ျမန္မာႏိုင္ငံ တာခ်ီလိတ္ၿမိဳ႕မွ တဆင့္ ထိုင္းႏိုင္ငံကို ျဖတ္သန္းကာ ျမန္မာႏုိင္ငံ ေတာင္ဘက္ပိုင္း ေကာ့ေသာင္းၿမိဳ႕ အထိ ကီလိုမီတာ (၄,၀၀၀)ေက်ာ္ စက္ဘီးစီးနင္းသည့္ စက္ဘီးသမား (၆)ဦးအနက္ အျပန္ခရီး ဆက္လက္ စီးနင္းေနသူ ကိုေနဇာ(Only Biker)သည္ ခရီးစဥ္ (၄၁)ရက္ေျမာက္ေန႔ျဖစ္သည့္ ၂၀၁၉ခုႏွစ္ ေဖေဖာ္၀ါရီလ(၂၀)ရက္ေန႔ နံနက္တြင္ တာခ်ီလိတ္သို႔ ျပန္ေရာက္လာရာ အထက(တာခ်ီလိတ္)ေက်ာင္းသားေဟာင္းမ်ားအဖြဲ႕က ႀကိဳဆိုၾကသည္။
“ထုိင္းႏုိင္ငံထဲက ျဖတ္သန္းလာတဲ့တစ္ေလွ်ာက္မွာ ကိုယ့္ႏုိင္ငံနဲ႔မတူတာေလးေတြ ထူးျခားတာေလးေတြ ေတြ႔ခဲ့ရတယ္။ သူတုိ႔ဆီမွာ ေတာရြာစာသင္ေက်ာင္းေတြမွာေတာင္ အေတာ္ေလး သန္႔သန္႔ျပန္႔ျပန္႔ေလး ျဖစ္ေနတယ္။ ကေလးေတြ အားကစားကြင္းကအစ အကုန္လုပ္ေပးထားတာ ေတြ႔ရတယ္။ လမ္းေတြမွာ အေရးေပၚ ဖုန္းေခၚလို႔ရတဲ့ ေနရာေတြ၊ အက္ဆီးဒင့္ျဖစ္လုိ႔ရိွရင္ ေခၚရမယ့္နံပါတ္ေတြ ဆုိင္းဘုတ္ေလးေတြ လုပ္ေပးထားတယ္။ ေနာက္ၿမိဳ႕ ေတာ္ေတာ္မ်ားမ်ားမွာ လမ္းခရီးသြားေတြ နားေနဖို႔ Resort ေလးေတြ၊ အိမ္သာ၊ ေရခ်ိဳးခန္း၊ Free Wi-Fi နဲ႔ လုပ္ေပးထားတယ္”ဟု Tour of 2019 Eastern to Thailand South Myanmar ခရီးစဥ္မွ ကိုေနဇာ(Only Biker)က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
Tour of 2019 Eastern to Thailand South Myanmar ခရီးစဥ္၏ (၄၁)ရက္ေျမာက္ေန႔ျဖစ္သည့္ ၂၀၁၉ ခုနွစ္၊ ေဖေဖၚဝါရီလ (၂၀)ရက္ေန႔တြင္ ခရီးအကြာအေဝး (၄၂၅၄)ကီလိုမီတာကို စက္ဘီး စီးနင္းလာၿပီး တာခ်ီလိတ္ၿမိဳ႕သို႔ျပန္ေရာက္လာသည့္ စက္ဘီးစီးနင္းသူ ကိုေနဇာ(Only Biker)မွာ အထက(တာခ်ီလိတ္)ေက်ာင္းသားေဟာင္းအဖြဲ႕ဝင္တစ္ဦးျဖစ္ရာ ေက်ာင္းသားေဟာင္းမ်ားအဖြဲ႕က J My King ဟိုတယ္တြင္ ႀကိဳဆိုၾကျခင္းျဖစ္ေၾကာင္း သိရသည္။
Tour of 2019 Eastern to Thailand South Myanmar ခရီးစဥ္မွ က်န္စက္ဘီးသမား (၅)ဦးျဖစ္သည့္ ကိုလွမိုး(ခ)ကိုတူး၊ စိုင္းရီဆိုင္(ခ)ပီနန္၊ အိုက္ပီးအြန္၊ ကိုေလာလူ၊ စိုင္းခမ္းရွဲန္တို႔မွာ ျပန္လည္ေရာက္ရိွေနၿပီ ျဖစ္သျဖင့္ စက္ဘီးစီးအဖြဲ႕ဝင္ (၆)ဦးတုိ႔အား က်ိဳင္းတံုၿမိဳ႕မွ ဂုဏ္ျပဳႀကိဳဆိုျခင္းကို က်ိဳင္းတံုၿမိဳ႕နယ္ အားကစားႏွင့္ကာယပညာဦးစီးဌာနႏွင့္ က်ိဳင္းတံုစက္ဘီးစီးအဖြဲ႕တုိ႔က ၂၀၁၉ ခုႏွစ္၊ ေဖေဖၚဝါရီလ (၁၉)ရက္ေန႔က လုပ္ေဆာင္ၾကသည္။
