ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းခတ်မြို့နယ်၊ နမ့်မွဲကျေးရွာမြေသားလမ်းတွင် သုံးဘီးဆိုင်ကယ်တစ်စီး လမ်းဘေးချောက်အတွင်း ထိုးကျ၍ ယာဉ်မောင်းသေဆုံးပြီး ယာဉ်ပေါ်ပါသူ(၂)ဦးထိခိုက်ဒဏ်ရာရသွားကြောင်း သိရသည်။
နမ့်မွဲကျေးရွာလမ်းတွင် ၂၀၁၉ ခုနှစ်၊ မတ်လ (၂၅)ရက်နေ့ နေ့လယ်ပိုင်းက စိုင်းဖူးမောင်းနှင်ပြီး ဦးစိုင်းနွန်းနှင့် ဦးစိုင်းလုံးရီတို့လိုက်ပါလာသည့် သုံးဘီးဆိုင်ကယ်သည် မြေသားလမ်းကုန်းဆင်းတွင် အရှိန်မထိန်းဘဲ လမ်းဘေး အနက်ပေ (၂၀)ခန့်ရှိတောထဲသို့ ထိုးကျတိမ်းမှောက်သွားခြင်းဖြစ်ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း စိုင်းဖူးမှာ နေရာတွင် သေဆုံးသွားပြီး ဦးစိုင်းနွန်းနှင့် ဦးစိုင်းလုံးရီတို့မှာ ဒဏ်ရာများရရှိသွားကြခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်၍ ယာဉ်မောင်း စိုင်းဖူးကို မိုင်းခတ်မြို့မရဲစခန်းတွင် ယာဉ်(ပ)၁/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၃၀၄-ကဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
သတင်း - ငြိမ်းချမ်း(ပြည်)
ဓါတ်ပုံ - ရဲတပ်ဖွဲ့