ထုိင္းႏုိင္ငံ ဘန္ေကာက္၊ ပတၱယားႏွင့္ မဟာခ်ိဳင္တို႔တြင္ ဖမ္းဆီးခံခဲ့ရသည့္ ျမန္မာႏိုင္ငံသား(၉)ဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္း

ထုိင္းႏုိင္ငံ ဘန္ေကာက္၊ ပတၱယားႏွင့္ မဟာခ်ိဳင္တို႔တြင္ ဖမ္းဆီးခံခဲ့ရသည့္ ျမန္မာႏိုင္ငံသား(၉)ဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္း
မတ် 25, 2019
By Tachileik News Agency
ထုိင္းႏုိင္ငံ ဘန္ေကာက္၊ ပတၱယားႏွင့္ မဟာခ်ိဳင္တို႔တြင္ ဖမ္းဆီးခံခဲ့ရသည့္ ရွမ္းျပည္နယ္မွ အမ်ိဳးသား (၉)ဦးကို ၂၀၁၉ ခုႏွစ္၊ မတ္လ (၂၅)ရက္ေန႔ ေန႔လယ္(၁၁)နာရီ၌ ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕သို႔ လာေရာက္လႊဲေျပာင္းေပးေၾကာင္း သိရသည္။

ထုိင္းႏုိင္ငံမွ တာဝန္ရိွသူမ်ားက ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးတံတား အမွတ္ (၂) တာခ်ီလိတ္ဘက္ျခမ္းသို႔ အဆိုပါ အမ်ိဳးသား (၉)ဦးကို လာေရာက္လႊဲေျပာင္းေပးရာ ျမန္မာႏုိင္ငံဘက္မွ အလုပ္သမား လူ၀င္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆုိင္ရာ ဦးစီးဌာန၊ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ၿမိဳ႕နယ္အလုပ္သမား ညႊန္ၾကားမႈဦးစီးဌာန၊ လူကုန္ကူးမွဳတုိက္ဖ်က္ေရးရဲတပ္ဖြဲ႕ႏွင့္ ထုိင္းႏုိင္ငံမယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏွိဳင္းေရးေကာ္မတီ (CNCMC ) တို႔က စိစစ္လက္ခံၾကေၾကာင္း သိရသည္။

တာခ်ီလိတ္မွ နယ္စပ္ျဖတ္သန္းခြင့္လက္မွတ္ျဖင့္ ထုိင္းနိုင္ငံဘက္ လည္ပတ္ရာတြင္ သတ္မွတ္ ဧရိယာ ေက်ာ္လြန္သြားလာသူမ်ားအပါအဝင္ အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ ဖမ္းဆီးခံရၿပီး ျပစ္ဒဏ္ေစ့သူမ်ားကိုလည္း ျမန္မာဘက္သို႔ နယ္စပ္ဂိတ္မ်ားမွတစ္ဆင့္ ျပန္လည္လႊဲေျပာင္းေပးေလ့ရိွၿပီး တစ္ခါတစ္ရံတြင္ ျမန္မာႏုိင္ငံသားအျဖစ္ အတည္ျပဳႏုိင္ျခင္းမရိွသူမ်ားကို ထုိင္းဘက္သို႔ ျပန္လည္လႊဲေျပာင္းေပးရမႈမ်ားလည္းရိွေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - CNCMC


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံ ဘန်ကောက်၊ ပတ္တယားနှင့် မဟာချိုင်တို့တွင် ဖမ်းဆီးခံခဲ့ရသည့် ရှမ်းပြည်နယ်မှ အမျိုးသား (၉)ဦးကို ၂၀၁၉ ခုနှစ်၊ မတ်လ (၂၅)ရက်နေ့ နေ့လယ်(၁၁)နာရီ၌ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့သို့ လာရောက်လွှဲပြောင်းပေးကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၂) တာချီလိတ်ဘက်ခြမ်းသို့ အဆိုပါ အမျိုးသား (၉)ဦးကို လာရောက်လွှဲပြောင်းပေးရာ မြန်မာနိုင်ငံဘက်မှ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC ) တို့က စိစစ်လက်ခံကြကြောင်း သိရသည်။

တာချီလိတ်မှ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်ဖြင့် ထိုင်းနိုင်ငံဘက် လည်ပတ်ရာတွင် သတ်မှတ် ဧရိယာ ကျော်လွန်သွားလာသူများအပါအဝင် အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးခံရပြီး ပြစ်ဒဏ်စေ့သူများကိုလည်း မြန်မာဘက်သို့ နယ်စပ်ဂိတ်များမှတစ်ဆင့် ပြန်လည်လွှဲပြောင်းပေးလေ့ရှိပြီး တစ်ခါတစ်ရံတွင် မြန်မာနိုင်ငံသားအဖြစ် အတည်ပြုနိုင်ခြင်းမရှိသူများကို ထိုင်းဘက်သို့ ပြန်လည်လွှဲပြောင်းပေးရမှုများလည်းရှိကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - CNCMC

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net