ထုိင္းႏုိင္ငံမွ လွ်ပ္စစ္ဓါတ္အားကို ၿမိဳ႕မီးလင္းေရးေကာ္မတီဖြဲ႔စည္းဝယ္ယူၿပီး တစ္ဆင့္ျပန္လည္ ေရာင္းခ်ေနသည့္ တာခ်ီလိတ္ၿမိဳ႕တြင္ လမ္းမီးမရိွသည့္ ေနရာမ်ား ရိွေနဆဲျဖစ္သျဖင့္ အသစ္ျပန္လည္ ဖြဲ႕စည္းလုိက္သည့္ မီးလင္းေရးေကာ္မတီက စတင္ေဆာင္ရြက္ေနေၾကာင္း သိရသည္။
“မီးလံုးေတြက (ေဖေဖၚဝါရီ)၂၆၊ ၂၇၊ ၂၈ ရက္ေန႔ေတြမွာ ေရာက္မယ္။ သူတို႔က တရုတ္ႏွစ္ကူး ပိတ္တယ္ေလ။ မတ္လ (၂) ရက္၊ (၃) ရက္ေန႔ေလာက္ မီးသြယ္မွာေပါ့။ ၿမိဳ႕အ၀င္ဆိုင္းဘုတ္ကို မေရာက္ေသးဘူး။ ႀကိဳးဆြဲဖို႔ တြက္ရတာ ခက္မွာစိုးလို႔ ေက်ာ္မစိုက္ေသးတာ။ ဆိုင္းဘုတ္ေနာက္ ေဟာင္လိတ္ေက်ာင္းနားေလး လ်ာထားတယ္။ ေလဆိပ္ကေန ၿမိဳ႕၀င္ဆိုင္းဘုတ္ၾကားထဲမွာ ေမွာင္တဲ့ ေနရာေတြ စိုက္ဖို႔လိုေသးတယ္”ဟု တာခ်ီလိတ္ၿမိဳ႕ မီးလင္းေရးေကာ္မတီမွ တြဲဖက္အတြင္းေရးမွဴး ဦးေက်ာ္စြာလြင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေဖေဖာ္၀ါရီလ (၁၄) ရက္ေန႔က ေျပာၾကားထားသည္။
တာခ်ီလိတ္ၿမိဳ႕တြင္ ခရိုင္အုပ္ခ်ဳပ္ေရးမွဴးက ဥကၠဌအျဖစ္ တာဝန္ယူၿပီးဖြဲ႕စည္းေဆာင္ရြက္ေနသည့္ ၿမိဳ႕မီးလင္းေရးေကာ္မတီသည္ (၁၅)ႏွစ္တာကာလအတြင္း ၿမိဳ႕ဝင္ဆုိင္းဘုတ္မ်ား၊ ေလဆိပ္ႏွင့္ အခ်ိဳ႕လမ္းပိုင္းမ်ားတြင္ လွ်ပ္စစ္မီးသြယ္တန္းႏုိင္ျခင္း မရိွေသးသည့္အျပင္ ျပန္လည္ေရာင္းခ်သည့္ မီတာခေစ်းႏႈန္း ႀကီးျမင့္သျဖင့္ ေဒသတြင္းမွ တင္ျပေတာင္းဆိုမႈမ်ားရိွလာရာ အသစ္ျပန္လည္ ဖြဲ႔စည္းထားသည့္ မီးလင္းေရးေကာ္မတီက ၂၀၁၈ ခုနွစ္ ႏွစ္ကုန္မွစ၍ မီတာခေလွ်ာ့ခ်ႏုိင္ေရးနွင့္ အမ်ားျပည္သူဆုိင္ရာ ေနရာမ်ားတြင္ မီးသြယ္တန္းႏုိင္ေရးကို ေဆာင္ရြက္လာျခင္းျဖစ္သည္။
လက္ရိွတြင္ ေလယာဥ္ကြင္းမွ ၿမိဳ႕၀င္ဆိုင္းဘုတ္အထိ မီးမလင္းသည့္ ေနရာမ်ားတြင္ လမ္းမီးမ်ား သြယ္တန္းျခင္း၊ ေလဆိပ္အေဆာက္အဦအတြင္း မီးတုိင္မ်ားစိုက္ထူျခင္းတုိ႔ကို ေဆာင္ရြက္ေနၿပီး လမ္းမီးမ်ား၏ မီတာခကို မီးလင္းေရးေကာ္မတီက က်ခံမည္ျဖစ္ေၾကာင္း သိရသည္။
