ေအာ္ရန္အူတန္ကို ခရီးေဆာင္အိတ္အတြင္းဝွက္၍ သယ္ရန္ႀကိဳးစားသည့္ လူငယ္တစ္ဦး အင္ဒိုနီးရွားတြင္ ေထာင္ဒဏ္ (၅)ႏွစ္ႏွင့္ ဒဏ္ေငြေဒၚလာ (၇၀၀၀)က်ခံရဖြယ္ရိွေန

ေအာ္ရန္အူတန္ကို ခရီးေဆာင္အိတ္အတြင္းဝွက္၍ သယ္ရန္ႀကိဳးစားသည့္ လူငယ္တစ္ဦး အင္ဒိုနီးရွားတြင္ ေထာင္ဒဏ္ (၅)ႏွစ္ႏွင့္ ဒဏ္ေငြေဒၚလာ (၇၀၀၀)က်ခံရဖြယ္ရိွေန
မတ် 25, 2019
By 🌸
ေအာ္ရန္အူတန္ေမ်ာက္ဝံအား ခရီးေဆာင္အိတ္အတြင္းဝွက္၍ သယ္ယူရန္ႀကိဳးစားသည့္ ရုရွားလူငယ္တစ္ဦး အင္ဒိုနီးရွားႏုိင္ငံ၊ ဘာလီတြင္ဖမ္းဆီးခံရေၾကာင္း သိရသည္။

ဘာလီကၽြန္းမွ အသက္(၂)ႏွစ္အရြယ္ ေအာ္ရန္အူတန္ေလးအား ခရီးေဆာင္အိတ္အတြင္း ထည့္သယ္လာသည္ကို X-Ray စက္ျဖင့္ျဖတ္စဥ္ စစ္ေဆးေတြ႔ရိွရသျဖင့္ အသက္ (၂၇)ႏွစ္အရြယ္ ရုရွားခရီးသြားလူငယ္ကို သဘာဝသယံဇာတထိန္းသိမ္းေရးဥပေဒျဖင့္ ဖမ္းဆီးလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

ေအာ္ရန္အူတန္ေလးအား (၃)နာရီခန္႔ေမ့ေမ်ာေနရန္ ႏြားႏို႔ႏွင့္ေရာ၍ ေဆးတုိက္ေကၽြးထားကာ သယ္ေဆာင္ျခင္းျဖစ္ေၾကာင္း သိရသည္။

ဘာလီတြင္ လမ္းေဘးေစ်းအတြင္း ေစ်းဝယ္စဥ္ ေစ်းသည္က အဆိုပါ ေမ်ာက္ဝံအား လက္ေဆာင္ေပးလုိက္ျခင္းျဖစ္ေၾကာင္း သိရသည္။

ေတာရိုင္းတိရစၦာန္အား ခြင့္ျပဳခ်က္မရိွဘဲသယ္ေဆာင္မႈျဖင့္ ေထာင္ဒဏ္ (၅)ႏွစ္ႏွင့္ ေငြဒဏ္ အေမရိကန္ေဒၚလာ (၇၀၀၀)ခ်မွတ္ခံရႏုိင္ဖြယ္ရိွေၾကာငး္ သိရသည္။

ေအာ္ရန္အူတန္မ်ားသည္ မ်ိဳးတုန္းေပ်ာက္ကြယ္မည့္အႏၱရာယ္ႏွင့္ ႀကံဳေတြ႕ေနရသည့္မ်ိဳးစိတ္ျဖစ္သျဖင့္ အထူးထိန္းသိမ္းရန္လိုအပ္ေနၿပီး ကမၻာတြင္ အေကာင္ေရ တစ္သိန္းခန္႔သာရိွေတာ့မည္ဟု ႏိုင္ငံတကာပတ္ဝန္းက်င္ထိန္းသိမ္းေရးအဖြဲ႕က ယံုၾကည္ထားသည္။

ဘာလီကၽြန္းအလည္အပတ္လာသည့္ ခရီးသြားမ်ားသည္ ေတာရိုင္းတိရစၦာန္ေလးမ်ားအား သယ္ယူရန္ႀကိဳးစားတတ္သျဖင့္ မၾကာခဏထိန္းသိမ္းခံရေလ့ရိွေၾကာင္းသ ိရသည္။

Tachileik News Agency
Source: Straitstimes, New York Post

~~~~~~~~⊰❂ Unicode Version ~~~~~~~~
အော်ရန်အူတန်ကို ခရီးဆောင်အိတ်အတွင်းဝှက်၍ သယ်ရန်ကြိုးစားသည့် လူငယ်တစ်ဦး အင်ဒိုနီးရှားတွင် ထောင်ဒဏ် (၅)နှစ်နှင့် ဒဏ်ငွေဒေါ်လာ (၇၀၀၀)ကျခံရဖွယ်ရှိနေ
************
အော်ရန်အူတန်မျောက်ဝံအား ခရီးဆောင်အိတ်အတွင်းဝှက်၍ သယ်ယူရန်ကြိုးစားသည့် ရုရှားလူငယ်တစ်ဦး အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီတွင်ဖမ်းဆီးခံရကြောင်း သိရသည်။

ဘာလီကျွန်းမှ အသက်(၂)နှစ်အရွယ် အော်ရန်အူတန်လေးအား ခရီးဆောင်အိတ်အတွင်း ထည့်သယ်လာသည်ကို X-Ray စက်ဖြင့်ဖြတ်စဉ် စစ်ဆေးတွေ့ရှိရသဖြင့် အသက် (၂၇)နှစ်အရွယ် ရုရှားခရီးသွားလူငယ်ကို သဘာဝသယံဇာတထိန်းသိမ်းရေးဥပဒေဖြင့် ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အော်ရန်အူတန်လေးအား (၃)နာရီခန့်မေ့မျောနေရန် နွားနို့နှင့်ရော၍ ဆေးတိုက်ကျွေးထားကာ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

ဘာလီတွင် လမ်းဘေးဈေးအတွင်း ဈေးဝယ်စဉ် ဈေးသည်က အဆိုပါ မျောက်ဝံအား လက်ဆောင်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

တောရိုင်းတိရစ္ဆာန်အား ခွင့်ပြုချက်မရှိဘဲသယ်ဆောင်မှုဖြင့် ထောင်ဒဏ် (၅)နှစ်နှင့် ငွေဒဏ် အမေရိကန်ဒေါ်လာ (၇၀၀၀)ချမှတ်ခံရနိုင်ဖွယ်ရှိကြောင်း သိရသည်။

အော်ရန်အူတန်များသည် မျိုးတုန်းပျောက်ကွယ်မည့်အန္တရာယ်နှင့် ကြုံတွေ့နေရသည့်မျိုးစိတ်ဖြစ်သဖြင့် အထူးထိန်းသိမ်းရန်လိုအပ်နေပြီး ကမ္ဘာတွင် အကောင်ရေ တစ်သိန်းခန့်သာရှိတော့မည်ဟု နိုင်ငံတကာပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က ယုံကြည်ထားသည်။

ဘာလီကျွန်းအလည်အပတ်လာသည့် ခရီးသွားများသည် တောရိုင်းတိရစ္ဆာန်လေးများအား သယ်ယူရန်ကြိုးစားတတ်သဖြင့် မကြာခဏထိန်းသိမ်းခံရလေ့ရှိကြောင်းသ ိရသည်။

Tachileik News Agency
Source: Straitstimes, New York Post

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net