၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လူထုထောက်ခံပွဲကို မကွေးတိုင်းဒေသကြီး ဆင်ဖြူကျွန်းမြို့ တွင် ၂၀၁၉ခုနှစ် မတ်လ(၂၁)ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ ဒေသခံအင်အား(၂,၀၀၀)၀န်းကျင်ဖြင့် မြို့တွင်း စီတန်းလှည့် လည်ကာ ကြွေးကြော်သံများဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။
သတင်း - ဖီးနစ်
ဓာတ်ပုံ - ဇော်ကြီး(KZ)
“ ဖွဲ့စည်းပုံအခြေခံဥပဒေကို စတင်ရေးဆွဲစဉ်ကတည်းက ပြည်သူတွေရဲ့ စစ်မှန်တဲ့ဆန္ဒနဲ့ ရေးဆွဲခဲ့တာမဟုတ်ဘူး။ အခု ဒီမိုကရေစီစနစ်မှာ ပြည်သူတိုက်ရိုက် ပါဝင်ခွင့်ရမယ့် ပြင်ဆင်ရေးဆွဲခွင့်ရမယ့် ဥပဒဖြေစ်တာကြောင့် ကျွန်တော်တို့အနေနဲ့ ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်ကြတာပါ”ဟု အဆိုပါ လူထုထောက်ခံပွဲတွင် ဦးဆောင်ပါဝင်သူ အမျိုးသားတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ ထောက်ခံဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်ဆင်နွှဲသူများက “ပြည်သူမကြိုက်တဲ့ဖွဲ့စည်း ပုံ- ပြင်ပေးပါ” “ဖွဲ့စည်းပုံပြင်ဆင်ရေးပူးပေါင်းကော်မတီ-အောင်ရမည်” “၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး-တို့အ ရေး” စသည့်
ကြွေးကြော်သံများဖြင့် ဆင်ဖြူကျွန်းမြို့ ရွှေချိုးဖြူဓာတ်ဆီဆိုင်မှ ဘုရားကြီးကွင်း အထိ စီတန်းလှည့် လည် ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ဖီးနစ်
ဓာတ်ပုံ - ဇော်ကြီး(KZ)