အသက္(၃၄)ႏွစ္အရြယ္ နန္းျမင့္သိန္းေအးမွာ မူးယစ္ေဆးဝါးေရာင္းဝယ္ေရးလုပ္ငန္းမွ ေငြေၾကးခဝါခ်မႈအပါအဝင္ စြဲခ်က္မ်ားတြင္ ျပစ္မႈက်ဴးလြန္ေၾကာင္းထင္ရွားသျဖင့္ ေသဒဏ္ခ်မွတ္လုိက္ျခင္းျဖစ္သည္ဟု ေဖၚျပထားသည္။
ထုိင္းမူးယစ္တပ္ဖြဲ႕အေနျဖင့္ နန္းျမင့္သိန္းေအးအား ၂၀၁၇ ခုႏွစ္၊ ေမလ (၅)ရက္ေန႔ကတည္းက ဖမ္းဝရမ္းထုတ္ထားျခင္းျဖစ္သည္ဟု ႏိုဝင္ဘာလတြင္ ဘန္ေကာက္ၿမိဳ႕ လမ္းမေပၚ၌ နန္းျမင့္သိန္းေအးစီးနင္းလာသည့္ကားကို တားဆီး၍ ဖမ္းဆီးမိၿပီးေနာက္ ထုိင္းမူးယစ္တပ္ဖြဲ႕အရာရိွက ေျပာၾကားခဲ့သည္။
ဖမ္းဆီးခံရစဥ္အခ်ိန္က နန္းျမင့္သိန္းေအးသည္ ဘန္ေကာက္သို႔ ေဆးကုရန္လာေရာက္ျခင္းသာျဖစ္ၿပီး ထုိင္း - ျမန္မာ ေငြလဲလုပ္ငန္းကိုသာ လုပ္ကိုင္သူျဖစ္ေၾကာင္းႏွင့္ စြဲခ်က္တင္ထားသည့္ကိစၥရပ္မ်ားႏွင့္ပတ္သက္၍ သိရိွျခင္းမရိွေၾကာင္း ေခ်ပခဲ့ေသာ္လည္း ထိုင္းမူးယစ္တပ္ဖြဲ႕က ခ်င္းရိုင္းခရိုင္၊ မယ္ဆိုင္ၿမိဳ႕တြင္ မူးယစ္ေဆးဝါးေရာင္းဝယ္သူတစ္ေယာက္အား ေသနတ္ျဖင့္ဖမ္းဆီးရမိမႈမွ ဆက္စပ္ေဖၚထုတ္ခ်က္အရ ၎သည္ ဘတ္ (၁၃)သန္းခြဲအား မယ္ဆုိင္တြင္ အမ်ိဳးသမီးတစ္ဦး၏ ဘဏ္စာရင္းတြင္ ထည့္ေပးရျခင္း၊ မူးယစ္ေဆးဝါးေရာင္းဝယ္မႈမွ ေငြေၾကးမ်ားကို ျမန္မာႏွင့္ ထုိင္းႏွစ္ႏုိင္ငံတြင္ ေရႊဆုိင္၊ ရတနာဆုိင္မ်ားႏွင့္ ဟိုတယ္လုပ္ငန္းမ်ား၌ ရင္းႏွီးျမဳပ္ႏွံျခင္းျဖင့္ ေငြေၾကးခဝါခ်မႈလုပ္ကိုင္ေနျခင္းျဖစ္ေၾကာင္း စစ္ေဆးေဖၚထုတ္ရရိွကတည္းက နန္းျမင့္သိန္းေအးအား အလုိရိွစာရင္းတြင္ ထည့္သြင္းထားခဲ့ျခင္းျဖစ္သည္ဟု သိရသည္။
ယင္းေနာက္ ၂၀၁၇ ခုႏွစ္၊ ဒီဇင္ဘာလအတြင္း အျခားဆက္စပ္သူတစ္ဦးကိုလည္း ရဲတပ္ဖြဲ႕က ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
နန္းျမင့္သိန္းေအးသည္ မူးယစ္ရာဇာမ်ား၊ မူးယစ္ေဆးေရာင္းဝယ္မႈမွ ေငြေၾကးမ်ားအား ဘဏ္စာရင္းမွ လက္ခံယူကာ ခဝါခ်ေပးေနသူ (၄)ဦးတြင္ အပါအဝင္ျဖစ္သည္ဟု ရဲတပ္ဖြဲ႕ကေျပာၾကားထားသည္။
Ref: The Nation၊ CTN News
*************
မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့်ဆက်နွှယ်သည့် ငွေကြေးခဝါချမှုဖြင့် ထိုင်းနိုင်ငံတွင် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလကတည်းက ဖမ်းဆီးခံထားရသည့် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့မှ နန်းမြင့်သိန်းအေးအား ထိုင်းတရားရုံးက သေဒဏ်ချမှတ်လိုက်ကြောင်း ထိုင်းနိုင်ငံသတင်းဌာနများတွင် ဇန်နဝါရီလ (၂၅)ရက်နေ့က ဖေါ်ပြထားသည်။
