ေလထုအရည္အေသြးအညႊန္းကိန္း (၁၀၀) အထိကို သန္႔စင္သည့္ေလထုအျဖစ္သတ္မွတ္ထားျခင္းျဖစ္ၿပီး လက္ရိွတြင္ အညႊန္းကိန္း (၂၇၆)အထိရိွေနၿပီး ေလထုအတြင္း အမႈန္ပါဝင္မႈျမင့္ေနကာ ဆာလဖာဒိုင္ေအာက္ဆိုဒ္ ပါဝင္မႈ အတန္အသင့္မ်ားေနဆဲျဖစ္သျဖင့္ ကေလးမ်ား၊ သက္ႀကီးရြယ္အိုမ်ား၊ အသက္ရႈလမ္းေၾကာင္းဆုိင္ရာ ေရာဂါရိွသူမ်ားအေနျဖင့္ တတ္ႏုိင္သမွ် ေနအိမ္အတြင္း ေနထုိင္ၾကရန္၊ အျပင္ထြက္ပါက ႏွာေခါင္းစည္းမ်ား တပ္ဆင္ၾကရန္၊ မ်က္စိစပ္ျခင္းျဖစ္ေပၚပါက လက္ျဖင့္ပြတ္သပ္ျခင္းမျပဳဘဲ သန္႔ရွင္းေသာ ေရစိုဝတ္ျဖင့္ သုတ္ျခင္း၊ ေရသန္႔ျဖင့္ေဆးေၾကာျခင္းမ်ား ျပဳလုပ္ၾကရန္ က်န္းမာေရးဌာနက အႀကံျပဳထားသည္။
က်န္းမာေရးအေပၚ သက္ေရာက္မႈရိွသည့္ ေလထုအရည္အေသြးတိုင္းတာရာတြင္ ေလထုအတြင္း အိုဇုန္းေမာ္လီက်ဴး၊ အမႈန္ပါဝင္မႈ၊ ကာဗြန္မိုေနာဆိုဒ္ႏွင့္ ဆာလဖာဒိုင္ေအာက္ဆိုဒ္တုိ႔ ပါဝင္မႈႏႈန္းကို တုိင္းတာသတ္မွတ္ျခင္းျဖစ္ၿပီး (၀) မွ (၅၀)အထိမွာ ေကာင္းမြန္သည့္အေနအထား၊ (၅၁)မွ (၁၀၀)အထိမွာ အတန္အသင့္ေကာင္းမြန္သည့္အေနအထား၊ (၁၀၁)မွ (၁၅၀)အထိမွာ ဓါတ္မတည့္မႈျဖစ္ပြားလြယ္သူမ်ားအတြက္ ထိခိုက္ေစႏုိင္သည့္အေနအထား၊ (၁၅၁)မွ (၂၀၀)အထိမွာ က်န္းမာေရး ထိခိုက္ေစသည့္အေနအထား၊ (၂၀၁)မွ (၃၀၀)အထိ က်န္းမာေရးကို အလြန္ထိခိုက္ေစသည့္အေနအထားႏွင့္ (၃၀၁)မွ (၅၀၀)အထိကို အႏၱရာယ္ျဖစ္ေစသည့္အေနအထားအျဖစ္ အေမရိကန္ျပည္ေထာင္စု သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးေအဂ်င္စီက စံႏႈန္းသတ္မွတ္ထားျခင္းျဖစ္သည္။
ျမန္မာႏွင့္ထုိင္း ႏွစ္ႏုိင္ငံလံုးတြင္ စိုက္ပ်ိဳးရာသီအတြက္ ေတာင္ယာမီးရိႈ႕ျခင္း၊ စိုက္ပ်ိဳးေျမမ်ား မီးရိႈ႕ျခင္းမ်ားေၾကာင့္ ကာလရွည္ၾကာမီးခိုးျမဴဖံုးလႊမ္းမႈေၾကာင့္ ေလထုအရည္အေသြးက်ဆင္းသည့္ဒဏ္ကို ခံစားေနၾကရျခင္းျဖစ္ၿပီး တာခ်ီလိတ္ၿမိဳ႕တြင္ မီးခိုးျမဴေလွ်ာ့ခ်ေရးအတြက္ က်န္းမာေရးဌာနအပါအဝင္ သက္ဆုိင္ရာဌာနအသီးသီးပါဝင္သည့္ ခရိုင္ႏွင့္ၿမိဳ႕နယ္စီမံခန္႔ခြဲေရးေကာ္မတီက ေဆာင္ရြက္ေနျခင္းျဖစ္သည္။
မီးခိုးျမဴဖံုးလႊမ္းျခင္းႏွင့္ပတ္သက္၍ လူထုအားက်န္းမာေရးအသိေပးျခင္း၊ ႏွာေခါင္းစည္းမ်ား အခမဲ့ေဝငွျခင္း၊ မီးခိုးျမဴမ်ားေလ်ာ့က်ရန္အတြက္ မီးသတ္ယာဥ္မ်ားျဖင့္ ၿမိဳ႕တြင္း ေရမႈန္ေရမႊားမ်ားဖ်န္းေပးျခင္းတုိ႔ လုပ္ေဆာင္ေနသည့္အျပင္ ေတာင္ႀကီးၿမိဳ႕ရိွ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဌာနအကူအညီျဖင့္ ေလထုအရည္အေသြး တုိင္းတာျခင္းကို မတ္လ (၁၅)ရက္ေန႔ ညေနမွစတင္ တုိင္းတာေနျခင္းျဖစ္သည္။
Tachileik News Agency
ဓါတ္ပံု #ေက်ာ္ဇင္ဟိန္း
***********
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၊ မတ်လ(၁၇)ရက်နေ့ ညနေ (၃)နာရီ (၁၆)မိနစ်အထိ တိုင်းတာမှုရလဒ်အရ လေထုအရည်အသွေး အညွှန်းကိန်း (၂၇၆)ရှိသဖြင့် ကျန်းမာရေးအတွက် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေဆဲဖြစ်ကြောင်း သိရသည်။
