အြန္လိုင္းမွ ကားေအာ္ဒီယိုပစၥည္းမ်ားေရာင္းခ်ေနသည့္ အသက္ (၃၈)ႏွစ္အရြယ္ အဆိုပါ အမ်ိဳးသားကို ေနအိမ္ကားရပ္နားရန္ေနရာတြင္ ၂၀၁၉ ခုႏွစ္၊ မတ္လ (၂၀)ရက္ေန႔၌ ရဲတပ္ဖြဲ႕က ေစာင့္ဆုိင္းဖမ္းဆီးကာ ၎၏ေနအိမ္ခန္းတြင္ရွာေဖြရာ ဂ်ပ္စကၠဴပံုးမ်ားျဖင့္ထည့္ထားသည့္ စိတ္ၾကြေဆးျပားမ်ားကို စစ္ေဆးေတြ႔ရိွခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ စိတ္ၾကြေဆးျပားမ်ားကို ျမန္မာအမ်ိဳးသားတစ္ဦးက သယ္ယူပို႔ေဆာင္ခ ဘတ္ေငြ (၁)သိန္းေပးကာ ပထံုထာနီေစ်းတြင္ လာေရာက္သယ္ယူရန္ ခိုင္းေစခဲ့ျခင္းျဖစ္ၿပီး ထပ္မံေပးပို႔ရမည့္လိပ္စာကို ေစာင့္ဆုိင္းေနစဥ္ ဖမ္းဆီးခံရျခင္းျဖစ္သည္ဟု သိရသည္။
ကားေအာ္ဒီယိုပစၥည္းမ်ားႏွင့္ဆက္စပ္ပစၥည္းမ်ားကို အြန္လုိင္းမွေရာင္းခ်သည့္လုပ္ငန္းျဖင့္ သားသမီး (၂)ဦးကို လံုေလာက္စြာေထာက္ပံ့ႏုိင္ျခင္းမရိွသည့္အျပင္ ၎ကိုယ္တုိင္ မူးယစ္ေဆးစြဲေနခ်ိန္တြင္ ျမန္မာတစ္ဦးက မူးယစ္ေဆးသယ္ယူပို႔ေဆာင္ေပးရန္ စည္းရံုးသည္ကို လက္ခံလုိက္ျခင္းျဖစ္သည္ဟု ထြက္ဆိုထားေၾကာင္း သိရသည္။
အဆိုပါ မူးယစ္ေဆးဖမ္းဆီးရမိမႈႏွင့္ပတ္သက္၍ ထုိင္းရဲတပ္ဖြဲ႕က စံုစမ္းစစ္ေဆးမႈမ်ား ဆက္လက္လုပ္ေဆာင္ေနေၾကာင္း သိရသည္။
Tachileik News Agency
Ref: Bangkok Post
**********
မြန်မာတစ်ဦးထံမှ စိတ်ကြွဆေးပြားများ ပြန်လည်ဖြန့်ဖြူးပေးနေသည်ဆိုသည့် ထိုင်းအမျိုးသားတစ်ဦးကို စိတ်ကြွဆေးပြား (၄)သိန်းနှင့်အတူ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဖမ်းမိထားသဖြင့် ဆက်လက်စုံစမ်း စစ်ဆေးနေကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
အွန်လိုင်းမှ ကားအော်ဒီယိုပစ္စည်းများရောင်းချနေသည့် အသက် (၃၈)နှစ်အရွယ် အဆိုပါ အမျိုးသားကို နေအိမ်ကားရပ်နားရန်နေရာတွင် ၂၀၁၉ ခုနှစ်၊ မတ်လ (၂၀)ရက်နေ့၌ ရဲတပ်ဖွဲ့က စောင့်ဆိုင်းဖမ်းဆီးကာ ၎င်း၏နေအိမ်ခန်းတွင်ရှာဖွေရာ ဂျပ်စက္ကူပုံးများဖြင့်ထည့်ထားသည့် စိတ်ကြွဆေးပြားများကို စစ်ဆေးတွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စိတ်ကြွဆေးပြားများကို မြန်မာအမျိုးသားတစ်ဦးက သယ်ယူပို့ဆောင်ခ ဘတ်ငွေ (၁)သိန်းပေးကာ ပထုံထာနီဈေးတွင် လာရောက်သယ်ယူရန် ခိုင်းစေခဲ့ခြင်းဖြစ်ပြီး ထပ်မံပေးပို့ရမည့်လိပ်စာကို စောင့်ဆိုင်းနေစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု သိရသည်။
ကားအော်ဒီယိုပစ္စည်းများနှင့်ဆက်စပ်ပစ္စည်းများကို အွန်လိုင်းမှရောင်းချသည့်လုပ်ငန်းဖြင့် သားသမီး (၂)ဦးကို လုံလောက်စွာထောက်ပံ့နိုင်ခြင်းမရှိသည့်အပြင် ၎င်းကိုယ်တိုင် မူးယစ်ဆေးစွဲနေချိန်တွင် မြန်မာတစ်ဦးက မူးယစ်ဆေးသယ်ယူပို့ဆောင်ပေးရန် စည်းရုံးသည်ကို လက်ခံလိုက်ခြင်းဖြစ်သည်ဟု ထွက်ဆိုထားကြောင်း သိရသည်။
အဆိုပါ မူးယစ်ဆေးဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။
Tachileik News Agency
Ref: Bangkok Post