ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ အခြေပြုပြေးဆွဲနေသော ခရီးသည်တင် မော်တော်ယာဉ်လိုင်းများ အနေဖြင့် သင်္ကြန်ကာလအတွင်း ယာဉ်စီးခ ပိုမတောင်းရန် အပါအဝင် လိုက်နာရမည့်အချက် (၅)ချက်ကို ထုတ်ပြန် ညွှန်ကြားပေးထားမည်ဖြစ်ပြီး လိုက်နာမှုမရှိပါက ယာဉ်လိုင်းပိတ်သိမ်းသည်အထိ အရေးယူနိုင်မည်ကြောင်း သိရသည်။
နေရပ်ပြန်သူများနှင့် ခရီးသွားများပြားသည့် သင်္ကြန်ပိတ်ရက်ကာလတွင် ခရီးသည်တင်ယာဉ်လိုင်းများက ယာဉ်စီးခကို သတ်မှတ်နှုန်းထားထက် ပိုမိုတောင်းခံခြင်း၊ မူလခုံနံပါတ်နှင့် အမှန်တကယ်စီးနင်းရသည့် ခုံနံပါတ် ကွဲလွဲခြင်း၊ ခရီးသည်ကို သတ်မှတ်နေရာအထိ ပို့ဆောင်ပေးမှုမရှိခြင်း၊ ခရီးစဉ်ကို အချိန်နှင့်တစ်ပြေးညီ ထွက်ခွာမှုမရှိခြင်း၊ လက်မှတ်ရောင်းချထားချိန်က ကြေညာထားသည့်နေ့ရက်အတိုင်း အမှန်တကယ် ထွက်ခွာမှုမရှိခြင်းစသည်တို့ များဆုံးဖြစ်ပွားလေ့ရှိသဖြင့် ခရီးသည်တင်ယာဉ်လိုင်းများအနေဖြင့် ဝန်ဆောင်မှုအား အလေးထားဆောင်ရွက်ရန် စားသုံးသူရေးရာဦးစီးဌာနက ဒေသအလိုက် ညွှန်ကြားချက်များပို့ကာ အသိပေးခြင်းကို ဆောင်ရွက်နေကြောင်း သိရသည်။
ရှမ်းပြည်နယ်အတွင်းမှ ခရီးသည်တင်ယာဉ်လိုင်းများအနေဖြင့် ဝန်ဆောင်မှုနှင့်ပတ်သက်၍ လိုက်နာရမည့်အချက်များ ချိုးဖေါက်ပါက စားသုံးသူရေးရာဦးစီးဌာနများသို့ Facebook Message မှလည်းကောင်း၊ ဖုန်းဖြင့်လည်းကောင်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။
သတင်း - ဟန်စိုးထိုက်
"လာမယ့်အပတ်ထဲမှာတော့ မော်တော်ယာဉ်လိုင်းအသင်းတွေခေါ်ပြီးတော့မှ တွေ့ဆုံဆွေးနွေးပွဲလုပ်မယ်ပေါ့။ သူတို့ဆီကို ညွှန်ကြားချက်တွေလည်း ပို့ထားမှာဖြစ်တယ်။ အဲဒီအခါကျတော့ စစ်ဆေးတွေ့ရှိလို့ပဲဖြစ်ဖြစ်၊ တိုင်ကြားလို့ပဲဖြစ်ဖြစ် ထိထိရောက်ရောက် အရေးယူသွားမှာပါ။ ကော်မတီအနေနဲ့ ယာဉ်လိုင်းပိတ်သိမ်းတဲ့အထိ အရေးယူလို့ရပါတယ်"ဟု ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ထုတ်ကုန်လုံခြုံစိတ်ချမှုဆိုင်ရာ လုပ်ငန်းကော်မတီမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
နေရပ်ပြန်သူများနှင့် ခရီးသွားများပြားသည့် သင်္ကြန်ပိတ်ရက်ကာလတွင် ခရီးသည်တင်ယာဉ်လိုင်းများက ယာဉ်စီးခကို သတ်မှတ်နှုန်းထားထက် ပိုမိုတောင်းခံခြင်း၊ မူလခုံနံပါတ်နှင့် အမှန်တကယ်စီးနင်းရသည့် ခုံနံပါတ် ကွဲလွဲခြင်း၊ ခရီးသည်ကို သတ်မှတ်နေရာအထိ ပို့ဆောင်ပေးမှုမရှိခြင်း၊ ခရီးစဉ်ကို အချိန်နှင့်တစ်ပြေးညီ ထွက်ခွာမှုမရှိခြင်း၊ လက်မှတ်ရောင်းချထားချိန်က ကြေညာထားသည့်နေ့ရက်အတိုင်း အမှန်တကယ် ထွက်ခွာမှုမရှိခြင်းစသည်တို့ များဆုံးဖြစ်ပွားလေ့ရှိသဖြင့် ခရီးသည်တင်ယာဉ်လိုင်းများအနဖြေင့် ဝန်ဆောင်မှုအား အလေးထားဆောင်ရွက်ရန် စားသုံးသူရေးရာဦးစီးဌာနက ဒေသအလိုက် ညွှန်ကြားချက်များပို့ကာ အသိပေးခြင်းကို ဆောင်ရွက်နေကြောင်း သိရသည်။
ရှမ်းပြည်နယ်အတွင်းမှ ခရီးသည်တင်ယာဉ်လိုင်းများအနဖြေင့် ဝန်ဆောင်မှုနှင့်ပတ်သက်၍ လိုက်နာရမည့်အချက်များ ချိုးဖောက်ပါက စားသုံးသူရေးရာဦးစီးဌာနများသို့ Facebook Message မှလည်းကောင်း၊ ဖုန်းဖြင့်လည်းကောင်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။
ဖုန်းဖြင့်ဆက်သွယ်တိုင်ကြားလိုပါက ရှမ်းပြည်နယ်တောင်ပိုင်း ဖုန်း ဝ၈၁-၂၀၁၆၈၀၄၊ တောင်ကြီးခရိုင် ဖုန်း ဝ၈၁-၆၀၁၂၆၊ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးခရိုင် ဖုန်း ဝ၈၂-၂၂၀၃၄၉၃၊ မူဆယ်ခရိုင် ဖုန်း ဝ၈၂-၅၁၅၉၃၊ ကျောက်မဲခရိုင် ဖုန်း ဝ၈၂-၄၀၀၆၃၊ ဝ၈၂-၄၀၀၉၅၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံခရိုင် ဖုန်း ဝ၈၄-၂၁၀၃၄ တို့သို့ ဆက်သွယ်နိုင်ပြီး တိုင်ကြားမှုများလက်ခံရရှိပါက သက်ဆိုင်ရာမြို့နယ်အလိုက် ကွင်းဆင်းစစ်ဆေးအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ဟန်စိုးထိုက်