ထိုင္းႏိုင္ငံအတြင္း တရားမ၀င္ေနထိုင္သူ ႏုိင္ငံျခားသားမ်ားအား စီမံခ်က္ျဖင့္ ဖမ္းဆီသည့္ (၄၆)ႀကိမ္အေျမာက္အတြင္း ဖမ္းခံရသူမ်ားတြင္ ျမန္မာႏုိင္ငံသား (၁၆၉)ဦး ပါ၀င္

ထိုင္းႏိုင္ငံအတြင္း တရားမ၀င္ေနထိုင္သူ ႏုိင္ငံျခားသားမ်ားအား စီမံခ်က္ျဖင့္ ဖမ္းဆီသည့္ (၄၆)ႀကိမ္အေျမာက္အတြင္း ဖမ္းခံရသူမ်ားတြင္ ျမန္မာႏုိင္ငံသား (၁၆၉)ဦး ပါ၀င္
မတ် 22, 2019
By Tachileik News Agency

ထုိင္းႏုိင္ငံအတြင္း တရားမဝင္ႏုိင္ငံျခားသားမ်ားကို စီမံခ်က္ျဖင့္ ဖမ္းဆီးေနရာ (၄၆)ႀကိမ္ေျမာက္စီမံခ်က္အတြင္း ဖမ္းမိသည့္ ႏုိင္ငံျခားသား (၄၉၀)ဦးတြင္ ျမန္မာႏိုင္ငံသား (၁၆၉)ဦး ပါဝင္ေၾကာင္း သိရသည္။

ထိုင္းႏုိင္ငံတြင္း တရားမဝင္ေနထိုင္သူမ်ားအား စီမံခ်က္ျဖင့္ ဖမ္းဆီးမႈမ်ားအတြင္း စုစုေပါင္း (၈,၄၀၀)ဦးကို ဖမ္းဆီး ရမိထားၿပီျဖစ္ေၾကာင္း ထုိင္းလူဝင္မႈႀကီးၾကပ္ေရးဌာနက ၂၀၁၉ ခုႏွစ္၊ မတ္လ (၂၂)ရက္ေန႔တြင္ က်င္းပသည့္ သတင္းစာရွင္းလင္းပြဲ၌ ေျပာၾကားသည္။

(၄၆)ႀကိမ္ေျမာက္ဖမ္းဆီးရမိမႈအတြင္ ႏိုင္ငံတြင္း တရားမဝင္ ဝင္ေရာက္သူ ျမန္မာ (၁၄၁)ဦးႏွင့္အတူ လာအို (၁၁၀)ဦး၊ ကေမၻာဒီးယား (၈၅)ဦး၊ ဗီယက္နမ္ႏွင့္ အိႏၵိယတစ္ဦးစီကို လည္းေကာင္း၊ အိႏၵိယ၊ ဗီယက္နမ္၊ လာအို၊ ကင္မရြန္း၊ ျမန္မာ၊ ကေမၻာဒီးယား၊ ဆြစ္ဇာလန္ႏွင့္ အေမရိကန္တို႔မွ စုစုေပါင္း (၁၄)ဦးကို လည္းေကာင္း စစ္ေဆးေတြ႔ရိွထားျခင္းျဖစ္ေၾကာင္း သိရသည္။

ျမန္မာ (၂၇)ဦး အပါအဝင္ ကေမၻာဒီးယား၊ လာအို၊ အိႏၵိယ၊ တရုတ္၊ ဗီယက္နမ္၊ ရုရွား၊ ျပင္သစ္၊ ပိုလန္၊ ေတာင္ကိုရီးယားႏွင့္ ကေနဒါတို႔မွ စုစုေပါင္း (၅၃)ဦးမွာ ေနရပ္လိပ္စာ အသိေပးရန္ပ်က္ကြက္ျခင္း သို႔မဟုတ္ နုိင္ငံျခားသားအလုပ္ လုပ္ခြင့္ ဥပေဒခ်ိဳးေဖါက္ျခင္းတို႔ျဖင့္ ဖမ္းဆီးထားျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းတုိ႔ႏွင့္အတူ ႏုိင္ငံျခားသား လာေရာက္ေနထိုင္မႈကို (၂၄)နာရီအတြင္း သတင္းေပးပို႔ရန္ ပ်က္ကြက္ခဲ့သည့္ ထုိင္းႏုိင္ငံသား (၈၅)ဦးကိုပါ ဖမ္းဆီးျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
Ref: The Nation
Photo: bangkokbiznews ၊ The Nation


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံအတွင်း တရားမဝင်နိုင်ငံခြားသားများကို စီမံချက်ဖြင့် ဖမ်းဆီးနေရာ (၄၆)ကြိမ်မြောက်စီမံချက်အတွင်း ဖမ်းမိသည့် နိုင်ငံခြားသား (၄၉၀)ဦးတွင် မြန်မာနိုင်ငံသား (၁၆၉)ဦး ပါဝင်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင်း တရားမဝင်နေထိုင်သူများအား စီမံချက်ဖြင့် ဖမ်းဆီးမှုများအတွင်း စုစုပေါင်း (၈,၄၀၀)ဦးကို ဖမ်းဆီး ရမိထားပြီဖြစ်ကြောင်း ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက ၂၀၁၉ ခုနှစ်၊ မတ်လ (၂၂)ရက်နေ့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

(၄၆)ကြိမ်မြောက်ဖမ်းဆီးရမိမှုအတွင် နိုင်ငံတွင်း တရားမဝင် ဝင်ရောက်သူ မြန်မာ (၁၄၁)ဦးနှင့်အတူ လာအို (၁၁၀)ဦး၊ ကမ္ဘောဒီးယား (၈၅)ဦး၊ ဗီယက်နမ်နှင့် အိန္ဒိယတစ်ဦးစီကို လည်းကောင်း၊ အိန္ဒိယ၊ ဗီယက်နမ်၊ လာအို၊ ကင်မရွန်း၊ မြန်မာ၊ ကမ္ဘောဒီးယား၊ ဆွစ်ဇာလန်နှင့် အမေရိကန်တို့မှ စုစုပေါင်း (၁၄)ဦးကို လည်းကောင်း စစ်ဆေးတွေ့ရှိထားခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ (၂၇)ဦး အပါအဝင် ကမ္ဘောဒီးယား၊ လာအို၊ အိန္ဒိယ၊ တရုတ်၊ ဗီယက်နမ်၊ ရုရှား၊ ပြင်သစ်၊ ပိုလန်၊ တောင်ကိုရီးယားနှင့် ကနေဒါတို့မှ စုစုပေါင်း (၅၃)ဦးမှာ နေရပ်လိပ်စာ အသိပေးရန်ပျက်ကွက်ခြင်း သို့မဟုတ် နိုင်ငံခြားသားအလုပ် လုပ်ခွင့် ဥပဒေချိုးဖောက်ခြင်းတို့ဖြင့် ဖမ်းဆီးထားခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတို့နှင့်အတူ နိုင်ငံခြားသား လာရောက်နေထိုင်မှုကို (၂၄)နာရီအတွင်း သတင်းပေးပို့ရန် ပျက်ကွက်ခဲ့သည့် ထိုင်းနိုင်ငံသား (၈၅)ဦးကိုပါ ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Ref: The Nation
Photo: bangkokbiznews ၊ The Nation

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net