တာခ်ီလိတ္ၿမိဳ႕တြင္ ဌာန(၁၀)ခုျဖင့္ ရပ္ကြက္အတြင္း စမ္းသပ္ကြင္းဆင္း ေဆာင္ရြက္ေပးမႈအျဖစ္ ပထမဆံုး စတင္သည့္ ၀မ္ေကာင္းရပ္ကြက္တြင္ ရပ္ကြက္ေနျပည္သူ (၁၁၁)ဦးကို အေထြေထြ၀န္ေဆာင္မႈ ေပးႏိုင္ခဲ့

တာခ်ီလိတ္ၿမိဳ႕တြင္ ဌာန(၁၀)ခုျဖင့္ ရပ္ကြက္အတြင္း စမ္းသပ္ကြင္းဆင္း ေဆာင္ရြက္ေပးမႈအျဖစ္ ပထမဆံုး စတင္သည့္ ၀မ္ေကာင္းရပ္ကြက္တြင္ ရပ္ကြက္ေနျပည္သူ (၁၁၁)ဦးကို အေထြေထြ၀န္ေဆာင္မႈ ေပးႏိုင္ခဲ့
ဖေဖော်ဝါရီ 15, 2019
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕တြင္း စမ္းသပ္ကာလ ေရႊ႕လ်ား၀န္ေဆာင္မႈအျဖစ္ ဌာနဆိုင္ရာ(၁၀)ခု ပါ၀င္သည့္  One Stop Service(OSS) အဖြဲ႔က ၂၀၁၉ ခုႏွစ္ ေဖေဖာ္၀ါရီလ (၁၅) ရက္ေန႔တြင္ ပထမဆံုး ၀န္ေဆာင္မႈ အေနျဖင့္ ၀မ္ေကာင္းရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးရံုးအေနာက္ရွိ ရပ္ကြက္ဓမၼာရံုတြင္ ျပဳလုပ္ခဲ့ရာ ရပ္ကြက္ေနျပည္သူ (၁၁၁)ဦးကို အေထြေထြ ၀န္ေဆာင္မႈေပးႏိုင္ခဲ့ေၾကာင္း သိရသည္။

“ရပ္ကြက္ေနျပည္သူ (၁၁၁)ေယာက္ကို ၀န္ေဆာင္မႈေပးႏိုင္ခဲ့ပါတယ္။ ေရာက္လာတဲ့သူေတြအကုန္လံုး ေစာင့္ၿပီးလုပ္ေပး လိုက္တာ။ အခုမွ(၅ နာရီ ၄၂ မိနစ္) ၿပီးသြားတယ္”ဟု ၀မ္ေကာင္းရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းထြန္း၀င္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေဖေဖာ္၀ါရီလတြင္ စမ္းသပ္ကာလအျဖစ္ ၿမိဳ႕ေပၚ (၁၁) ရပ္ကြက္ကို One Stop Service(OSS) ေဆာင္ရြက္ ေပးမည္ ျဖစ္ၿပီး မတ္လမွစတင္ကာ ၿမိဳ႕ေပၚရပ္ကြက္မ်ားႏွင့္ ေက်းရြာအုပ္စု (၇)ခုကိုပါ လစဥ္ ၀န္ေဆာင္မႈ ေပးသြားမည္ဟု သိရသည္။

“အမ်ားဆံုးကေတာ့ လ၀က ေမြး/တိုးတို႔၊ ေသဆံုးတို႔၊ အိမ္ေထာင္စုစာရင္းလိုင္းနဲ႔ပတ္သက္တဲ့ (၅) ဦး ေကာ္မတီတို႔။ လ၀က ပိုင္းဆိုင္ရာမ်ားတယ္။ အျခားက က်န္းမာေရးက နည္းနည္း၊ ကၽြန္ေတာ္တို႔ ေထြအုပ္ကလည္း နည္းနည္းေပါ့။ ရဲအပိုင္းက (၃၊ ၄) ခုေပါ့။ အမ်ားဆံုးက လ၀က ပိုင္းကေပါ့”ဟု Mobile OSS အဖြဲ႕ေခါင္းေဆာင္ တာခ်ီလိတ္ ဒုတိယၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးဦးမင္းေအာင္က တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးရံုးမ်ားတြင္ လိုက္လံေဆာင္ရြက္ေပးမည့္ Mobile OSS အဖြဲ႕ေဆာင္ရြက္ရာတြင္ ႏိုင္ငံေတာ္သို႔ တရား၀င္ေပးသြင္းရမည့္ အခြန္အခမ်ားမွအပ မည္သည့္ အခေၾကးေငြမွ ေပးေဆာင္ရန္ မလိုအပ္ေၾကာင္း၊ တာ၀န္ထမ္းေဆာင္ သူမ်ားမွ ေငြေၾကးေတာင္းခံမႈမ်ားရိွပါက ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနသို႔ တိုက္ရိုက္တိုင္ၾကားႏိုင္ၿပီး ၀န္းထမ္းစည္းမ်ဥ္းစမ္းကမ္းမ်ားႏွင့္ အေရးယူေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ့ေစာက ေျပာသည္။

