မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ရပ်ကွက် နှင့် ကျေးရွာများမှ မသန်စွမ်းသူ (၆၁၉)ဦးအတွက် တစ်ဦးလျှင် ကျပ်သုံးသောင်းနှုန်းဖြင့် ထောက်ပံ့ကြေးငွေ စုစုပေါင်း ကျပ်(၁၈၅)သိန်းကို အခမ်းအနားဖြင့် ပေးအပ် လိုက်ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေပေးအပ်ပွဲအား မင်းဘူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေး ခန်းမတွင် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၁၉)ရက်နေ့က အခမ်းအနားဖြင့် ပြုလုပ်ကာ တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်လိုက်ခြင်းဖြစ်သည်။
သတင်း/ဓါတ်ပုံ - ဖီးနစ်
"ကျွန်တော်တို့ မင်းဘူး(စကု)မြို့နယ်ထဲက မသန်စွမ်းသူ (၆၁၉)ဦးကို တစ်ဦးကို ကျပ်သုံးသောင်းနှုန်းနဲ့ ထောက်ပံကြေးငွေ ကျပ်(၁၈၅.၇)သိန်း ပေးအပ်ခဲ့တာဖြစ်ပါတယ်။ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ ရပ်/ကျေးစာရေးတွေက မသန်စွမ်းစာရင်းတွေ ကောက်ယူတဲ့ နေရာမှာ အတတ်နိုင်ဆုံး မကျန်အောင် ကောက်ယူကြတာ ဖြစ်ပေမယ့် ကျန်ရှိနေတာတစ်ချို့ ရှိနိုင်ပါတယ်။ ဒါကိုလည်း မကျန်အောင် ဆက်လက်ေ ကာက်ယူသွားမှာဖြစ်ပါတယ်"ဟု မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေး က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ ထောက်ပံ့ငွေပေးအပ်ပွဲအား မင်းဘူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအေဝး ခန်းမတွင် ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ(၁၉)ရက်နေ့က အခမ်းအနားဖြင့် ပြုလုပ်ကာ တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်လိုက်ခြင်းဖြစ်သည်။
သတင်း/ဓာတ်ပုံ - ဖီးနစ်