စက္ဘီးစီးသမား (၆)ဦးပါဝင္သည့္ အဖြဲ႕သည္ က်ိဳင္းတံုၿမိဳ႕မွ ၂၀၁၉ ခုႏွစ္၊ ဇန္နဝါရီလ (၁၁)ရက္ေန႔ နံနက္က စတင္ထြက္ခြာခဲ့ကာ ထုိင္းႏုိင္ငံမွ ျဖတ္သန္းၿပီးေနာက္ ကိုေလာလူ၊ ကိုအိုက္တီးအြန္၊ ကိုေနဇာ(Only Biker)ႏွင့္ ကိုစိုင္းခမ္းရွဲန္တို႔ (၄)ဦးအဖြဲ႕က တနသၤာရီတုိင္းေဒသႀကီး ေကာ့ေသာင္းၿမိဳ႕သို႔ လည္းေကာင္း၊ ကိုလွျမင့္မိုး(ခ) ကိုတူး၊ ဦးစိုင္းရီဆိုင္ (ခ)ပီနန္တို႔ (၂)ဦးအဖြဲ႕က ကရင္ျပည္နယ္ ေကာ့ကရိတ္ၿမိဳ႕သို႔လည္းေကာင္း စီးနင္းၾကျခင္းျဖစ္သည္။
အျပန္ခရီးတြင္ တာခ်ီလိတ္ၿမိဳ႕မွ ကိုေနဇာ(Only Biker)ႏွင့္ တာေလၿမိဳ႕မွ ကိုစိုင္းခမ္းရွဲန္တို႔က ေကာ့ေသာင္းမွေန၍ တာခ်ီလိတ္သို႔ ထိုင္းႏိုင္ငံအတြင္း ရေနာင္း - ခြ်န္းေဖာ၊ ေဟြဟင္၊ လမ္းပန္း၊ ခ်င္းရိုင္း၊ မယ္ဆိုင္ကိုျဖတ္သန္းၿပီး စက္ဘီးျပန္လည္စီးနင္းခဲ့ၾကျခင္းျဖစ္ၿပီး ကိုေနဇာ(Only Biker)က ထုိင္းႏုိ္င္ငံတြင္း ဆက္လက္စီးနင္းေနရာမွ တာခ်ီလိတ္သို႔ ျပန္လည္ေရာက္ရိွလာျခင္းျဖစ္သည္။
အဆိုပါ ျမန္မာစက္ဘီးသမားမ်ားသည္ မိမိတို႔အစီအစဥ္ျဖင့္ ခရီးစဥ္အား စီစဥ္ျခင္းျဖစ္ေသာ္လည္း ခရီးစဥ္တစ္ေလွ်ာက္တြင္ ေဒသတြင္းမွ စက္ဘီးအဖြဲ႕မ်ားက လာေရာက္ႀကိဳဆိုျခင္း၊ လိုအပ္သည္မ်ားကို ပံ့ပိုးကူညီေပးခဲ့ၾကေၾကာင္း သိရသည္။
Tachileik News Agency
ဓါတ္ပံု - ဟန္စိုးထိုက္ ၊ ေက်ာ္ဇင္ဟိန္း
“ထိုင်းနိုင်ငံထဲက ဖြတ်သန်းလာတဲ့တစ်လျှောက်မှာ ကိုယ့်နိုင်ငံနဲ့မတူတာလေးတွေ ထူးခြားတာလေးတွေ တွေ့ခဲ့ရတယ်။ သူတို့ဆီမှာ တောရွာစာသင်ကျောင်းတွေမှာတောင် အတော်လေး သန့်သန့်ပြန့်ပြန့်လေး ဖြစ်နေတယ်။ ကလေးတွေ အားကစားကွင်းကအစ အကုန်လုပ်ပေးထားတာ တွေ့ရတယ်။ လမ်းတွေမှာ အရေးပေါ် ဖုန်းခေါ်လို့ရတဲ့ နေရာတွေ၊ အက်ဆီးဒင့်ဖြစ်လို့ရှိရင် ခေါ်ရမယ့်နံပါတ်တွေ ဆိုင်းဘုတ်လေးတွေ လုပ်ပေးထားတယ်။ နောက်မြို့ တော်တော်များများမှာ လမ်းခရီးသွားတွေ နားနေဖို့ Resort လေးတွေ၊ အိမ်သာ၊ ရေချိုးခန်း၊ Free Wi-Fi နဲ့ လုပ်ပေးထားတယ်”ဟု Tour of 2019 Eastern to Thailand South Myanmar ခရီးစဉ်မှ ကိုနေဇာ(Only Biker)က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