လက္ရိွ စမ္းသပ္ကာလျဖစ္သည့္ ၀မ္ေကာင္း ရပ္ကြက္တြင္ (၁၅) ရက္ေန႔၌ ျပဳလုပ္ခဲ့ၿပီး ဆက္လက္၍ ၿမိဳ႕ေပၚရပ္ကြက္မ်ားျဖစ္သည့္ ပုန္းထြန္ ရပ္ကြက္အတြက္ (၁၈) ရက္ေန႔၊ တာေလာ့ရပ္ကြက္အတြက္ (၁၉) ရက္ေန႔၊ မကာဟိုခမ္းရပ္ကြက္ အတြက္ (၂၀) ရက္ေန႔၊ ဆန္ဆိုင္း(ခ)ရပ္ကြက္အတြက္ (၂၁) ရက္ေန႔၊ ဆန္ဆိုင္း(က)ရပ္ကြက္ အတြက္ (၂၂) ရက္ေန႔၊ မယ္ေခါင္ရပ္ကြက္အတြက္ (၂၅) ရက္ေန႔၊ ရန္ေအာင္ေျမရပ္ကြက္ အတြက္ (၂၆) ရက္ေန႔၊ ၀ိန္းေက်ာက္ရပ္ကြက္အတြက္ (၂၇) ရက္ေန႔၊ ပါဆတ္ရပ္ကြက္အတြက္ (၂၈) ရက္ေန႔၊ ေဆခမ္းရပ္ကြက္အတြက္ မတ္လ (၁) ရက္ေန႔တို႔တြင္ မနက္ (၁၀) နာရီမွ စတင္၀န္ေဆာင္မႈ ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဟန္စိုးထိုက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

တာချီလိတ်မြို့တွင်း စမ်းသပ်ကာလ ရွှေ့လျားဝန်ဆောင်မှုအဖြစ် ဌာနဆိုင်ရာ(၁၀)ခု ပါဝင်သည့် One Stop Service(OSS) အဖွဲ့က ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင် ပထမဆုံး ဝန်ဆောင်မှု အနဖြေင့် ဝမ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအနောက်ရှိ ရပ်ကွက်ဓမ္မာရုံတွင် ပြုလုပ်ခဲ့ရာ ရပ်ကွက်နပြေည်သူ (၁၁၁)ဦးကို အထွေထွေ ဝန်ဆောင်မှုပေးနိုင်ခဲ့ကြောင်း သိရသည်။

“ရပ်ကွက်နပြေည်သူ (၁၁၁)ယောက်ကို ဝန်ဆောင်မှုပေးနိုင်ခဲ့ပါတယ်။ ရောက်လာတဲ့သူတွေအကုန်လုံး စောင့်ပြီးလုပ်ပေး လိုက်တာ။ အခုမှ(၅ နာရီ ၄၂ မိနစ်) ပြီးသွားတယ်”ဟု ဝမ်ကောင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဖေဖော်ဝါရီလတွင် စမ်းသပ်ကာလအဖြစ် မြို့ပေါ် (၁၁) ရပ်ကွက်ကို One Stop Service(OSS) ဆောင်ရွက် ပေးမည် ဖြစ်ပြီး မတ်လမှစတင်ကာ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စု (၇)ခုကိုပါ လစဉ် ဝန်ဆောင်မှု ပေးသွားမည်ဟု သိရသည်။

“အများဆုံးကတော့ လဝက မွေး/တိုးတို့၊ သေဆုံးတို့၊ အိမ်ထောင်စုစာရင်းလိုင်းနဲ့ပတ်သက်တဲ့ (၅) ဦး ကော်မတီတို့။ လဝက ပိုင်းဆိုင်ရာများတယ်။ အခြားက ကျန်းမာရေးက နည်းနည်း၊ ကျွန်တော်တို့ ထွေအုပ်ကလည်း နည်းနည်းပေါ့။ ရဲအပိုင်းက (၃၊ ၄) ခုပေါ့။ အများဆုံးက လဝက ပိုင်းကပေါ့”ဟု Mobile OSS အဖွဲ့ခေါင်းဆောင် တာချီလိတ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးမင်းအောင်က တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် လိုက်လံဆောင်ရွက်ပေးမည့် Mobile OSS အဖွဲ့ဆောင်ရွက်ရာတွင် နိုင်ငံတော်သို့ တရားဝင်ပေးသွင်းရမည့် အခွန်အခများမှအပ မည်သည့် အခကြေးငွေမှ ပေးဆောင်ရန် မလိုအပ်ကြောင်း၊ တာဝန်ထမ်းဆောင် သူများမှ ငွေကြေးတောင်းခံမှုများရှိပါက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ တိုက်ရိုက်တိုင်ကြားနိုင်ပြီး ဝန်းထမ်းစည်းမျဉ်းစမ်းကမ်းများနှင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောသည်။

လက်ရှိ စမ်းသပ်ကာလဖြစ်သည့် ဝမ်ကောင်း ရပ်ကွက်တွင် (၁၅) ရက်နေ့၌ ပြုလုပ်ခဲ့ပြီး ဆက်လက်၍ မြို့ပေါ်ရပ်ကွက်များဖြစ်သည့် ပုန်းထွန် ရပ်ကွက်အတွက် (၁၈) ရက်နေ့၊ တာလော့ရပ်ကွက်အတွက် (၁၉) ရက်နေ့၊ မကာဟိုခမ်းရပ်ကွက် အတွက် (၂၀) ရက်နေ့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွက် (၂၁) ရက်နေ့၊ ဆန်ဆိုင်း(က)ရပ်ကွက် အတွက် (၂၂) ရက်နေ့၊ မယ်ခေါင်ရပ်ကွက်အတွက် (၂၅) ရက်နေ့၊ ရန်အောင်မြေရပ်ကွက် အတွက် (၂၆) ရက်နေ့၊ ဝိန်းကျောက်ရပ်ကွက်အတွက် (၂၇) ရက်နေ့၊ ပါဆတ်ရပ်ကွက်အတွက် (၂၈) ရက်နေ့၊ ဆေခမ်းရပ်ကွက်အတွက် မတ်လ (၁) ရက်နေ့တို့တွင် မနက် (၁၀) နာရီမှ စတင်ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~