ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ဂီတနှင့်အဆိုဝါသနာရှင်များ သီဆိုဖျော်ဖြေမည့် Tachileik Talent Show ၏ တတိယအကြိမ်မြောက်ဖျော်ဖြေမှု သီချင်းဆို ၀ါသနာရှင်လူငယ် (၂၀)၀န်းကျင်ဖြင့် ကို ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၆)ရက်နေ့ ည(၇)နာရီတွင် စတင်မည်ဖြစ်ကြောင်း သိရသည်။
တတိယအကြိမ်မြောက် Tachileik Talent Show အတွက် အသံစစ်ထားကြသည့် အဆိုဝါသနာရှင်(၁၁)ဦးကို ထပ်မံရွေးချယ်ထားပြီး (၁၀)ဦးနှင့်အတူ ဒုတိယအကြိမ်မြောက်အထိ ရွေးချယ်ပြီးဖြစ်သည့် အဆိုဝါသနာရှင် (၁၀)ဦးတို့က သီဆိုဖျော်ဖြေကြမည်ဖြစ်ကြောင်း သိရသည်။
ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ရှမ်းရိုးမကွင်းအနောက်ဘက်ရှိ Johnny Fitness Center ဝန်းတွင် ကျင်းပနေသည့် Tachileik Talent Show တွင် ဂီတဝါသနာရှင် လူငယ်များဖြင့် ဖွဲ့စည်းထားသည့် A3N Band က တီးခတ်ပေးနေပြီး အဆိုဝါသနာရှင်များကို အသံစစ်ပြီးမှ သီဆိုခွင့်ပြုမည်ဖြစ်သော်လည်း အသံစစ်ခြင်းကို အကြိမ်ကန့်သတ်ထားခြင်း မရှိကြောင်း သိရသည်။
Tachileik Talent Show အစီအစဉ်ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၆)ရက်နေ့မှစ၍ အပတ်စဉ် စနေနေ့တိုင်း ကျင်းပနေခြင်းဖြစ်ပြီး အဆိုတော် အိုက်ထွန်း၊ လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးဂျော်နီ၊ ကိုကြီး တို့က ဒေသတွင်းမှ ဂီတနှင့်အဆိုဝါသနာရှင်လူငယ်များ သီဆိုဖျော်ဖြေနိုင်ရန် စီစဉ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အစီအစဉ်တွင် ပါဝင်လိုသူများအနေဖြင့် အခမဲ့ ပါဝင်နိုင်ကြမည်ဖြစ်ပြီး ဖျော်ဖြေပွဲ ကြည့်ရှုသူများ အနေဖြင့်လည်း အခမဲ့ကြည့်ရှုနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
Tachileik Talent Show ၏ အပတ်စဉ် အစီအစဉ်တွင် ပါဝင်လိုသည့် ဂီတ၊ အဆိုဝါသနာရှင်များအနေဖြင့် အသေးစိတ်သိရှိလိုပါက အဆိုတော် အိုက်ထွန်း 095242273 ၊ တေးရေး ကိုကြီး 09250777919 နှင့် ဦးဂျော်နီ 095240445 တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
Tachileik News Agency
တတိယအကြိမ်မြောက် Tachileik Talent Show အတွက် အသံစစ်ထားကြသည့် အဆိုဝါသနာရှင်(၁၁)ဦးကို ထပ်မံရွေးချယ်ထားပြီး (၁၀)ဦးနှင့်အတူ ဒုတိယအကြိမ်မြောက်အထိ ရွေးချယ်ပြီးဖြစ်သည့် အဆိုဝါသနာရှင် (၁၀)ဦးတို့က သီဆိုဖျော်ဖြကြေမည်ဖြစ်ကြောင်း သိရသည်။
ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ရှမ်းရိုးမကွင်းအနောက်ဘက်ရှိ Johnny Fitness Center ဝန်းတွင် ကျင်းပနေသည့် Tachileik Talent Show တွင် ဂီတဝါသနာရှင် လူငယ်များဖြင့် ဖွဲ့စည်းထားသည့် A3N Band က တီးခတ်ပေးနပြေီး အဆိုဝါသနာရှင်များကို အသံစစ်ပြီးမှ သီဆိုခွင့်ပြုမည်ဖြစ်သော်လည်း အသံစစ်ခြင်းကို အကြိမ်ကန့်သတ်ထားခြင်း မရှိကြောင်း သိရသည်။
Tachileik Talent Show အစီအစဉ်ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၂၆)ရက်နေ့မှစ၍ အပတ်စဉ် စနေနေ့တိုင်း ကျင်းပနခြေင်းဖြစ်ပြီး အဆိုတော် အိုက်ထွန်း၊ လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ဦးဂျော်နီ၊ ကိုကြီး တို့က ဒေသတွင်းမှ ဂီတနှင့်အဆိုဝါသနာရှင်လူငယ်များ သီဆိုဖျော်ဖြေနိုင်ရန် စီစဉ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အစီအစဉ်တွင် ပါဝင်လိုသူများအနဖြေင့် အခမဲ့ ပါဝင်နိုင်ကြမည်ဖြစ်ပြီး ဖျော်ဖြေပွဲ ကြည့်ရှုသူများ အနဖြေင့်လည်း အခမဲ့ကြည့်ရှုနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
Tachileik Talent Show အစီအစဉ် စတင်ရာတွင် လာရောက်ကြည့်ရှုသူများအတွက် ထိုင်စရာ နေရာများကို စီစဉ်ပေးထားသည့် နည်းတူ အစားအသောက်များလည်း ဝယ်ယူစားသုံးနိုင်ရန် အတွက်လည်း ရောင်းချပေးထားသော်လည်း အစားအသောက်များ မဝယ်ယူဘဲလည်း လာရောက် ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။
Tachileik Talent Show၏ အပတ်စဉ် အစီအစဉ်တွင် ပါဝင်လိုသည့် ဂီတ၊ အဆိုဝါသနာရှင်များအနဖြေင့် အသေးစိတ်သိရှိလိုပါက အဆိုတော် အိုက်ထွန်း 095242273၊ တေးရေး ကိုကြီး 09250777919 နှင့် ဦးဂျော်နီ 095240445 တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
Tachileik News Agency