မ်ိဳးဗီဇကိုယ္ပြားဖန္တီးသည့္ေခြးတစ္ေကာင္ကို တရုတ္ရဲတပ္ဖြဲ႕အေနျဖင့္ ပထမဆံုး စတင္အသံုးျပဳလုိက္ျခင္းျဖစ္ၿပီး ႏွစ္လသားအရြယ္ေခြးမေလးအား ယူနန္ျပည္နယ္ရိွ၊ ကူမင္းရဲတပ္ဖြဲ႕မွ ေခြးေလ့က်င့္ေရးစခန္းတြင္ စတင္ေလ့က်င့္ေပးေနျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ေခြးအားဖန္တီးလုိက္သည့္ သုေတသနလုပ္ငန္းကို ေဆာင္ရြက္သည့္ ယူနန္စိုက္ပ်ိဳးေရးတကၠသိုလ္ႏွင့္ Sinogene သည္ အိမ္ေမြးတိရစၦာန္မ်ားအား ပံုတူမ်ိဳးပြားဖန္တီးၿပီး ေစ်းကြက္တြင္ေရာင္းခ်ႏုိင္ရန္ လုပ္ေဆာင္ေနျခင္းျဖစ္ၿပီး ၎တို႔ဖန္တီးေပးထားသည့္ရဲေခြးသည္ လူမ်ားႏွင့္ရင္းႏွီးလြယ္ၿပီး သတိေကာင္းမြန္ကာ ေၾကာက္လန္႔မႈမရိွ၊ အနံ႔ခံအလြန္ေကာင္းသည္ဟု ဆိုသည္။
တရုတ္ရဲတပ္ဖြဲ႕မွ ဆုတံဆိပ္ရေခြး၏မ်ိဳးဗီဇကိုရယူကာ ဓါတ္ခြဲခန္းတြင္ သေႏၶေလာင္းဖန္တီးၿပီးေနာက္ အထူးေရြးခ်ယ္ထားသည့္ ဘီးဂဲလ္စ္တစ္ေကာင္ကို ကိုယ္ဝန္ေဆာင္ေမြးဖြားေစျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါဓါတ္ခြဲခန္းအေနျဖင့္ မ်ိဳးဗီဇပြားယူျခင္းအတြက္ ဘီးဂဲလ္စ္မ်ားကို အသံုးျပဳေလ့ရိွၿပီး ဘီးဂဲလ္စ္တစ္ေကာင္မွ မ်ိဳးဗီဇပြားယူဖန္တီးတုိင္း ဘတ္(၁.၈)မီလီယံခန္႔ အသံုးျပဳရေလ့ရိွေၾကာင္း သိရသည္။
တရုတ္ရဲတပ္ဖြဲ႕အတြက္ ရဲေခြးမ်ား ဗီဇမ်ိဳးပြားပံုတူဖန္တီးျခင္းကို စမ္းသပ္ေနဆဲျဖစ္ၿပီး လာမည့္ (၁၀)ႏွစ္တာကာလအတြင္း က်ယ္က်ယ္ျပန္႔ျပန္႔အသံုးျပဳဖြယ္ရိွသည္ဟု ဆိုထားသည္။
ရဲတပ္ဖြဲ႕တြင္ ဗီဇမ်ိဳးပြားေခြးဖန္တီးအသံုးျပဳျခင္းကို ေတာင္ကိုရီးယားႏုိင္ငံက ၂၀၀၇ ခုႏွစ္တြင္ ပထမဆံုး စတင္အသံုးျပဳခဲ့ျခင္းျဖစ္သည္။
တိရိစၦာန္မ်ားကို ေစ်းကြက္တင္ေရာင္းခ်ရန္ႏွင့္ သုေတသနစမ္းသပ္မႈမ်ားတြင္အသံုးျပဳရန္ ပံုတူမ်ိဳးပြားဖန္တီးျခင္းကို တရုတ္ႏုိင္ငံအေနျဖင့္ တိုး၍လုပ္ေဆာင္လာေနၿပီး မၾကာေသးမီအခ်ိန္ကလည္း စိတ္က်န္းမာေရးခ်ိဳ႕တဲ့သူမ်ားအတြက္ ထုတ္လုပ္မည့္ေဆးစမ္းသပ္ရန္ ဗီဇမ်ိဳးပြားေမ်ာက္ (၅)ေကာင္ကို ဖန္တီးထားျခင္းျဖစ္သည္။
Tachileik News Agency
Ref: Bangkok Post
*************
တရုတ်ရဲတပ်ဖွဲ့မှ အတော်ဆုံးအနံ့ခံခွေး၏မျိုးရိုးဗီဇကိုအသုံးပြု၍ ကိုယ်ပွားဖန်တီးထားသည့်ခွေးကို စတင်လေ့ကျင့်ပေးနေပြီဖြစ်ကြောင်း သိရသည်။
