မူးယစ္ေငြခဝါခ်မႈျဖင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏွင့္ လာအိုႏိုင္ငံသူမ်ားႏွင့္ ဆက္စပ္သည့္ မူးယစ္ေဆး အဓိကျဖန္႔ျဖဴးသူ ထုိင္းအမ်ိဳးသမီးကို ၎၏ခင္ပြန္း၊ရည္းစားတို႔ႏွင့္အတူ ဖမ္းဆီးလုိက္ၿပီး ဘတ္သန္း(၁၀၀)ေက်ာ္ ပိုင္ဆုိင္မႈမ်ား သိမ္းဆည္း

မူးယစ္ေငြခဝါခ်မႈျဖင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏွင့္ လာအိုႏိုင္ငံသူမ်ားႏွင့္ ဆက္စပ္သည့္ မူးယစ္ေဆး အဓိကျဖန္႔ျဖဴးသူ ထုိင္းအမ်ိဳးသမီးကို ၎၏ခင္ပြန္း၊ရည္းစားတို႔ႏွင့္အတူ ဖမ္းဆီးလုိက္ၿပီး ဘတ္သန္း(၁၀၀)ေက်ာ္ ပိုင္ဆုိင္မႈမ်ား သိမ္းဆည္း
ဖေဖော်ဝါရီ 20, 2019
By 🌸
ထုိင္းႏုိင္ငံတြင္ ဘဏ္စာရင္းဖြင့္လွစ္ၿပီး ျမန္မာမူးယစ္ဂိုဏ္းမ်ားသို႔ ေငြေၾကးလႊဲေျပာင္းေပးမႈျဖင့္ ဖမ္းဆီးခံထားရသည့္ ျမန္မာႏုိင္ငံသူ နန္းျမင့္သိန္းေအးႏွင့္ လာအိုႏိုင္ငံသူ Mon Phet-aroon တုိ႔၏အမႈႏွင့္ ဆက္စပ္ေနသည့္ မူးယစ္ေဆးအဓိကျဖန္႔ျဖဴးသူ အမ်ိဳးသမီးကို ၎၏ခင္ပြန္း၊ ရည္းစားျဖစ္သူတို႔ႏွင့္အတူ ဖမ္းဆီးမိၿပီး ဘတ္သန္း(၁၀၀)ေက်ာ္ ပိုင္ဆုိင္မႈမ်ားကို သိမ္းဆည္းလုိက္ေၾကာင္း သိရသည္။

ထုိင္းႏိုင္ငံတြင္ မူးယစ္ေဆးအဓိကျဖန္႔ျဖဴးေနသူ(၃)ဦးကို  ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၁၉)ရက္ေန႔၌ ဖမ္းဆီးလိုက္ၿပီး ဘန္ေကာက္ၿမိဳ႕ ေနရာ(၆)ေနရာမွ ၎တို႔၏ ဘတ္သန္း (၁၀၀)ေက်ာ္တန္ဖိုးရိွသည့္ ပိုင္ဆုိင္မႈမ်ားကို သိမ္းဆည္းလိုက္ေၾကာင္း ထိုင္းရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္သည္ဟု ဘန္ေကာက္ပို႔စ္သတင္းတြင္ ေရးသားေဖၚျပထားသည္။

ရဲတပ္ဖြဲ႕ႏွင့္သက္ဆုိင္ရာဌာနမ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕သည္ မူးယစ္မႈျဖင့္ဝရမ္းထုတ္ခံရသူမ်ားျဖစ္သည့္ အသက္ (၄၂)ႏွစ္အရြယ္အမ်ိဳးသမီး Piyachat Witchadilok ႏွင့္ ခင္ပြန္းျဖစ္သူ အသက္(၃၀)အရြယ္ Krittipong Uthensut တို႔ကို နံနက္(၅)နာရီအခ်ိန္တြင္ ဘန္ေကာက္ရိွ ၎တို႔၏ေနအိမ္တြင္ ဝင္ေရာက္ဖမ္းဆီးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဘန္ေကာက္ၿမိဳ႕ ေနရာ (၆)ေနရာရိွ ၎တို႔၏ပိုင္ဆုိင္မႈမ်ားကို သိမ္းဆည္းရာတြင္ Piyachat Witchadilok ၏ ရည္းစားျဖစ္သူ အသက္(၃၉)ႏွစ္အရြယ္ Amporn Heemman ေနထုိင္သည့္ အဆင့္ျမင့္အိမ္ရာတစ္ခုမွ ေနအိမ္လည္း သိမ္းဆည္းခံရေၾကာင္း သိရသည္။