နယ္စပ္ၿမိဳ႕ျဖစ္သည့္ တာခ်ီလိတ္၏ အဓိကၿမိဳ႕အဝင္လမ္းမႀကီးေနရာတြင္ လမ္းမီးမရိွသျဖင့္ ၂၀၁၆ခုႏွစ္ ဇြန္လ(၂၂)ရက္က ၿမိဳ႕၀င္ဆိုင္းဘုတ္အား မီးရိႈ႕ခံရျခင္း၊ ညပိုင္းတြင္ ျဖတ္သန္းသြားသည့္ ေမာ္ေတာ္ယာဥ္မ်ားအား ေမွာင္ရိပ္ခို၍ ေက်ာက္ခဲျဖင့္ ပစ္ေပါက္ျခင္း၊ ယာဥ္တုိက္မႈျဖစ္ပြားၿပီး ထြက္ေျပးျခင္းႏွင့္ လူငယ္မ်ား အုပ္စုဖြဲ႕ခုိက္ရန္ပြားျခင္းတုိ႔ ျဖစ္ပြားခဲ့သည္ကို ေတြ႔ရသည္။
"ဒီ ၿမိဳ႕အဝင္ဦးကေန ေဟာင္လိတ္ေက်ာင္းအေရွ႕ထိက လမ္းမီးမရွိဘူး။ ေမွာင္မဲေနတယ္။ ကြ်န္ေတာ္တို႔ ေရွာင္တခင္ စစ္ေဆးမႈေတြ လုပ္တဲ့အခါ ဓါတ္မီးနဲ႔ မီးထိုးၿပီး စစ္ေဆးရတယ္။ ေမွာင္ေနေတာ့ အေ၀းကေန လာတာကို လွမ္းျမင္ဖို႔က ခက္တယ္။ ဒီလိုေနရာမွာ လမ္းမီးမရွိဘဲ ေမွာင္မဲေနေတာ့ စစ္ေဆးမႈေတြ ျပဳလုပ္တဲ့အခါ ျဖစ္ေစ၊ အမ်ဳိးသမီးေတြ ဆိုင္ကယ္နဲ႔ သြားလာတဲ့ အခါေတြ ျဖစ္ေစ အဆင္မေျပပါဘူး။ ေမွာင္ရိပ္ခိုၿပီး ဒုစရိုက္လုပ္မယ့္သူေတြ အတြက္ အားသာေစပါတယ္။ မုခ္ဦးရဲ႕ တစ္ဖက္ လမ္းဆံုမွာေတာ့ မီးလင္းေပမဲ့ ဒီဖက္အျခမ္းကေတာ့ မီးလံုး၀ မလင္းဘူး။ ဒီေနရာ မီးလင္းဖို႔အတြက္ ကြ်န္ေတာ္တို႔ စံုစမ္းၾကည့္ေတာ့ စည္ပင္နဲ႔ဆိုင္တယ္လို႔ေတာ့ သိရေတာ့ စည္ပင္က အသိတစ္ေယာက္ကို ေျပာတယ္။ သူတို႔ လူႀကီးကို တင္ျပေပးမယ္ေျပာၿပီးေနာက္ ဘာမွမထူးလာဘူး"ဟု ျပည္သူ႔စစ္တပ္ဖြဲ႔၀င္တစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
ၿမိဳ႕မီးလင္းေရးေကာ္မတီသည္ ၂၀၁၈ ခုႏွစ္အထိ (၁၅)ႏွစ္တာကာလအတြင္း ထုိင္းႏိုင္ငံမွ လွ်ပ္စစ္ဓါတ္အားကို တစ္ယူနစ္လွ်င္ ထိုင္းဘတ္ (၃)ဘတ္ (၇၅)ျပားႏႈန္းျဖင့္ ဝယ္ယူၿပီး အက်ိဳးေဆာင္အျဖစ္ စာခ်ဳပ္ ခ်ဳပ္ေပးသည့္ Myanmar Allure Group Co.,Ltd က တစ္ယူနစ္လွ်င္ တစ္ဘတ္ႏႈန္းေပးရသျဖင့္ တစ္ယူနစ္လွ်င္ (၄)ဘတ္ (၇၅)ျပား က်သင့္ကာ အိမ္သံုးမီတာအတြက္ တစ္ယူနစ္လွ်င္ (၆)ဘတ္၊ လုပ္ငန္းသံုး မီတာမ်ားအတြက္ တစ္ယူနစ္လွ်င္ (၇.၂၅)ဘတ္ ႏႈန္းျဖင့္ ျဖန္႔ျဖဴးေပးခဲ့ျခင္းျဖစ္သည္။
