အိမ္ေမြးေခြးက စိတ္ၾကြေဆးျပားမ်ားသယ္လာ၍ အိမ္ရွင္က ရဲတပ္ဖြဲ႕ထံအေၾကာင္းၾကားခဲ့ရ

အိမ္ေမြးေခြးက စိတ္ၾကြေဆးျပားမ်ားသယ္လာ၍ အိမ္ရွင္က ရဲတပ္ဖြဲ႕ထံအေၾကာင္းၾကားခဲ့ရ
မတ် 27, 2019
By 🌸
ထုိင္းႏုိင္ငံ၊ လန္းပန္းခရိုင္တြင္ အိမ္ေမြးေခြးတစ္ေကာင္က စိတ္ၾကြေဆးျပား (၃၆၈၀)ျပားပါဝင္သည့္ အထုပ္သယ္လာသျဖင့္ အိမ္ရွင္အမ်ိဳးသမီးက ရဲတပ္ဖြဲ႕ထံအေၾကာင္းၾကားခဲ့ရေၾကာင္း သိရသည္။

အိမ္ရွင္အမ်ိဳးသမီးက ၂၀၁၉ ခုႏွစ္၊ မတ္လ (၂၆)ရက္ေန႔ နံနက္ (၈)နာရီခန္႔တြင္ တစ္ႏွစ္သားအရြယ္ အိမ္ေမြးေခြး ေဆာ့ကစားထားသည့္ ပလတ္စတစ္အိတ္အတြင္းမွ စိတ္ၾကြေဆးျပားအိမ္မ်ားထြက္လာသည္ကို ေတြ႔ရသျဖင့္ ရဲတပ္ဖြဲ႕ထံအေၾကာင္းၾကားခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါေခြး မူးယစ္ေဆးမ်ားေတြ႔လာသည့္ေနရာကို ရဲတပ္ဖြဲ႕ကအနီးဝန္းက်င္သစ္ေတာမ်ားတြင္ ရွာေဖြေနၾကၿပီး မူးယစ္ေဆးေရာင္းခ်သူမ်ားက အခ်ိန္းအခ်က္ျဖင့္ယူေဆာင္ရန္ျမဳပ္ႏွံထားသည့္ေနရာကို ေခြးကရွာေဖြေတြ႔ရိွလာျခင္းျဖစ္ႏုိင္သည္ဟု ရဲတပ္ဖြဲ႕က ယူဆထားၾကသည္။

ထိုင္းႏိုင္ငံအတြင္း မူးယစ္ေဆးသယ္ေဆာင္သူမ်ား၊ ေရာင္းခ်သူမ်ားက မူးယစ္ေဆးမ်ားကို ေျမႀကီးထဲျမဳပ္ထံထားကာ လႊဲေျပာင္းေလ့ရိွၾကသျဖင့္ ေျမႀကီးတြင္ျမဳပ္ထားသည့္မူးယစ္ေဆးမ်ားကို ထုိင္းရဲတပ္ဖြဲ႕က မၾကာခဏရွာေဖြေတြ႔ရိွေလ့ရိွေၾကာင္း သိရသည္။

Tachileik News Agency
Ref:The Nation

~~~~~~~~⊰❂ Unicode Version ~~~~~~~~
အိမ်မွေးခွေးက စိတ်ကြွဆေးပြားများသယ်လာ၍ အိမ်ရှင်က ရဲတပ်ဖွဲ့ထံအကြောင်းကြားခဲ့ရ
*******
ထိုင်းနိုင်ငံ၊ လန်းပန်းခရိုင်တွင် အိမ်မွေးခွေးတစ်ကောင်က စိတ်ကြွဆေးပြား (၃၆၈၀)ပြားပါဝင်သည့် အထုပ်သယ်လာသဖြင့် အိမ်ရှင်အမျိုးသမီးက ရဲတပ်ဖွဲ့ထံအကြောင်းကြားခဲ့ရကြောင်း သိရသည်။

အိမ်ရှင်အမျိုးသမီးက ၂၀၁၉ ခုနှစ်၊ မတ်လ (၂၆)ရက်နေ့ နံနက် (၈)နာရီခန့်တွင် တစ်နှစ်သားအရွယ် အိမ်မွေးခွေး ဆော့ကစားထားသည့် ပလတ်စတစ်အိတ်အတွင်းမှ စိတ်ကြွဆေးပြားအိမ်များထွက်လာသည်ကို တွေ့ရသဖြင့် ရဲတပ်ဖွဲ့ထံအကြောင်းကြားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါခွေး မူးယစ်ဆေးများတွေ့လာသည့်နေရာကို ရဲတပ်ဖွဲ့ကအနီးဝန်းကျင်သစ်တောများတွင် ရှာဖွေနေကြပြီး မူးယစ်ဆေးရောင်းချသူများက အချိန်းအချက်ဖြင့်ယူဆောင်ရန်မြုပ်နှံထားသည့်နေရာကို ခွေးကရှာဖွေတွေ့ရှိလာခြင်းဖြစ်နိုင်သည်ဟု ရဲတပ်ဖွဲ့က ယူဆထားကြသည်။

ထိုင်းနိုင်ငံအတွင်း မူးယစ်ဆေးသယ်ဆောင်သူများ၊ ရောင်းချသူများက မူးယစ်ဆေးများကို မြေကြီးထဲမြုပ်ထံထားကာ လွှဲပြောင်းလေ့ရှိကြသဖြင့် မြေကြီးတွင်မြုပ်ထားသည့်မူးယစ်ဆေးများကို ထိုင်းရဲတပ်ဖွဲ့က မကြာခဏရှာဖွေတွေ့ရှိလေ့ရှိကြောင်း သိရသည်။

Tachileik News Agency
Ref:The Nation

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net