Piyachat Witchadilok သည္ အိမ္နီးခ်င္းႏုိင္ငံမ်ားႏွင့္ မူးယစ္ေဆးဆက္သြယ္ေရာင္းဝယ္ေနသူျဖစ္ၿပီး မူးယစ္ေဆးမ်ားကို ႏိုင္ငံေျမာက္ပိုင္းမွတစ္ဆင့္ ဘန္ေကာက္၊ ႏုိင္ငံအလယ္ပိုင္းႏွင့္ အေရွ႕ပိုင္းသို႔ ပို႔ေဆာင္ေရာင္းခ်ေနသူျဖစ္သည္ဟု ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္သည္။

၎သည္ ၂၀၁၇ ခုႏွစ္က ထုိင္းႏိုင္ငံအတြင္း ဖမ္းဆီးရမိၿပီး ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလက ေသဒဏ္ ခ်မွတ္ခံထားရသည့္ ျမန္မာႏုိင္ငံသူ တာခ်ီလိတ္ၿမိဳ႕မွ နန္းျမင့္သိန္းေအးႏွင့္ ေငြေၾကးပမာဏအေျမာက္အမ်ား ခ်ိတ္ဆက္ေဆာင္ရြက္ေနသည့္အျပင္ ထုိင္းႏုိင္ငံတြင္ ဘဏ္စာရင္းဖြင့္လွစ္ၿပီး မူးယစ္ဂိုဏ္းမ်ားမွေငြမ်ားကို ျမန္မာႏုိင္ငံသို႔ လႊဲေျပာင္းေနမႈျဖင့္ ၂၀၁၇ ခုႏွစ္အတြင္း ဖမ္းဆီးခံထားရသည့္ လာအိုႏုိင္ငံသူ စီးပြားေရးလုပ္ငန္းရွင္ Mon Phet-aroon ၏ ေငြေၾကးခဝါခ်မႈႏွင့္လည္း ဆက္စပ္သည္ဟုဆိုသည္။

Piyachat Witchadilok အေနျဖင့္ အတည္တက်လုပ္ငန္းမရိွေသာ္လည္း ဘတ္သန္း (၁၀၀)ေက်ာ္ပိုင္ဆုိင္ထားၿပီး ပိုင္ဆုိင္မႈအမ်ားစုမွာ ခင္ပြန္းျဖစ္သူ၏ အမည္ျဖင့္ထားရိွျခင္းျဖစ္ေၾကာင္း သိရသည္။

ဇနီးျဖစ္သူမွာ မူးယစ္ေဆးေရာင္းဝယ္မႈလုပ္ေသာ္လည္း ၎အေနျဖင့္ ပါဝင္ျခင္းမရိွေၾကာင္း ခင္ပြန္းျဖစ္သူက ျငင္းဆိုထားၿပီး ၎၏ပိုင္ဆုိင္မႈမ်ားမွာ ယခင္စားေသာက္ဆုိင္လုပ္ငန္းမွဝင္ေငြျဖင့္ အရစ္က်ဝယ္ယူထားသည္မ်ားသာျဖစ္သည္ဟု ေျပာဆိုထားေၾကာင္း သိရသည္။

Ref:Bangkok Post
Photo: Police TV

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မူးယစ်ငွေခဝါချမှုဖြင့် ဖမ်းဆီးခံရသည့် မြန်မာနှင့် လာအိုနိုင်ငံသူများနှင့် ဆက်စပ်သည့် မူးယစ်ဆေး အဓိကဖြန့်ဖြူးသူ ထိုင်းအမျိုးသမီးကို ၎င်း၏ခင်ပွန်း၊ရည်းစားတို့နှင့်အတူ ဖမ်းဆီးလိုက်ပြီး ဘတ်သန်း(၁၀၀)ကျော် ပိုင်ဆိုင်မှုများ သိမ်းဆည်း
***************
ထိုင်းနိုင်ငံတွင် ဘဏ်စာရင်းဖွင့်လှစ်ပြီး မြန်မာမူးယစ်ဂိုဏ်းများသို့ ငွေကြေးလွှဲပြောင်းပေးမှုဖြင့် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသူ နန်းမြင့်သိန်းအေးနှင့် လာအိုနိုင်ငံသူ Mon Phet-aroon တို့၏အမှုနှင့် ဆက်စပ်နေသည့် မူးယစ်ဆေးအဓိကဖြန့်ဖြူးသူ အမျိုးသမီးကို ၎င်း၏ခင်ပွန်း၊ ရည်းစားဖြစ်သူတို့နှင့်အတူ ဖမ်းဆီးမိပြီး ဘတ်သန်း(၁၀၀)ကျော် ပိုင်ဆိုင်မှုများကို သိမ်းဆည်းလိုက်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် မူးယစ်ဆေးအဓိကဖြန့်ဖြူးနေသူ(၃)ဦးကို  ၂၀၁၉ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၉)ရက်နေ့၌ ဖမ်းဆီးလိုက်ပြီး ဘန်ကောက်မြို့ နေရာ(၆)နေရာမှ ၎င်းတို့၏ ဘတ်သန်း (၁၀၀)ကျော်တန်ဖိုးရှိသည့် ပိုင်ဆိုင်မှုများကို သိမ်းဆည်းလိုက်ကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်ဟု ဘန်ကောက်ပို့စ်သတင်းတွင် ရေးသားဖေါ်ပြထားသည်။

