ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 1 တွင် မတ်လ(၂၂)ရက်နေ့ နေ့လည်ပိုင်း၌ မီးဘေးလုံခြုံမှုလေ့ကျင့်ရေးလုပ်ဆောင်မည်

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 1 တွင် မတ်လ(၂၂)ရက်နေ့ နေ့လည်ပိုင်း၌ မီးဘေးလုံခြုံမှုလေ့ကျင့်ရေးလုပ်ဆောင်မည်
မတျ 21, 2019
By Tachileik News Agency




Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 1 တွင် ၂၀၁၉ ခုနှစ်၊ မတ်လ (၂၂)ရက်နေ့ နေ့လယ် (၁)နာရီခွဲမှစ၍ နာရီဝက်အကြာ မီးဘေးလုံခြုံမှုလေ့ကျင့်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ယင်းသို့လေ့ကျင့်နေစဉ်အချိန်အတွင်း မီးတောက်၊ မီးခိုးများ၊ အရေးပေါ်အချက်ပေးသံများ၊ မီးသတ်ဝန်ထမ်းများနှင့် မီးသတ်ယာဉ်များနှင့်အတူ လေဆိပ်ဝန်ထမ်းများသည် အရေးပေါ်ထွက်ပေါက်မှ စုရပ်သို့ တစ်ပြိုင်နက်ထွက်ပြေး စုဝေးခြင်းကို လုပ်ဆောင်ကြမည်ဖြစ်ရာ အများပြည်သူအထိတ်တလန့်မဖြစ်စေရန် ကြိုတင်အသိပေးထားခြင်းဖြစ်ကြောင်း သိရသည်။

လေ့ကျင့်မှုဆောင်ရွက်စဉ်အတွင်း လေဆိပ်ဝန်ဆောင်မှုလုပ်ငန်းများ ပုံမှန်အတိုင်းဆက်လက်ဆောင်ရွက်ပေးနေမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net