လေထုအရည်အသွေးအညွှန်းကိန်း (၁၀၀) အထိကို သန့်စင်သည့်လေထုအဖြစ်သတ်မှတ်ထားခြင်းဖြစ်ပြီး လက်ရှိတွင် အညွှန်းကိန်း (၂၇၆)အထိရှိနေပြီး လေထုအတွင်း အမှုန်ပါဝင်မှုမြင့်နေကာ ဆာလဖာဒိုင်အောက်ဆိုဒ် ပါဝင်မှု အတန်အသင့်များနေဆဲဖြစ်သဖြင့် ကလေးများ၊ သက်ကြီးရွယ်အိုများ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူများအနေဖြင့် တတ်နိုင်သမျှ နေအိမ်အတွင်း နေထိုင်ကြရန်၊ အပြင်ထွက်ပါက နှာခေါင်းစည်းများ တပ်ဆင်ကြရန်၊ မျက်စိစပ်ခြင်းဖြစ်ပေါ်ပါက လက်ဖြင့်ပွတ်သပ်ခြင်းမပြုဘဲ သန့်ရှင်းသော ရေစိုဝတ်ဖြင့် သုတ်ခြင်း၊ ရေသန့်ဖြင့်ဆေးကြောခြင်းများ ပြုလုပ်ကြရန် ကျန်းမာရေးဌာနက အကြံပြုထားသည်။
ကျန်းမာရေးအပေါ် သက်ရောက်မှုရှိသည့် လေထုအရည်အသွေးတိုင်းတာရာတွင် လေထုအတွင်း အိုဇုန်းမော်လီကျူး၊ အမှုန်ပါဝင်မှု၊ ကာဗွန်မိုနောဆိုဒ်နှင့် ဆာလဖာဒိုင်အောက်ဆိုဒ်တို့ ပါဝင်မှုနှုန်းကို တိုင်းတာသတ်မှတ်ခြင်းဖြစ်ပြီး (ဝ) မှ (၅၀)အထိမှာ ကောင်းမွန်သည့်အနေအထား၊ (၅၁)မှ (၁၀၀)အထိမှာ အတန်အသင့်ကောင်းမွန်သည့်အနေအထား၊ (၁၀၁)မှ (၁၅၀)အထိမှာ ဓါတ်မတည့်မှုဖြစ်ပွားလွယ်သူများအတွက် ထိခိုက်စေနိုင်သည့်အနေအထား၊ (၁၅၁)မှ (၂၀၀)အထိမှာ ကျန်းမာရေး ထိခိုက်စေသည့်အနေအထား၊ (၂၀၁)မှ (၃၀၀)အထိ ကျန်းမာရေးကို အလွန်ထိခိုက်စေသည့်အနေအထားနှင့် (၃၀၁)မှ (၅၀၀)အထိကို အန္တရာယ်ဖြစ်စေသည့်အနေအထားအဖြစ် အမေရိကန်ပြည်ထောင်စု သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအေဂျင်စီက စံနှုန်းသတ်မှတ်ထားခြင်းဖြစ်သည်။
မြန်မာနှင့်ထိုင်း နှစ်နိုင်ငံလုံးတွင် စိုက်ပျိုးရာသီအတွက် တောင်ယာမီးရှို့ခြင်း၊ စိုက်ပျိုးမြေများ မီးရှို့ခြင်းများကြောင့် ကာလရှည်ကြာမီးခိုးမြူဖုံးလွှမ်းမှုကြောင့် လေထုအရည်အသွေးကျဆင်းသည့်ဒဏ်ကို ခံစားနေကြရခြင်းဖြစ်ပြီး တာချီလိတ်မြို့တွင် မီးခိုးမြူလျှော့ချရေးအတွက် ကျန်းမာရေးဌာနအပါအဝင် သက်ဆိုင်ရာဌာနအသီးသီးပါဝင်သည့် ခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲရေးကော်မတီက ဆောင်ရွက်နေခြင်းဖြစ်သည်။
မီးခိုးမြူဖုံးလွှမ်းခြင်းနှင့်ပတ်သက်၍ လူထုအားကျန်းမာရေးအသိပေးခြင်း၊ နှာခေါင်းစည်းများ အခမဲ့ဝေငှခြင်း၊ မီးခိုးမြူများလျော့ကျရန်အတွက် မီးသတ်ယာဉ်များဖြင့် မြို့တွင်း ရေမှုန်ရေမွှားများဖျန်းပေးခြင်းတို့ လုပ်ဆောင်နေသည့်အပြင် တောင်ကြီးမြို့ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနအကူအညီဖြင့် လေထုအရည်အသွေး တိုင်းတာခြင်းကို မတ်လ (၁၅)ရက်နေ့ ညနေမှစတင် တိုင်းတာနေခြင်းဖြစ်သည်။
Tachileik News Agency
ဓါတ်ပုံ #ကျော်ဇင်ဟိန်း