ေကာ္မတီအေနျဖင့္ ၾကားခံအက်ိဳးေဆာင္ျဖင့္ ဝယ္ယူျဖန္႔ျဖဴးေနရျခင္းျဖစ္ရာ အမ်ားျပည္သူအေနျဖင့္ မီတာခေစ်းႀကီးျမင့္ျခင္း ဒဏ္ခံစားေနရျခင္းႏွင့္ အဖြဲ႕အစည္းမ်ား၏ တာဝန္ယူမႈတာဝန္ခံမႈ ပိုမိုခုိင္မာေစရန္ အစိုးရခ်င္း တုိက္ရိုက္ဝယ္ယူျဖန္႔ျဖဴးေပးသည့္စနစ္ကို ေျပာင္းလဲေပးရန္ ျပည္နယ္အစိုးရထံ တင္ျပမႈမ်ားလည္း ရိွခဲ့ၿပီးေနာက္ မီးလင္းေရးေကာ္မတီက၂၀၁၉ ခုႏွစ္တြင္ လွ်ပ္စစ္မီတာခမ်ားကို တစ္ယူနစ္လွ်င္ ဘတ္ျပား(၅၀)ႏႈန္း ေလွ်ာ့ခ်လာျခင္း၊ အမ်ားျပည္သူက က်ခံေပးေနရသည့္ ေပ်ာက္ဆံုးမီတာယူနစ္ ေလွ်ာ့ခ်ေရးအတြက္ မီးႀကိဳးမ်ား လဲလွယ္တပ္ဆင္ျခင္း၊ အမ်ားျပည္သူဆုိင္ရာ ေနရာမ်ားတြင္ လွ်ပ္စစ္မီးသြယ္တန္းျခင္းမ်ားကို ေဆာင္ရြက္လာသည္ကို ေတြ႔ရသည္။
မီးလင္းေရးေကာ္မတီအျဖစ္ လုပ္ကိုင္ေဆာင္ရြက္ခြင့္အတြက္ အစိုးရႏွင့္ခ်ဳပ္ဆိုထားသည့္ စာခ်ဳပ္ပါ သေဘာတူညီခ်က္အရ ေကာ္မတီသည္ တာခ်ီလိတ္ၿမိဳ႕နယ္ႏွင့္ (၂၂)မိုင္အတြင္း ေက်းရြာမ်ား၌ ေကာ္မတီပိုင္ေငြျဖင့္ အသံုးစရိတ္ အားလံုးက်ခံ၍ လွ်ပ္စစ္ဓါတ္အားျဖန္႔ျဖဴးႏုိင္ၿပီး ဓာတ္အား သံုးစြဲသူမ်ားႏွင့္ ညိႇႏိႈင္းထားသည့္ လွ်ပ္စစ္ဓာတ္အားခႏႈန္းထားကို သက္ဆိုင္ရာ ေဒသ အာဏာပိုင္မ်ားထံ တင္ျပၿပီး အတည္ျပဳ ေကာက္ခံရမည္ျဖစ္ကာ ဓာတ္အားသံုးစြဲသူမ်ား၏ မေက်နပ္ခ်က္၊ တိုင္ၾကားခ်က္မ်ားကို အေက်အလည္ ေျဖရွင္းေဆာင္ရြက္ရန္ တာဝန္ရိွသည္ဟု ခ်ဳပ္ဆိုထားျခင္းျဖစ္သည္။
လစဥ္ မီတာယူနစ္ဖတ္ျခင္းႏွင့္ မွတ္တမ္းတင္ျခင္းအား လွ်ပ္စစ္ျဖန္႔ျဖဴးႏွင့္ မီးလင္းေရးေကာ္မတီတုိ႔က ပူးတြဲေဆာင္ရြက္ရျခင္းျဖစ္သည္။
ထုိင္းနိုင္ငံႏွင့္နယ္စပ္ တာခ်ီလိတ္ၿမိဳ႕တြင္ ျမန္မာႏုိင္ငံသံုးေငြျဖစ္သည့္ က်ပ္ေငြအစား ထုိင္းႏုိင္ငံသံုး ေငြျဖစ္သည့္ ဘတ္ေငြကိုသာ ေဒသသံုးေငြေၾကးအျဖစ္ အသံုးျပဳေနၾကျခင္းျဖစ္ရာ မီးလင္းေရးေကာ္မတီက လွ်ပ္စစ္ဓါတ္အားအသံုးျပဳခကို ဘတ္ေငြျဖင့္ ေကာက္ခံေနျခင္းျဖစ္သည္။
