တာချီလိတ်မှ တဆင့် ထိုင်းနိုင်ငံ မယ်ဆိုင်သို့ သွားရောက်ရာတွင် ပြုလုပ်ရသည့် နယ်စပ်ဖြတ်သန်းခွင့် လက်မှတ် တစ်နှစ်စာ စာအုပ်ပြုလုပ်ပေးခွင့်အား တာချီလိတ်မြို့ တစ်မြို့တည်းကိုသာ ခွင့်ပြုပေးနေရာမှ ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၁၅)ရက်နေ့ကစ၍ တာချီလိတ်ခရိုင်အတွင်းရှိ မြို့(၆)မြို့၏ တရားဝင် အိမ်ထောင်စုစာရင်း ရှိသူများအား ခွင့်ပြုပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။
နယ်စပ်ဖြတ်သန်းခွင့် လက်မှတ် ( Border Pass ) ပြုလုပ်လိုသူများအနေဖြင့် တာချီလိတ်ခရိုင်အတွင်း မြို့(၆)မြို့၏ သက်ဆိုင်ရာ အိမ်ထောင်စုစာရင်း (မူရင်း/မိတ္တူ)၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (မူရင်း/မိတ္တူ) နှင့် ပတ်စပိုစ့်ဓါတ်ပုံ (၂)ပုံ လိုအပ်ပြီး လူကိုယ်တိုင် မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတား အောက်တွင် လာရောက် ပြုလုပ်ရာမည်ဖြစ်ပြီး အဆိုပါ လက်မှတ်စာအုပ် ပြုချိန်မှာ တစ်ရက်ကြာမြှင့်မည် ဖြစ်ကြောင်း နှင့် တစ်နှစ်စာ လက်မှတ်စာအုပ်၏ တန်ဖိုးမှာ တရားဝင် ကျပ်(၅၀၀)သတ်မှတ်ထားကြောင်း နှင့် နယ်စပ်ဖြတ်သန်းခအတွက် မြန်မာဘက်တွင် ကျပ်(၃၀၀)သာ ကျင့်သင့်မည်ဖြစ်ကြောင်း တာချီလိတ်ခရိုင်လ၀ကမှ သိရသည်။
သတင်း - ဟန်စိုးထိုက်
“အရင်က တာချီလိတ်မြို့မရပ်ကွက် (၁၁) ရပ်ကွက်နဲ့ ကျေးရွာအုပ်စု (၇) အုပ်စုပေးတယ် ခင်ဗျ။ တာလေဆို မြို့နယ်ခွဲ။ ကျိုင်းလပ်ဆို မြို့နယ်ခွဲလေ။ အဲဒီမြို့နယ်ခွဲတွေကို အရင်က မပေးဘူးဗျ။ လူကြီးခရီးစဉ်မှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တို့က တင်ပြလာတဲ့ အချိန် တစ်ပြေးညီဖြစ်သွားအောင် တောနဲ့မြို့ကို။ ကျွန်တော်တို့ခရိုင်ကနပြေီးမှ သက်ဆိုင်ရာ အထက်ကို တက်သွားတာပေါ့။ တာချီလိတ်ခရိုင်အတွင်းဆို မိုင်းဖြတ်မြို့နယ်ပါတယ်။ မိုင်းယောင်း မြို့နယ်ပါတယ်။ ထွေအုပ်ကနေ အတည်ပြုတဲ့ စာရင်းပေါ့။ ကျွန်တော်တို့က သူတို့အတည်ပြုတဲ့ စာရင်းအတိုင်း လုပ်ပေးရတာ။ တရားဝင် အိမ်ထောင်စုစာရင်းနဲ့ တာချီလိတ်ခရိုင်အတွင်းမှာ နေတဲ့ ဥစ္စာပေါ့။ မှတ်ပုံတင်မိတ္တူတို့ ဒါတွေပဲ လိုပါတယ်။ အဲဒါတွေနဲ့ ခရိုင်ရုံးမှာ လုပ်ရတယ်ဗျ။ အရင်တုန်းက တာချီလိတ်ခရိုင်ဆိုတာ တာချီလိတ်ရယ်၊ ကျိုင်းလပ်ရယ်၊ တာလေရယ်ပဲ ရှိတယ်။ အခုကျမှ ပြန်ပြောင်း လိုက်တော့ မိုင်းဖြတ်ရယ်၊ မိုင်းယောင်းရယ် မိုင်းယုရယ် ပါလာတာပေါ့”ဟု တာချီလိတ် မြို့နယ် လဝက ဦးစီးအရာရှိ ဦးစိုင်းဆိုင်တစ်က တာချီလိတ်သတင်းအေဂျင်စီသို့ ဖေဖော်ဝါရီလ (၁၇) ရက်နေ့တွင် ပြောသည်။
