ဂျပန်နိုင်ငံ၊ ဟရိုဂိုခရိုင်သို့ ခေတ္တသွားရောက်ကြသည့် (သို့မဟုတ်) ဟရိုဂိုခရိုင်တွင် နေထိုင်ကြသည့် မြန်မာနိုင်ငံသားများကို ကူညီစောင့်ရှောက်ကာကွယ်နိုင်ရန်အတွက် မစ္စတာ နိုရိအဆု အိုတိုမိုရိအား ဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် မြန်မာအစိုးရက ခန့်အပ်လိုက်ကြောင်း သိရသည်။
Tachileik News Agency
ဓါတ်ပုံ - MOFA
မြန်မာအစိုးရက ဂျပန်နိုင်ငံ ဟရိုဂို ခရိုင်၊ ကိုဘေးမြို့အတွက် မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ခန့်အပ်ခဲ့သည့် မစ္စတာ နိုရိအဆု အိုတိုမိုရိအားခန့်အပ်လွှာ ပေးအပ်ပွဲကို ၂၀၁၉ ခုနှစ်၊ မတ်လ (၂၅)ရက်နေ့ နေ့လယ် (၁၁)နာရီက တိုကျိုမြို့ရှိ မြန်မာသံရုံးတွင် ကျင်းပကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြန်မာသံအမတ်ကြီး၊ မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် မစ္စတာ နိုရိအဆု အိုတိုမိုရိ နှင့် ဇနီး၊ အအိချိခရိုင်ရှိ မြန်မာနိုင်ငံ၏ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် မစ္စတာ တိုရှိအို နီရှိမူရနှင့် မြန်မာသံရုံး၊ တိုကျိုမြို့မှ သံရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
Tachileik News Agency
ဓာတ်ပုံ - MOFA