မကွေးမြို့ပေါ်ရှိ ဈေးကြီး(၄)ခုတွင် မကွေးတိုင်းဒေသကြီး အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)နှင့် ဈေးကော်မတီများပူး ပေါင်း၍ စားသောက်ကုန်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာအတွက် ရွေ့လျားဓါတ်ခွဲခန်းယာဉ်ဖြင့် ချက်ခြင်းအဖြေရှာစနစ်ဖြင့် ရှောင်တခင် စစ်ဆေးမှုများကို ၂၀၁၉ခုနှစ် မတ်လ(၂၉)ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)နေပြည်တော်ရုံးချုပ် မှ တိုင်းနှ့င့်ပြည်နယ်တစ်ခု လျှင် တစ်စီးစီ ထောက်ပံ့ပးထားသည့် ရွေ့လျားဓါတ်ခွဲခန်းယာဉ်ကို အသုံးပြု၍ မကွေးမြို့ပေါ်ရှိ မြို့မဈေး၊ ကန်သာဈေး၊ ရန်ပယ်ဈေးနှင့် ရန်ကင်းဈေးများ အတွင်းမှ စားသောက်ကုန်နမူနာအမျိုးအစား(၄၅)မျိုးအား ၀ယ်ယူကာ ဓါတ်ခွဲခန်းကျွမ်းကျင်သူများဖြင့် စစ်ဆေးမှုများ လုပ်ဆောင်ရာ အချို့ ကွမ်းသီးနှင့် အသားတုများထဲတွင် စားသုံးရန်မသင့်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသဖြင့် ရောင်းချမှုကို တားမြစ်၍ ပစ္စည်းများကို ဈေးကော်မတီ ရှေ့မှောက်၌ ဖျက်စီးခဲ့ကြောင်း သိရသည်။
ယင်းသို့ စစ်ဆေးနိုင်ရန်အတွက် သံသယဖြစ်ဖွယ်ရှိသည့် စားသောက်ကုန်ပစ္စည်းများကို ဌာနမှ အခမဲ့ရယူ ခြင်းမျိုး မဟုတ်ဘဲ ဌာနဘတ်ဂျက်ဖြင့် တန်ရာတန်ဖိုးးပေး၍ ဝယ်ယူစစ်ဆေးခြင်းဖြစ်ပြီး ယခင်က ဈေးကွက် အတွင်းမှ စားသောက်ကုန်များကိုဝယ်ယူ၍ နေပြည်တော်သို့ ပေးပို့စစ်ဆေးရသဖြင့် စားသုံးရန်မသင့် ဟု အဖြေထွက်လာချိန်တွင် ကုန်ပစ္စည်းမှာ ဈေးကွက်ထဲ၌ ရှိမနေတော့သည့် အဖြစ်မျိုးနှင့် ကြုံတွေ့ရနိုင်သော် လည်း ယခုအခါတွင်မူ ချက်ချင်းစစ် ချက်ချင်းအဖြေထုတ် ချက်ချင်းတားမြစ်နိုင်ပြီဖြစ်၍ များစွာအကျိုးရှိကြောင်း ဒေါက်တာပြည့်ထူးက ပြောသည်။
၂၀၁၈ ခုနှစ်က နေပြည်တော်ရုံးချုပ်မှ ရွေ့လျားဓာတ်ခွဲယာဉ်၊ ဓာတ်ခွဲကျွမ်းကျင်များဖြင့် တိုင်းအတွင်းမှ မကွေး၊ အောင်လံ၊ ပခုက္ကူ၊ မင်းဘူး၊ ရေနံချောင်း မြို့နယ်များရှိ ဈေးများတွင် ပထမအကြိမ် စစ်ဆေးခဲ့ပြီး စားသောက်ကုန်များ သိမ်းဆည်းခြင်း၊ အရေးယူခြင်းများ လုပ်ဆောင်ခဲ့ရကာ ယခု အကြိမ်သည် ဒုတိယအကြိမ်မြောက် စစ်ဆေးခြင်းဖြစ်ပြီး တိုင်းဒေသကြီးပိုင် ဓာတ်ခွဲယာဉ်ဖြင့် စစ်ဆေးခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ- ဖီးနစ်
အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA)နပြေည်တော်ရုံးချုပ် မှ တိုင်းနှ့င့်ပြည်နယ်တစ်ခု လျှင် တစ်စီးစီ ထောက်ပံ့ပးထားသည့် ရွေ့လျားဓာတ်ခွဲခန်းယာဉ်ကို အသုံးပြု၍ မကွေးမြို့ပေါ်ရှိ မြို့မဈေး၊ ကန်သာဈေး၊ ရန်ပယ်ဈေးနှင့် ရန်ကင်းဈေးများ အတွင်းမှ စားသောက်ကုန်နမူနာအမျိုးအစား(၄၅)မျိုးအား ဝယ်ယူကာ ဓာတ်ခွဲခန်းကျွမ်းကျင်သူများဖြင့် စစ်ဆေးမှုများ လုပ်ဆောင်ရာ အချို့ ကွမ်းသီးနှင့် အသားတုများထဲတွင် စားသုံးရန်မသင့်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသဖြင့် ရောင်းချမှုကို တားမြစ်၍ ပစ္စည်းများကို ဈေးကော်မတီ ရှေ့မှောက်၌ ဖျက်စီးခဲ့ကြောင်း သိရသည်။
“တံဆိပ်ပါတဲ့ ပစ္စည်းမှာ စားသုံးရန်မသင့်တဲ့ ပစ္စည်းတစ်မျိုးမျိုး စစ်ဆေးတွေ့ရှိတယ်ဆိုရင် ခေတ္တ ရောင်းချ ခွင့် ပိတ်ပင်ထားပြီး သေချာစေဖို့အတွက် နပြေည်တော်ကို ပို့စစ်မှာပါ။ စားသုံးရန်မသင့်ဘူးဆိုတဲ့ အဖြေပဲ ထွက်ရှိတယ် ဆိုရင် ထုတ်လုပ်ရာ ပင်ရင်းကို လိုက်ပြီး အရေးယူမယ်။ တံဆိပ်မပါဘဲ အလွတ်ရောင်းချတဲ့ ပစ္စည်းမှာ တွေ့ရှိတယ်ဆိုရင်တော့ အဲဒီပစ္စည်းကို ဈေးကော်မတီရှေ့မှောက်မှာ ဆက်ပြီးရောင်းချခြင်းမပြု စေဖို့ ဈေးသည်ကို ခံဝန်ထိုးစပြေီး ပစ္စည်းကို သိမ်းဆည်းမှာဖြစ်ပါတယ်”ဟု မကွေးတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန( FDA)၏ တိုင်း တာဝန်ခံ ဒေါက်တာပြည့်ထူး က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ယင်းသို့ စစ်ဆေးနိုင်ရန်အတွက် သံသယဖြစ်ဖွယ်ရှိသည့် စားသောက်ကုန်ပစ္စည်းများကို ဌာနမှ အခမဲ့ရယူ ခြင်းမျိုး မဟုတ်ဘဲ ဌာနဘတ်ဂျက်ဖြင့် တန်ရာတန်ဖိုးပေး၍ ဝယ်ယူစစ်ဆေးခြင်းဖြစ်ပြီး ယခင်က ဈေးကွက် အတွင်းမှ စားသောက်ကုန်များကိုဝယ်ယူ၍ နပြေည်တော်သို့ ပေးပို့စစ်ဆေးရသဖြင့် စားသုံးရန်မသင့် ဟု အဖြေထွက်လာချိန်တွင် ကုန်ပစ္စည်းမှာ ဈေးကွက်ထဲ၌ ရှိမနေတော့သည့် အဖြစ်မျိုးနှင့် ကြုံတွေ့ရနိုင်သော် လည်း ယခုအခါတွင်မူ ချက်ချင်းစစ် ချက်ချင်းအဖြေထုတ် ချက်ချင်းတားမြစ်နိုင်ပြီဖြစ်၍ များစွာအကျိုးရှိကြောင်း ဒေါက်တာပြည့်ထူးက ပြောသည်။
၂၀၁၈ ခုနှစ်က နပြေည်တော်ရုံးချုပ်မှ ရွေ့လျားဓာတ်ခွဲယာဉ်၊ ဓာတ်ခွဲကျွမ်းကျင်များဖြင့် တိုင်းအတွင်းမှ မကွေး၊ အောင်လံ၊ ပခုက္ကူ၊ မင်းဘူး၊ ရေနံချောင်း မြို့နယ်များရှိ ဈေးများတွင် ပထမအကြိမ် စစ်ဆေးခဲ့ပြီး စားသောက်ကုန်များ သိမ်းဆည်းခြင်း၊ အရေးယူခြင်းများ လုပ်ဆောင်ခဲ့ရကာ ယခု အကြိမ်သည် ဒုတိယအကြိမ်မြောက် စစ်ဆေးခြင်းဖြစ်ပြီး တိုင်းဒေသကြီးပိုင် ဓာတ်ခွဲယာဉ်ဖြင့် စစ်ဆေးခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ- ဖီးနစ်