ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕တြင္း ျဖန္႔ျဖဴးေပးေနသည့္ လွ်ပ္စစ္ဓာတ္အားႏွင့္ ပတ္သက္၍ ေပ်ာက္ဆံုးယူနစ္မ်ား ေလွ်ာ့ခ်ႏိုင္ရန္ အတြက္ လွ်ပ္စစ္မီးႀကိဳးမ်ား လဲလွယ္တပ္ဆင္မည္ျဖစ္ရာ လုပ္ငန္းေဆာင္ရြက္စဥ္အတြင္း လွ်ပ္စစ္မီးအႏၱရာယ္ကင္းရန္အတြက္ ၂၀၁၉ခုႏွစ္ ဇန္န၀ါရီ (၂၈)ရက္ေန႔မွ စတင္ကာ ေန႔ပိုင္းမ်ားတြင္ လွ်ပ္စစ္မီး (၄)ရက္ ျပတ္ေတာက္မည္ ျဖစ္ေၾကာင္း ၿမိဳ႕မီးလင္းေရးေကာ္မတီမွ သိရသည္။
“(၃၁)ရက္ေန႔ ႀကိဳးသြယ္အၿပီး။ ၂၆၊ ၂၇ မွာ ႀကိဳးေတြေရာက္မယ္ ဒီဘက္ကမ္းကို အကုန္လံုးေရာက္မယ္။ ဘာလို႔လဲ ဆိုေတာ့ ကြ်န္ေတာ္တို႔က ေဖေဖာ္၀ါရီလ(၁)ရက္ေန႔ကေနစၿပီး မီတာခေတြ ေလွ်ာ့မယ္ဆိုေတာ့။ (၁)ရက္ေန႔ကေန စၿပီး ဟိုဘက္က Votage ဘယ္ေလာက္ထိ ၀င္လာသလဲ။ (၃)လ ဖတ္မယ္ေလ။ ကြ်န္ေတာ္တို႔ ႀကိဳးသစ္လဲလိုက္တဲ့ အခါမွာ တစ္လ တစ္လ အေရးႀကီးတဲ့ ေပ်ာက္ဆံုးယူနစ္ေတြ ဘယ္ေလာက္ထပ္ၿပီး ေလွ်ာ့က်သြားသလဲေပါ့။ အဲဒါကို သိခ်င္တဲ့အတြက္ ဇန္န၀ါရီလ (၃၁)ရက္ေန႔ အၿပီးေပါ့။ မီးျဖတ္မွာကေတာ့ မနက္ (၉)နာရီကေန ညေန (၃)နာရီအထိေပါ့။ နီးရင္ေတာ့ ထပ္ေျပာပါမယ္”ဟု တာခ်ီလိတ္ၿမိဳ႕မီးလင္းေရးေကာ္မတီမွ တြဲဖက္အတြင္းေရးမွဴး ဦးေက်ာ္စြာလြင္က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ဇန္န၀ါရီ (၂၃)ရက္ ည (၈)နာရီတြင္ ေျပာသည္။
လက္ရိွတြင္ ေပ်ာက္ဆံုးယူနစ္မ်ားမွာ ရာခိုင္ႏႈန္းအားျဖင့္ စုစုေပါင္း (၁၉)ရာခိုင္ႏႈန္းအထိ ရိွေနသျဖင့္ ေလွ်ာ့ခ်ႏိုင္ေရး အတြက္ နည္းလမ္း (၃)မ်ိဳးျဖင့္ (၆)လစီမံခ်က္ခ်မွတ္ ေဆာင္ရြက္ေနၿပီး မီးႀကိဳး လဲလွယ္ျခင္းႏွင့္ မီးတာေဘာက္မ်ား လဲလွယ္တပ္ဆင္ျခင္းကို ေဆာင္ရြက္ေနေၾကာင္း သိရသည္။
ၿမိဳ႕မီးလင္းေရးေကာ္မတီမွ တာခ်ီလိတ္တြင္ လွ်ပ္စစ္မီးသံုးစြဲေနသူ ျပည္သူမ်ားအား ေဖေဖာ္၀ါရီလတြင္ သံုးစြဲခဲ့သည့္ လွ်ပ္စစ္ဓာတ္အားခမ်ားကို ေလွ်ာ့ခ်ေပးမည္ ျဖစ္သျဖင့္ ဇန္န၀ါရီလ အတြင္း သံုးစြဲထားသည့္ လွ်ပ္စစ္ဓာတ္အားခမ်ားမွာ ယခင္ႏႈန္းထားမ်ား အတိုင္း ေပးေဆာင္ရမည္ ျဖစ္ၿပီး မတ္လတြင္ ေကာက္ခံမည့္ ( ေဖေဖာ္၀ါရီလအတြင္း အသံုးျပဳခဲ့သည့္ ) သံုးစြဲယူနစ္ခမ်ားမွာ အိမ္သံုး မီတာတြင္ တစ္ယူနစ္ (၆)ဘတ္ မွ (၅)ဘတ္ ျပား(၅၀)သို႔ လည္းေကာင္း၊ ပါ၀ါမီတာမ်ားအတြက္ တစ္ယူနစ္ (၇)ဘတ္(၂၅)ျပားမွ (၆)ဘတ္ (၇၅) ျပားသို႔ လည္းေကာင္း အသီးသီး ေလွ်ာ့ခ် သြားမည္ျဖစ္သည္။
