပူးတွဲပေးပို့ပါက လုပ်ငန်း လုပ်ကိုင်ရန် ပိုမိုမြန်ဆန်မည် ဖြစ်ကြောင်း သိရသည်။

“လမ်းမီးတိုင်ပျက်တယ် ဘာတယ်ဆိုရင်ပေါ့ အစည်းအဝေးမှာဖြစ်ဖြစ် စာပဲဖြစ်ဖြစ် စည်ပင်လည်းပို့။ ကျွန်တော်တို့လည်း ပို့လိုက်ပေါ့။ စည်ပင်ပေးပြီး ကျွန်တော်တို့ မသိဘူးဆိုရင်လည်း ကျွန်တော်တို့ဘက်က အလုပ် လုပ်ဖို့အတွက် မသိဘူးဖြစ်မှာစိုးလို့”ဟု တာချီလိတ်မြို့ မီးလင်းရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးကျော်စွာလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောကြားထားသည်။

လမ်းမီးများ အတွက် မီတာ အသုံးပြုခကို တစ်ယူနစ်လျှင် ကျပ်(၁၀၀)နှုန်းဖြင့်သာ မီးလင်းရေးကော်မတီကို စည်ပင်သာယာရေးဌာန မှပေးဆောင်ရသော်လည်း တစ်လလျှင်မီတာခ ကျပ်(၈)သိန်းကျော်အထိ ကုန်ကျကြောင်းနှင့် တာချီလိတ်မြို့တွင်း လမ်းမီးလင်းရေးအတွက် သီးခြားဘတ်ဂျက် မရှိကြောင်း သိရသည်။

ပုံအညွန်း။ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားတွင် LED 160W မီးဆိုင်းအသစ်လဲလှယ်နေစဉ်

သတင်း - ဟန်စိုးထိုက်

ဓာတ်ပုံ - မြို့မီးလင်းရေး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~