Tour of 2019 Eastern to Thailand South Myanmar ခရီးစဉ်၏ (၄၁)ရက်မြောက်နေ့ဖြစ်သည့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀)ရက်နေ့တွင် ခရီးအကွာအဝေး (၄၂၅၄)ကီလိုမီတာကို စက်ဘီး စီးနင်းလာပြီး တာချီလိတ်မြို့သို့ပြန်ရောက်လာသည့် စက်ဘီးစီးနင်းသူ ကိုနေဇာ(Only Biker)မှာ အထက(တာချီလိတ်)ကျောင်းသားဟောင်းအဖွဲ့ဝင်တစ်ဦးဖြစ်ရာ ကျောင်းသားဟောင်းများအဖွဲ့က J My King ဟိုတယ်တွင် ကြိုဆိုကြခြင်းဖြစ်ကြောင်း သိရသည်။
Tour of 2019 Eastern to Thailand South Myanmar ခရီးစဉ်မှ ကျန်စက်ဘီးသမား (၅)ဦးဖြစ်သည့် ကိုလှမိုး(ခ)ကိုတူး၊ စိုင်းရီဆိုင်(ခ)ပီနန်၊ အိုက်ပီးအွန်၊ ကိုလောလူ၊ စိုင်းခမ်းရှဲန်တို့မှာ ပြန်လည်ရောက်ရှိနပြေီ ဖြစ်သဖြင့် စက်ဘီးစီးအဖွဲ့ဝင် (၆)ဦးတို့အား ကျိုင်းတုံမြို့မှ ဂုဏ်ပြုကြိုဆိုခြင်းကို ကျိုင်းတုံမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ကျိုင်းတုံစက်ဘီးစီးအဖွဲ့တို့က ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉)ရက်နေ့က လုပ်ဆောင်ကြသည်။
စက်ဘီးစီးသမား (၆)ဦးပါဝင်သည့် အဖွဲ့သည် ကျိုင်းတုံမြို့မှ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁၁)ရက်နေ့ နံနက်က စတင်ထွက်ခွာခဲ့ကာ ထိုင်းနိုင်ငံမှ ဖြတ်သန်းပြီးနောက် ကိုလောလူ၊ ကိုအိုက်တီးအွန်၊ ကိုနေဇာ(Only Biker)နှင့် ကိုစိုင်းခမ်းရှဲန်တို့ (၄)ဦးအဖွဲ့က တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့သို့ လည်းကောင်း၊ ကိုလှမြင့်မိုး(ခ) ကိုတူး၊ ဦးစိုင်းရီဆိုင် (ခ)ပီနန်တို့ (၂)ဦးအဖွဲ့က ကရင်ပြည်နယ် ကော့ကရိတ်မြို့သို့လည်းကောင်း စီးနင်းကြခြင်းဖြစ်သည်။
အပြန်ခရီးတွင် တာချီလိတ်မြို့မှ ကိုနေဇာ(Only Biker)နှင့် တာလမြေို့မှ ကိုစိုင်းခမ်းရှဲန်တို့က ကော့သောင်းမှနေ၍ တာချီလိတ်သို့ ထိုင်းနိုင်ငံအတွင်း ရနောင်း - ချွန်းဖော၊ ဟွေဟင်၊ လမ်းပန်း၊ ချင်းရိုင်း၊ မယ်ဆိုင်ကိုဖြတ်သန်းပြီး စက်ဘီးပြန်လည်စီးနင်းခဲ့ကြခြင်းဖြစ်ပြီး ကိုနေဇာ(Only Biker)က ထိုင်းနို်င်ငံတွင်း ဆက်လက်စီးနင်းနေရာမှ တာချီလိတ်သို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။
အဆိုပါ မြန်မာစက်ဘီးသမားများသည် မိမိတို့အစီအစဉ်ဖြင့် ခရီးစဉ်အား စီစဉ်ခြင်းဖြစ်သော်လည်း ခရီးစဉ်တစ်လျှောက်တွင် ဒေသတွင်းမှ စက်ဘီးအဖွဲ့များက လာရောက်ကြိုဆိုခြင်း၊ လိုအပ်သည်များကို ပံ့ပိုးကူညီပေးခဲ့ကြကြောင်း သိရသည်။
Tachileik News Agency
ဓာတ်ပုံ - ဟန်စိုးထိုက်၊ ကျော်ဇင်ဟိန်း