ရဲတပ်ဖွဲ့နှင့်သက်ဆိုင်ရာဌာနများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မူးယစ်မှုဖြင့်ဝရမ်းထုတ်ခံရသူများဖြစ်သည့် အသက် (၄၂)နှစ်အရွယ်အမျိုးသမီး Piyachat Witchadilok နှင့် ခင်ပွန်းဖြစ်သူ အသက်(၃၀)အရွယ် Krittipong Uthensut တို့ကို နံနက်(၅)နာရီအချိန်တွင် ဘန်ကောက်ရှိ ၎င်းတို့၏နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘန်ကောက်မြို့ နေရာ (၆)နေရာရှိ ၎င်းတို့၏ပိုင်ဆိုင်မှုများကို သိမ်းဆည်းရာတွင် Piyachat Witchadilok ၏ ရည်းစားဖြစ်သူ အသက်(၃၉)နှစ်အရွယ် Amporn Heemman နေထိုင်သည့် အဆင့်မြင့်အိမ်ရာတစ်ခုမှ နေအိမ်လည်း သိမ်းဆည်းခံရကြောင်း သိရသည်။

Piyachat Witchadilok သည် အိမ်နီးချင်းနိုင်ငံများနှင့် မူးယစ်ဆေးဆက်သွယ်ရောင်းဝယ်နေသူဖြစ်ပြီး မူးယစ်ဆေးများကို နိုင်ငံမြောက်ပိုင်းမှတစ်ဆင့် ဘန်ကောက်၊ နိုင်ငံအလယ်ပိုင်းနှင့် အရှေ့ပိုင်းသို့ ပို့ဆောင်ရောင်းချနေသူဖြစ်သည်ဟု ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

၎င်းသည် ၂၀၁၇ ခုနှစ်က ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးရမိပြီး ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလက သေဒဏ် ချမှတ်ခံထားရသည့် မြန်မာနိုင်ငံသူ တာချီလိတ်မြို့မှ နန်းမြင့်သိန်းအေးနှင့် ငွေကြေးပမာဏအမြောက်အများ ချိတ်ဆက်ဆောင်ရွက်နေသည့်အပြင် ထိုင်းနိုင်ငံတွင် ဘဏ်စာရင်းဖွင့်လှစ်ပြီး မူးယစ်ဂိုဏ်းများမှငွေများကို မြန်မာနိုင်ငံသို့ လွှဲပြောင်းနေမှုဖြင့် ၂၀၁၇ ခုနှစ်အတွင်း ဖမ်းဆီးခံထားရသည့် လာအိုနိုင်ငံသူ စီးပွားရေးလုပ်ငန်းရှင် Mon Phet-aroon ၏ ငွေကြေးခဝါချမှုနှင့်လည်း ဆက်စပ်သည်ဟုဆိုသည်။

Piyachat Witchadilok အနေဖြင့် အတည်တကျလုပ်ငန်းမရှိသော်လည်း ဘတ်သန်း (၁၀၀)ကျော်ပိုင်ဆိုင်ထားပြီး ပိုင်ဆိုင်မှုအများစုမှာ ခင်ပွန်းဖြစ်သူ၏ အမည်ဖြင့်ထားရှိခြင်းဖြစ်ကြောင်း သိရသည်။

ဇနီးဖြစ်သူမှာ မူးယစ်ဆေးရောင်းဝယ်မှုလုပ်သော်လည်း ၎င်းအနေဖြင့် ပါဝင်ခြင်းမရှိကြောင်း ခင်ပွန်းဖြစ်သူက ငြင်းဆိုထားပြီး ၎င်း၏ပိုင်ဆိုင်မှုများမှာ ယခင်စားသောက်ဆိုင်လုပ်ငန်းမှဝင်ငွေဖြင့် အရစ်ကျဝယ်ယူထားသည်များသာဖြစ်သည်ဟု ပြောဆိုထားကြောင်း သိရသည်။

Ref:Bangkok Post
Photo: Police TV

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~