အသက်(၃၄)နှစ်အရွယ် နန်းမြင့်သိန်းအေးမှာ မူးယစ်ဆေးဝါးရောင်းဝယ်ရေးလုပ်ငန်းမှ ငွေကြေးခဝါချမှုအပါအဝင် စွဲချက်များတွင် ပြစ်မှုကျူးလွန်ကြောင်းထင်ရှားသဖြင့် သေဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်ဟု ဖေါ်ပြထားသည်။
ထိုင်းမူးယစ်တပ်ဖွဲ့အနေဖြင့် နန်းမြင့်သိန်းအေးအား ၂၀၁၇ ခုနှစ်၊ မေလ (၅)ရက်နေ့ကတည်းက ဖမ်းဝရမ်းထုတ်ထားခြင်းဖြစ်သည်ဟု နိုဝင်ဘာလတွင် ဘန်ကောက်မြို့ လမ်းမပေါ်၌ နန်းမြင့်သိန်းအေးစီးနင်းလာသည့်ကားကို တားဆီး၍ ဖမ်းဆီးမိပြီးနောက် ထိုင်းမူးယစ်တပ်ဖွဲ့အရာရှိက ပြောကြားခဲ့သည်။
ဖမ်းဆီးခံရစဉ်အချိန်က နန်းမြင့်သိန်းအေးသည် ဘန်ကောက်သို့ ဆေးကုရန်လာရောက်ခြင်းသာဖြစ်ပြီး ထိုင်း - မြန်မာ ငွေလဲလုပ်ငန်းကိုသာ လုပ်ကိုင်သူဖြစ်ကြောင်းနှင့် စွဲချက်တင်ထားသည့်ကိစ္စရပ်များနှင့်ပတ်သက်၍ သိရှိခြင်းမရှိကြောင်း ချေပခဲ့သော်လည်း ထိုင်းမူးယစ်တပ်ဖွဲ့က ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့တွင် မူးယစ်ဆေးဝါးရောင်းဝယ်သူတစ်ယောက်အား သေနတ်ဖြင့်ဖမ်းဆီးရမိမှုမှ ဆက်စပ်ဖေါ်ထုတ်ချက်အရ ၎င်းသည် ဘတ် (၁၃)သန်းခွဲအား မယ်ဆိုင်တွင် အမျိုးသမီးတစ်ဦး၏ ဘဏ်စာရင်းတွင် ထည့်ပေးရခြင်း၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုမှ ငွေကြေးများကို မြန်မာနှင့် ထိုင်းနှစ်နိုင်ငံတွင် ရွှေဆိုင်၊ ရတနာဆိုင်များနှင့် ဟိုတယ်လုပ်ငန်းများ၌ ရင်းနှီးမြုပ်နှံခြင်းဖြင့် ငွေကြေးခဝါချမှုလုပ်ကိုင်နေခြင်းဖြစ်ကြောင်း စစ်ဆေးဖေါ်ထုတ်ရရှိကတည်းက နန်းမြင့်သိန်းအေးအား အလိုရှိစာရင်းတွင် ထည့်သွင်းထားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ယင်းနောက် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလအတွင်း အခြားဆက်စပ်သူတစ်ဦးကိုလည်း ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နန်းမြင့်သိန်းအေးသည် မူးယစ်ရာဇာများ၊ မူးယစ်ဆေးရောင်းဝယ်မှုမှ ငွေကြေးများအား ဘဏ်စာရင်းမှ လက်ခံယူကာ ခဝါချပေးနေသူ (၄)ဦးတွင် အပါအဝင်ဖြစ်သည်ဟု ရဲတပ်ဖွဲ့ကပြောကြားထားသည်။
Ref: The Nation၊ CTN News