ဆိုင္ကယ္ေမာင္းႏွင္သူတိုင္း ယာဥ္ေမာင္းလုိင္စင္ရိွေစရန္ ရည္ရြယ္သည့္ အထူးအစီအစဥ္ တာခ်ီလိတ္ၿမိဳ႕ ရွမ္းရိုးမကြင္းအတြင္း မတ္လ(၂၁)ရက္ေန႔တြင္ ေန႔ခ်င္းၿပီး ေဆာင္ရြက္ေပးမည္ ဆိုင္ကယ္လိုင္စင္ပါ လာေရာက္ ျပဳလုပ္ႏိုင္

ဆိုင္ကယ္ေမာင္းႏွင္သူတိုင္း ယာဥ္ေမာင္းလုိင္စင္ရိွေစရန္ ရည္ရြယ္သည့္ အထူးအစီအစဥ္ တာခ်ီလိတ္ၿမိဳ႕ ရွမ္းရိုးမကြင္းအတြင္း မတ္လ(၂၁)ရက္ေန႔တြင္ ေန႔ခ်င္းၿပီး ေဆာင္ရြက္ေပးမည္ ဆိုင္ကယ္လိုင္စင္ပါ လာေရာက္ ျပဳလုပ္ႏိုင္
မတ် 20, 2019
By Tachileik News Agency

ဆိုင္ကယ္ေမာင္းႏွင္သူတိုင္း ယာဥ္ေမာင္းလုိင္စင္ရိွေစရန္ ရည္ရြယ္ခ်က္ျဖင့္ ယာဥ္ေမာင္းလိုင္စင္ ႏွင့္အတူ ယာဥ္လိုင္စင္ ျပဳလုပ္ေပးမည့္ အထူးအစီအစဥ္ကို ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕ ရွိ ရွမ္းရိုးမကြင္းတြင္ ၂၀၁၉ ခုႏွစ္၊ မတ္လ (၂၁)ရက္ေန႔၌ ေဆာင္ရြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

"မနက္ျဖန္ (၉) နာရီမွာ ယာဥ္ေမာင္းလိုင္စင္ေရာ၊ ဆိုင္ကယ္လိုင္စင္ေရာ One Stop Service လုပ္မယ္။ ရွမ္းရိုးမကြင္းထဲမွာေပါ့။ အာမခံတို႔၊ ကညနတို႔ အဖြဲ႕ (၄၊ ၅) ဖြဲ႕ေလာက္နဲ႔လုပ္ေပးမွာေပါ့။ ယာဥ္ေမာင္းလိုင္စင္က အရင္တုန္းက မွတ္ပံုတင္ပါမွ လုပ္ေပးတာ။ အခုက မွတ္ပံုတင္မပါလည္း လုပ္ေပးမယ္။ အထူးစီမံခ်က္အေနနဲ႔ လုပ္ေပးမယ္"ဟု အမွတ္(၁၁၉) ယာဥ္ထိန္းရဲတပ္ဖြဲ႕စု (တာခ်ီလိတ္ခရိုင္)မွ ဒုတိယရဲမွဴး ေဇာ္မင္းသိန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ မတ္လ (၂၀) ရက္ေန႔တြင္ ေျပာသည္။

ဆိုင္ကယ္ေမာင္းႏွင္သူတိုင္း ယာဥ္ေမာင္းလုိင္စင္ရိွေစရန္ ရည္ရြယ္ခ်က္ျဖင့္ အဆိုပါ အထူးအစီအစဥ္အျဖစ္ ကုန္းလမ္းပို႔ေဆာင္ေရးဦးစီးဌာန၊ ျမန္မာ့အာမခံႏွင့္ ျမန္မာႏိုင္ငံယာဥ္ထိန္းရဲတပ္ဖြဲ႕တို႔ ပူးေပါင္းေဆာင္ရြက္ေပးျခင္းျဖစ္ေၾကာင္း သိရသည္။