မျိုးဗီဇကိုယ်ပွားဖန်တီးသည့်ခွေးတစ်ကောင်ကို တရုတ်ရဲတပ်ဖွဲ့အနေဖြင့် ပထမဆုံး စတင်အသုံးပြုလိုက်ခြင်းဖြစ်ပြီး နှစ်လသားအရွယ်ခွေးမလေးအား ယူနန်ပြည်နယ်ရှိ၊ ကူမင်းရဲတပ်ဖွဲ့မှ ခွေးလေ့ကျင့်ရေးစခန်းတွင် စတင်လေ့ကျင့်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ခွေးအားဖန်တီးလိုက်သည့် သုတေသနလုပ်ငန်းကို ဆောင်ရွက်သည့် ယူနန်စိုက်ပျိုးရေးတက္ကသိုလ်နှင့် Sinogene သည် အိမ်မွေးတိရစ္ဆာန်များအား ပုံတူမျိုးပွားဖန်တီးပြီး ဈေးကွက်တွင်ရောင်းချနိုင်ရန် လုပ်ဆောင်နေခြင်းဖြစ်ပြီး ၎င်းတို့ဖန်တီးပေးထားသည့်ရဲခွေးသည် လူများနှင့်ရင်းနှီးလွယ်ပြီး သတိကောင်းမွန်ကာ ကြောက်လန့်မှုမရှိ၊ အနံ့ခံအလွန်ကောင်းသည်ဟု ဆိုသည်။
တရုတ်ရဲတပ်ဖွဲ့မှ ဆုတံဆိပ်ရခွေး၏မျိုးဗီဇကိုရယူကာ ဓါတ်ခွဲခန်းတွင် သန္ဓေလောင်းဖန်တီးပြီးနောက် အထူးရွေးချယ်ထားသည့် ဘီးဂဲလ်စ်တစ်ကောင်ကို ကိုယ်ဝန်ဆောင်မွေးဖွားစေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဓါတ်ခွဲခန်းအနေဖြင့် မျိုးဗီဇပွားယူခြင်းအတွက် ဘီးဂဲလ်စ်များကို အသုံးပြုလေ့ရှိပြီး ဘီးဂဲလ်စ်တစ်ကောင်မှ မျိုးဗီဇပွားယူဖန်တီးတိုင်း ဘတ်(၁.၈)မီလီယံခန့် အသုံးပြုရလေ့ရှိကြောင်း သိရသည်။
တရုတ်ရဲတပ်ဖွဲ့အတွက် ရဲခွေးများ ဗီဇမျိုးပွားပုံတူဖန်တီးခြင်းကို စမ်းသပ်နေဆဲဖြစ်ပြီး လာမည့် (၁၀)နှစ်တာကာလအတွင်း ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုဖွယ်ရှိသည်ဟု ဆိုထားသည်။
ရဲတပ်ဖွဲ့တွင် ဗီဇမျိုးပွားခွေးဖန်တီးအသုံးပြုခြင်းကို တောင်ကိုရီးယားနိုင်ငံက ၂၀၀၇ ခုနှစ်တွင် ပထမဆုံး စတင်အသုံးပြုခဲ့ခြင်းဖြစ်သည်။
တိရိစ္ဆာန်များကို ဈေးကွက်တင်ရောင်းချရန်နှင့် သုတေသနစမ်းသပ်မှုများတွင်အသုံးပြုရန် ပုံတူမျိုးပွားဖန်တီးခြင်းကို တရုတ်နိုင်ငံအနေဖြင့် တိုး၍လုပ်ဆောင်လာနေပြီး မကြာသေးမီအချိန်ကလည်း စိတ်ကျန်းမာရေးချို့တဲ့သူများအတွက် ထုတ်လုပ်မည့်ဆေးစမ်းသပ်ရန် ဗီဇမျိုးပွားမျောက် (၅)ကောင်ကို ဖန်တီးထားခြင်းဖြစ်သည်။
Tachileik News Agency
Ref: Bangkok Post