သတင္း - ဟန္စိုးထုိက္
“မီးလုံးတွေက (ဖေဖော်ဝါရီ)၂၆၊ ၂၇၊ ၂၈ ရက်နေ့တွေမှာ ရောက်မယ်။ သူတို့က တရုတ်နှစ်ကူး ပိတ်တယ်လေ။ မတ်လ (၂) ရက်၊ (၃) ရက်နေ့လောက် မီးသွယ်မှာပေါ့။ မြို့အဝင်ဆိုင်းဘုတ်ကို မရောက်သေးဘူး။ ကြိုးဆွဲဖို့ တွက်ရတာ ခက်မှာစိုးလို့ ကျော်မစိုက်သေးတာ။ ဆိုင်းဘုတ်နောက် ဟောင်လိတ်ကျောင်းနားလေး လျာထားတယ်။ လေဆိပ်ကနေ မြို့ဝင်ဆိုင်းဘုတ်ကြားထဲမှာ မှောင်တဲ့ နေရာတွေ စိုက်ဖို့လိုသေးတယ်”ဟု တာချီလိတ်မြို့ မီးလင်းရေးကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးကျော်စွာလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ဖေဖော်ဝါရီလ (၁၄) ရက်နေ့က ပြောကြားထားသည်။
တာချီလိတ်မြို့တွင် ခရိုင်အုပ်ချုပ်ရေးမှူးက ဥက္ကဌအဖြစ် တာဝန်ယူပြီးဖွဲ့စည်းဆောင်ရွက်နေသည့် မြို့မီးလင်းရေးကော်မတီသည် (၁၅)နှစ်တာကာလအတွင်း မြို့ဝင်ဆိုင်းဘုတ်များ၊ လေဆိပ်နှင့် အချို့လမ်းပိုင်းများတွင် လျှပ်စစ်မီးသွယ်တန်းနိုင်ခြင်း မရှိသေးသည့်အပြင် ပြန်လည်ရောင်းချသည့် မီတာခဈေးနှုန်း ကြီးမြင့်သဖြင့် ဒေသတွင်းမှ တင်ပြတောင်းဆိုမှုများရှိလာရာ အသစ်ပြန်လည် ဖွဲ့စည်းထားသည့် မီးလင်းရေးကော်မတီက ၂၀၁၈ ခုနှစ် နှစ်ကုန်မှစ၍ မီတာခလျှော့ချနိုင်ရေးနှင့် အများပြည်သူဆိုင်ရာ နေရာများတွင် မီးသွယ်တန်းနိုင်ရေးကို ဆောင်ရွက်လာခြင်းဖြစ်သည်။
လက်ရှိတွင် လေယာဉ်ကွင်းမှ မြို့ဝင်ဆိုင်းဘုတ်အထိ မီးမလင်းသည့် နေရာများတွင် လမ်းမီးများ သွယ်တန်းခြင်း၊ လေဆိပ်အဆောက်အဦအတွင်း မီးတိုင်များစိုက်ထူခြင်းတို့ကို ဆောင်ရွက်နပြေီး လမ်းမီးများ၏ မီတာခကို မီးလင်းရေးကော်မတီက ကျခံမည်ဖြစ်ကြောင်း သိရသည်။
နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်၏ အဓိကမြို့အဝင်လမ်းမကြီးနေရာတွင် လမ်းမီးမရှိသဖြင့် ၂၀၁၆ခုနှစ် ဇွန်လ(၂၂)ရက်က မြို့ဝင်ဆိုင်းဘုတ်အား မီးရှို့ခံရခြင်း၊ ညပိုင်းတွင် ဖြတ်သန်းသွားသည့် မော်တော်ယာဉ်များအား မှောင်ရိပ်ခို၍ ကျောက်ခဲဖြင့် ပစ်ပေါက်ခြင်း၊ ယာဉ်တိုက်မှုဖြစ်ပွားပြီး ထွက်ပြေးခြင်းနှင့် လူငယ်များ အုပ်စုဖွဲ့ခိုက်ရန်ပွားခြင်းတို့ ဖြစ်ပွားခဲ့သည်ကို တွေ့ရသည်။
"ဒီ မြို့အဝင်ဦးကနေ ဟောင်လိတ်ကျောင်းအရှေ့ထိက လမ်းမီးမရှိဘူး။ မှောင်မဲနေတယ်။ ကျွန်တော်တို့ ရှောင်တခင် စစ်ဆေးမှုတွေ လုပ်တဲ့အခါ ဓာတ်မီးနဲ့ မီးထိုးပြီး စစ်ဆေးရတယ်။ မှောင်နေတော့ အေဝးကနေ လာတာကို လှမ်းမြင်ဖို့က ခက်တယ်။ ဒီလိုနေရာမှာ လမ်းမီးမရှိဘဲ မှောင်မဲနေတော့ စစ်ဆေးမှုတွေ ပြုလုပ်တဲ့အခါ ဖြစ်စေ၊ အမျိုးသမီးတွေ ဆိုင်ကယ်နဲ့ သွားလာတဲ့ အခါတွေ ဖြစ်စေ အဆင်မပြေပါဘူး။ မှောင်ရိပ်ခိုပြီး ဒုစရိုက်လုပ်မယ့်သူတွေ အတွက် အားသာစေပါတယ်။ မုခ်ဦးရဲ့ တစ်ဖက် လမ်းဆုံမှာတော့ မီးလင်းပေမဲ့ ဒီဖက်အခြမ်းကတော့ မီးလုံးဝ မလင်းဘူး။ ဒီနေရာ မီးလင်းဖို့အတွက် ကျွန်တော်တို့ စုံစမ်းကြည့်တော့ စည်ပင်နဲ့ဆိုင်တယ်လို့တော့ သိရတော့ စည်ပင်က အသိတစ်ယောက်ကို ပြောတယ်။ သူတို့ လူကြီးကို တင်ပြပေးမယ်ပြောပြီးနောက် ဘာမှမထူးလာဘူး"ဟု ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မြို့မီးလင်းရေးကော်မတီသည် ၂၀၁၈ ခုနှစ်အထိ (၁၅)နှစ်တာကာလအတွင်း ထိုင်းနိုင်ငံမှ လျှပ်စစ်ဓာတ်အားကို တစ်ယူနစ်လျှင် ထိုင်းဘတ် (၃)ဘတ် (၇၅)ပြားနှုန်းဖြင့် ဝယ်ယူပြီး အကျိုးဆောင်အဖြစ် စာချုပ် ချုပ်ပေးသည့် Myanmar Allure Group Co.,Ltd က တစ်ယူနစ်လျှင် တစ်ဘတ်နှုန်းပေးရသဖြင့် တစ်ယူနစ်လျှင် (၄)ဘတ် (၇၅)ပြား ကျသင့်ကာ အိမ်သုံးမီတာအတွက် တစ်ယူနစ်လျှင် (၆)ဘတ်၊ လုပ်ငန်းသုံး မီတာများအတွက် တစ်ယူနစ်လျှင် (၇.၂၅)ဘတ် နှုန်းဖြင့် ဖြန့်ဖြူးပေးခဲ့ခြင်းဖြစ်သည်။
