ျမန္မာႏိုင္ငံရွိ ေနာ္ေဝသံရံုးက ျမန္မာႏုိင္ငံအတြင္း လွ်ပ္စစ္စြမ္းအင္သံုးေမာ္ေတာ္ယာဥ္ကို ပထမဆံုး စတင္အသံုးျပဳ

ျမန္မာႏိုင္ငံရွိ ေနာ္ေဝသံရံုးက ျမန္မာႏုိင္ငံအတြင္း လွ်ပ္စစ္စြမ္းအင္သံုးေမာ္ေတာ္ယာဥ္ကို ပထမဆံုး စတင္အသံုးျပဳ
ဧပြီ 1, 2019
By Tachileik News Agency

ျမန္မာႏုိင္ငံရိွ ႏုိင္ငံျခားသံရံုးမ်ားအနက္ ေနာ္ေဝသံရံုးက လွ်ပ္စစ္စြမ္းအင္သံုးေမာ္ေတာ္ယာဥ္ကို ပထမဆံုးအသံုးျပဳသည့္ သံရံုးျဖစ္လာေၾကာင္း ေနာ္ေဝသံရံုးက ဧၿပီလ(၁)ရက္ေန႔တြင္ သတင္းထုတ္ျပန္သည္။

လွ်ပ္စစ္စြမ္းအင္သုံး ေမာ္ေတာ္ယာဥ္ အျပားအမ်ား ထုတ္လုပ္ေနသည့္  ေနာ္ေဝႏုိင္ငံက လွ်ပ္စစ္စြမ္းအင္သံုးကားကို ၂၀၁၉ ခုႏွစ္၊ မတ္လအတြင္းက ျမန္မာႏုိင္ငံသို႔ ေရာက္ရိွလာသည့္ ေနာ္ေဝႏိုင္ငံ အျပည္ျပည္ဆိုင္ရာ ဖြံ႔ၿဖိဳးတိုးတက္ေရး ဝန္ႀကီးဌာနဝန္ႀကီး Dag-Inge Ulstein က ရန္ကုန္ၿမိဳ႕ရိွ သံရံုးတြင္ ကိုယ္တုိင္ ေမာင္းႏွင္အသံုးျပဳခဲ့ေၾကာင္း သိရသည္။

ေမာ္ေတာ္ယာဥ္မ်ားေၾကာင့္ ေလထုညစ္ညမ္းမႈေလွ်ာ့ခ်ေရးအတြက္ ေနာ္ေဝႏုိင္ငံတြင္ လွ်ပ္စစ္စြမ္းအင္သံုးေမာ္ေတာ္ယာဥ္မ်ား အသံုးျပဳမႈတိုးတက္လာသည္ႏွင့္အမွ် ေလထုအရည္အေသြး တိုးတက္လာေနေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ေနာ္ေဝသံရံုး



~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာနိုင်ငံရှိ နိုင်ငံခြားသံရုံးများအနက် နော်ဝေသံရုံးက လျှပ်စစ်စွမ်းအင်သုံးမော်တော်ယာဉ်ကို ပထမဆုံးအသုံးပြုသည့် သံရုံးဖြစ်လာကြောင်း နော်ဝေသံရုံးက ဧပြီလ(၁)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဉ် အပြားအများ ထုတ်လုပ်နေသည့် နော်ဝေနိုင်ငံက လျှပ်စစ်စွမ်းအင်သုံးကားကို ၂၀၁၉ ခုနှစ်၊ မတ်လအတွင်းက မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် နော်ဝေနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနဝန်ကြီး Dag-Inge Ulstein က ရန်ကုန်မြို့ရှိ သံရုံးတွင် ကိုယ်တိုင် မောင်းနှင်အသုံးပြုခဲ့ကြောင်း သိရသည်။

မော်တော်ယာဉ်များကြောင့် လေထုညစ်ညမ်းမှုလျှော့ချရေးအတွက် နော်ဝေနိုင်ငံတွင် လျှပ်စစ်စွမ်းအင်သုံးမော်တော်ယာဉ်များ အသုံးပြုမှုတိုးတက်လာသည်နှင့်အမျှ လေထုအရည်အသွေး တိုးတက်လာနေကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - နော်ဝေသံရုံး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net