Tachileik News Agency
“(၃၁)ရက်နေ့ ကြိုးသွယ်အပြီး။ ၂၆၊ ၂၇ မှာ ကြိုးတွေရောက်မယ် ဒီဘက်ကမ်းကို အကုန်လုံးရောက်မယ်။ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့က ဖေဖော်ဝါရီလ(၁)ရက်နေ့ကနေစပြီး မီတာခတွေ လျှော့မယ်ဆိုတော့။ (၁)ရက်နေ့ကနေ စပြီး ဟိုဘက်က Votage ဘယ်လောက်ထိ ဝင်လာသလဲ။ (၃)လ ဖတ်မယ်လေ။ ကျွန်တော်တို့ ကြိုးသစ်လဲလိုက်တဲ့ အခါမှာ တစ်လ တစ်လ အရေးကြီးတဲ့ ပျောက်ဆုံးယူနစ်တွေ ဘယ်လောက်ထပ်ပြီး လျှော့ကျသွားသလဲပေါ့။ အဲဒါကို သိချင်တဲ့အတွက် ဇန်နဝါရီလ (၃၁)ရက်နေ့ အပြီးပေါ့။ မီးဖြတ်မှာကတော့ မနက် (၉)နာရီကနေ ညနေ (၃)နာရီအထိပေါ့။ နီးရင်တော့ ထပ်ပြောပါမယ်”ဟု တာချီလိတ်မြို့မီးလင်းရေးကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးကျော်စွာလွင်က တာချီလိတ်သတင်း အေဂျင်စီသို့ ဇန်နဝါရီ (၂၃)ရက် ည (၈)နာရီတွင် ပြောသည်။
လက်ရှိတွင် ပျောက်ဆုံးယူနစ်များမှာ ရာခိုင်နှုန်းအားဖြင့် စုစုပေါင်း (၁၉)ရာခိုင်နှုန်းအထိ ရှိနေသဖြင့် လျှော့ချနိုင်ရေး အတွက် နည်းလမ်း (၃)မျိုးဖြင့် (၆)လစီမံချက်ချမှတ် ဆောင်ရွက်နပြေီး မီးကြိုး လဲလှယ်ခြင်းနှင့် မီးတာဘောက်များ လဲလှယ်တပ်ဆင်ခြင်းကို ဆောင်ရွက်နေကြောင်း သိရသည်။
မြို့မီးလင်းရေးကော်မတီမှ တာချီလိတ်တွင် လျှပ်စစ်မီးသုံးစွဲနေသူ ပြည်သူများအား ဖေဖော်ဝါရီလတွင် သုံးစွဲခဲ့သည့် လျှပ်စစ်ဓာတ်အားခများကို လျှော့ချပေးမည် ဖြစ်သဖြင့် ဇန်နဝါရီလ အတွင်း သုံးစွဲထားသည့် လျှပ်စစ်ဓာတ်အားခများမှာ ယခင်နှုန်းထားများ အတိုင်း ပေးဆောင်ရမည် ဖြစ်ပြီး မတ်လတွင် ကောက်ခံမည့် ( ဖေဖော်ဝါရီလအတွင်း အသုံးပြုခဲ့သည့် ) သုံးစွဲယူနစ်ခများမှာ အိမ်သုံး မီတာတွင် တစ်ယူနစ် (၆)ဘတ် မှ (၅)ဘတ် ပြား(၅၀)သို့ လည်းကောင်း၊ ပါဝါမီတာများအတွက် တစ်ယူနစ် (၇)ဘတ်(၂၅)ပြားမှ (၆)ဘတ် (၇၅) ပြားသို့ လည်းကောင်း အသီးသီး လျှော့ချ သွားမည်ဖြစ်သည်။
Tachileik News Agency