ကော်မတီအနဖြေင့် ကြားခံအကျိုးဆောင်ဖြင့် ဝယ်ယူဖြန့်ဖြူးနေရခြင်းဖြစ်ရာ အများပြည်သူအနဖြေင့် မီတာခဈေးကြီးမြင့်ခြင်း ဒဏ်ခံစားနေရခြင်းနှင့် အဖွဲ့အစည်းများ၏ တာဝန်ယူမှုတာဝန်ခံမှု ပိုမိုခိုင်မာစေရန် အစိုးရချင်း တိုက်ရိုက်ဝယ်ယူဖြန့်ဖြူးပေးသည့်စနစ်ကို ပြောင်းလဲပေးရန် ပြည်နယ်အစိုးရထံ တင်ပြမှုများလည်း ရှိခဲ့ပြီးနောက် မီးလင်းရေးကော်မတီက၂၀၁၉ ခုနှစ်တွင် လျှပ်စစ်မီတာခများကို တစ်ယူနစ်လျှင် ဘတ်ပြား(၅၀)နှုန်း လျှော့ချလာခြင်း၊ အများပြည်သူက ကျခံပေးနေရသည့် ပျောက်ဆုံးမီတာယူနစ် လျှော့ချရေးအတွက် မီးကြိုးများ လဲလှယ်တပ်ဆင်ခြင်း၊ အများပြည်သူဆိုင်ရာ နေရာများတွင် လျှပ်စစ်မီးသွယ်တန်းခြင်းများကို ဆောင်ရွက်လာသည်ကို တွေ့ရသည်။
မီးလင်းရေးကော်မတီအဖြစ် လုပ်ကိုင်ဆောင်ရွက်ခွင့်အတွက် အစိုးရနှင့်ချုပ်ဆိုထားသည့် စာချုပ်ပါ သဘောတူညီချက်အရ ကော်မတီသည် တာချီလိတ်မြို့နယ်နှင့် (၂၂)မိုင်အတွင်း ကျေးရွာများ၌ ကော်မတီပိုင်ငွဖြေင့် အသုံးစရိတ် အားလုံးကျခံ၍ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်ပြီး ဓာတ်အား သုံးစွဲသူများနှင့် ညှိနှိုင်းထားသည့် လျှပ်စစ်ဓာတ်အားခနှုန်းထားကို သက်ဆိုင်ရာ ဒေသ အာဏာပိုင်များထံ တင်ပြပြီး အတည်ပြု ကောက်ခံရမည်ဖြစ်ကာ ဓာတ်အားသုံးစွဲသူများ၏ မကျေနပ်ချက်၊ တိုင်ကြားချက်များကို အကျေအလည် ဖြေရှင်းဆောင်ရွက်ရန် တာဝန်ရှိသည်ဟု ချုပ်ဆိုထားခြင်းဖြစ်သည်။
လစဉ် မီတာယူနစ်ဖတ်ခြင်းနှင့် မှတ်တမ်းတင်ခြင်းအား လျှပ်စစ်ဖြန့်ဖြူးနှင့် မီးလင်းရေးကော်မတီတို့က ပူးတွဲဆောင်ရွက်ရခြင်းဖြစ်သည်။
ထိုင်းနိုင်ငံနှင့်နယ်စပ် တာချီလိတ်မြို့တွင် မြန်မာနိုင်ငံသုံးငွဖြေစ်သည့် ကျပ်ငွေအစား ထိုင်းနိုင်ငံသုံး ငွဖြေစ်သည့် ဘတ်ငွေကိုသာ ဒေသသုံးငွေကြေးအဖြစ် အသုံးပြုနကြခြေင်းဖြစ်ရာ မီးလင်းရေးကော်မတီက လျှပ်စစ်ဓာတ်အားအသုံးပြုခကို ဘတ်ငွဖြေင့် ကောက်ခံနခြေင်းဖြစ်သည်။
သတင်း - ဟန်စိုးထိုက်