"ဆိုင္ကယ္စီးသူတိုင္း လိုင္စင္ရိွေအာင္ လုပ္ေပးေနတာပါ။ ရံုးမွာလာလုပ္ရင္ေတာ့ မွတ္ပံုတင္မူရင္း၊ မိတၱဴ၊ ဓာတ္ပံုေတြလိုတာေပါ့"ဟု တာခ်ီလိတ္ခရိုင္ ကုန္းလမ္းပို႔ေဆာင္ေရး ညႊန္ၾကားမႈဦးစီးဌာနမွ ခရိုင္ဦးစီးမွဴး ဦးစိုင္းလုံေက်ာက္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ဆိုင္ကယ္ေမာင္းႏွင္သူအမ်ားစုမွာ ယာဥ္ေမာင္းလိုင္စင္ ျပဳလုပ္မႈနည္းပါးေနသျဖင့္ အထူးစီမံခ်က္ျဖင့္ ေဆာင္ရြက္ေပးရန္ စီစဥ္ေပးျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ဟန္စိုးထုိက္


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ဆိုင်ကယ်မောင်းနှင်သူတိုင်း ယာဉ်မောင်းလိုင်စင်ရှိစေရန် ရည်ရွယ်ချက်ဖြင့် ယာဉ်မောင်းလိုင်စင် နှင့်အတူ ယာဉ်လိုင်စင် ပြုလုပ်ပေးမည့် အထူးအစီအစဉ်ကို ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ ရှိ ရှမ်းရိုးမကွင်းတွင် ၂၀၁၉ ခုနှစ်၊ မတ်လ (၂၁)ရက်နေ့၌ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"မနက်ဖြန် (၉) နာရီမှာ ယာဉ်မောင်းလိုင်စင်ရော၊ ဆိုင်ကယ်လိုင်စင်ရော One Stop Service လုပ်မယ်။ ရှမ်းရိုးမကွင်းထဲမှာပေါ့။ အာမခံတို့၊ ကညနတို့ အဖွဲ့ (၄၊ ၅) ဖွဲ့လောက်နဲ့လုပ်ပေးမှာပေါ့။ ယာဉ်မောင်းလိုင်စင်က အရင်တုန်းက မှတ်ပုံတင်ပါမှ လုပ်ပေးတာ။ အခုက မှတ်ပုံတင်မပါလည်း လုပ်ပေးမယ်။ အထူးစီမံချက်အနေနဲ့ လုပ်ပေးမယ်"ဟု အမှတ်(၁၁၉) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (တာချီလိတ်ခရိုင်)မှ ဒုတိယရဲမှူး ဇော်မင်းသိန်းက တာချီလိတ်သတင်းအေဂျင်စီသို့ မတ်လ (၂၀) ရက်နေ့တွင် ပြောသည်။

ဆိုင်ကယ်မောင်းနှင်သူတိုင်း ယာဉ်မောင်းလိုင်စင်ရှိစေရန် ရည်ရွယ်ချက်ဖြင့် အဆိုပါ အထူးအစီအစဉ်အဖြစ် ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာန၊ မြန်မာ့အာမခံနှင့် မြန်မာနိုင်ငံယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

"ဆိုင်ကယ်စီးသူတိုင်း လိုင်စင်ရှိအောင် လုပ်ပေးနေတာပါ။ ရုံးမှာလာလုပ်ရင်တော့ မှတ်ပုံတင်မူရင်း၊ မိတ္တူ၊ ဓာတ်ပုံတွေလိုတာပေါ့"ဟု တာချီလိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစိုင်းလုံကျောက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့နယ်အတွင်း ဆိုင်ကယ်မောင်းနှင်သူအများစုမှာ ယာဉ်မောင်းလိုင်စင် ပြုလုပ်မှုနည်းပါးနေသဖြင့် အထူးစီမံချက်ဖြင့် ဆောင်ရွက်ပေးရန် စီစဉ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net