ကနေဒါနှင့်နယ်စပ် အမေရိကန်ပြည်ထောင်စု၊ နယူးယော့ပြည်နယ်ရှိ နိုင်ယာဂရာရေတံခွန်တွင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလနောက်ဆုံးပတ် အတွင်း ရေများခဲနေရာ ခရီးသွားအများအပြားလာရောက်ပြီး ရေတံခွန်၏ ရေခဲနေသည့် မြင်ကွင်းကို ဓါတ်ပုံရိုက်ကူးနေကြကြောင်း သိရသည်။
Ref: CGTN
ရေတံခွန်တစ်ဝိုက်ဒေသတွင် ဇန်နဝါရီလလယ်နှင့် နောက်ဆုံးပတ်များတွင် ၃၂ ဒီဂရီဖာရင်ဟိုက်နှင့် အနိမ့်ဆုံး ၁၅ ဒီဂရီဖာရင်ဟိုက်အထိရှိခဲ့ကာ ဇန်နဝါရီလ (၂၁)ရက်နေ့က အမြင့်ဆုံး ၈ ဒီဂရီဖာရင်ဟိုက်မှ အနုတ်ဒီဂရီအထိ အပူချိန် သုံးရက်ဆက်တိုက် ကျဆင်းခဲ့ပြီးနောက် ရေတံခွန်၏ အစိတ်အပိုင်းအချို့မှာ ခဲသွားခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ ရေတံခွန် ရေခဲသွားသည့်ဖြစ်စဉ်မှာ ဖြစ်တောင့်ဖြစ်ခဲဖြစ်ပြီး ၁၈၄၈ ခုနှစ်က နိုင်ယာဂရာရေတံခွန် တစ်ခုလုံး ရေခဲသွားခဲ့ဖူးကြောင်း သိရသည်။
ဘာသာပြန် - ဆာခူရာ ( Tachileik News Agency )
Ref: CGTN
Photo: ingegroot , REUTERS