ယခင်က ထိုင်းနိုင်ငံသို့ (၁)နှစ်သက်တမ်းရှိ စာအုပ်ဖြင့် သွားလာခွင့်ကို တာချီလိတ်မြို့ပေါ်(၁၁)ရပ်ကွက်ရှိ တရားဝင် အိမ်ထောင်စုစာရင်း ရှိသူများကိုသာ ခွင့်ပြုပေးခဲ့ရာမှ ယခုအခါ တာချီလိတ်မြို့နယ်တွင်း ကျေးရွာများ သာမက တာချီလိတ်ခရိုင်အတွင်းရှိ တာချီလိတ်၊ တာလေ၊ ကျိုင်းလပ်၊ မိုင်းဖြတ်၊ မိုင်းယောင်း နှင့် မိုင်းယုမြို့တို့ရှိ ရပ်ကွက် ကျေးရွာများနေ မြို့(၆)မြို့၏ သက်ဆိုင်ရာ အိမ်ထောင်စုစာရင်းရှိသူများအား နယ်စပ်ဖြတ်သန်းခွင့် လက်မှတ် တစ်နှစ်စာ စာအုပ်ပြုလုပ်ပေးခွင့်ကို တာချီလိတ်မှ လွှတ်တော် ကိုယ်စားလှယ်များ၏ တင်ပြမှုကြောင့် ခွင့်ပြုပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
“ရှမ်းအရှေ့က ဒီမယ်ဆိုင်ဂိတ်တစ်ခုတည်းကို အသုံးပြုပြီး သွားလာနကြေတာလေ။ တာချီလိတ်ခရိုင် အနေနဲ့ တင်မဟုတ်ဘဲ ကျွန်တော့်အနေနဲ့ ကတော့ မိုင်းဆတ်ခရိုင်ရော၊ ကျိုင်းတုံခရိုင်ရော ပေးစေချင်တယ်။ ဘာပဲပြောပြော တစ်ခုခြင်းသွားရမှာပေါ့။ အခုလို လုပ်တဲ့အတွက်လည်း တန်းစီ စောင့်ဆိုင်းရတဲ့ လူဦးရေတော့ လျော့သွားတာပေါ့။ ပေါင်းစပ်ညှိနှိုင်းပြီးမှ လုပ်ကိုင်သွားတာ ကောင်းပါတယ်။ အခုလို အောင်မြင်သွားတာလည်း ဝမ်းသာပါတယ်”ဟု ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၇)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ထိုင်းနိုင်ငံ မယ်ဆိုင်သို့ သွားရောက်ရန်အတွက် နယ်စပ်ဖြတ်သန်းခွင့် လက်မှတ် ( Border Pass ) နှင့် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(Temporary Border Pass)ဟူ၍ နှစ်မျိုးနှစ်စား ပြုလုပ်ပေးရာ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်သည် တာချီလိတ် အိမ်ထောင်စုစာရင်းရှိသူကိုသာ ထုတ်ပေးခြင်းဖြစ်ပြီး၊ ယာယီနယ်စပ် ဖြတ်သန်းခွင့် လက်မှတ်အား မှတ်ပုံတင်ဖြင့် ပြုလုပ်ပေးခြင်းဖြစ်ရာ ယာယီနယ်စပ် ဖြတ်သန်းခွင့် လက်မှတ်များ ပြုလုပ်ရာတွင် စီတန်းနေရမှုများနှင့်အတူ အချိန်ကြန့်ကြာမှုများ ဖြစ်ပေါ်နေသည့် အတွက် နယ်စပ်ဖြတ်သန်းခွင့် လက်မှတ် ပြုလုပ်ခွင့် မရရှိသေးသည့် တာချီလိတ်ခရိုင် အတွင်း ကျန်ရှိသည့် မြို့(၅)မြို့အား ခွင့်ပြုပေးရန် ဆွေးနွေးတင်ပြရာမှ ခွင့်ပြုချက်ရရှိလာခြင်း ဖြစ်သည်။
နယ်စပ်ဖြတ်သန်းခွင့် လက်မှတ် ( Border Pass ) ပြုလုပ်လိုသူများအနဖြေင့် တာချီလိတ်ခရိုင်အတွင်း မြို့(၆)မြို့၏ သက်ဆိုင်ရာ အိမ်ထောင်စုစာရင်း (မူရင်း/မိတ္တူ)၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (မူရင်း/မိတ္တူ) နှင့် ပတ်စပိုစ့်ဓာတ်ပုံ (၂)ပုံ လိုအပ်ပြီး လူကိုယ်တိုင် မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတား အောက်တွင် လာရောက် ပြုလုပ်ရာမည်ဖြစ်ပြီး အဆိုပါ လက်မှတ်စာအုပ် ပြုချိန်မှာ တစ်ရက်ကြာမြှင့်မည် ဖြစ်ကြောင်း နှင့် တစ်နှစ်စာ လက်မှတ်စာအုပ်၏ တန်ဖိုးမှာ တရားဝင် ကျပ်(၅၀၀)သတ်မှတ်ထားကြောင်း နှင့် နယ်စပ်ဖြတ်သန်းခအတွက် မြန်မာဘက်တွင် ကျပ်(၃၀၀)သာ ကျင့်သင့်မည်ဖြစ်ကြောင်း တာချီလိတ်ခရိုင်လဝကမှ သိရသည်။
သတင်း - ဟန်စိုးထိုက်