မီးခိုးျမဴေၾကာင့္ ေလထုညစ္ညမ္းမႈအဆိုးဆံုးအေျခအေနႏွင့္ ရင္ဆုိင္ေနရသည့္ ထုိင္းႏုိင္ငံတြင္ N 95 ႏွာေခါင္းစည္းမ်ား မွ်ေဝလွဴဒါန္းမႈ က်ုယ္က်ယ္ျပန္႔ျပန္႔လုပ္ေဆာင္လာ

မီးခိုးျမဴေၾကာင့္ ေလထုညစ္ညမ္းမႈအဆိုးဆံုးအေျခအေနႏွင့္ ရင္ဆုိင္ေနရသည့္ ထုိင္းႏုိင္ငံတြင္ N 95 ႏွာေခါင္းစည္းမ်ား မွ်ေဝလွဴဒါန္းမႈ က်ုယ္က်ယ္ျပန္႔ျပန္႔လုပ္ေဆာင္လာ
ဧပြီ 2, 2019
By 🌸
မီးခိုးျမဴမ်ားဖံုးလႊမ္းမႈေၾကာင့္ ေလထုညစ္ညမ္းမႈအဆိုးဆံုးအေျခအေနႏွင့္ ရင္ဆုိင္ေနရသည့္ ထုိင္းႏုိင္ငံ ခ်င္းမုိင္၊ ခ်င္းရိုင္းႏွင့္ မယ္ေဟာင္ေဆာင္တို႕တြင္ N 95 ႏွာေခါင္းစည္းမ်ား စုေပါင္းလွဴဒါန္းမႈကို လူထုက က်ယ္က်ယ္ျပန္႔ျပန္႔ လုပ္ေဆာင္လာၾကသည္ကို ေတြ႔ရသည္။

“”ကၽြန္ေတာ္တုိ႔ေတြ တစ္ေယာက္ တစ္ေယာက္ မသိၾကပါဘူး။ ဒါေပမဲ့ လူ႔အဖြဲ႕အစည္းအတြက္ အက်ိဳးျပဳတဲ့အလုပ္ေတြကို အတူလက္တြဲလုပ္ၾကဖုိ႔ အဆင္သင့္ပါပဲ။ N 95 ႏွာေခါင္းစည္းေပါင္း တစ္ေသာင္းေလာက္ရေအာင္ ဝိုင္းဝန္းကူညီၾကတာကို ေက်းဇူးတင္ပါတယ္”ဟု ထုိင္းလူငယ္တစ္ဦးက Facebook တြင္ N 95 လွဴဒါန္းၾကရန္လွဳံ႕ေဆာ္မႈႏွင့္အတူ ေရးသားထားသည္ကို ေတြ႔ရသည္။

ခ်င္းမုိင္၊ ခ်င္းရိုင္းႏွင့္ မယ္ေဟာင္ေဆာင္တုိ႔တြင္ ေလထုအတြင္း အမႈန္ပါဝင္မႈမ်ားျပားေနၿပီး ေလထုညစ္ညမ္းမႈကို ခ်က္ခ်င္းေျဖရွင္းႏိုင္ဖြယ္မရိွေသးသည့္အတြက္ လူထုက N 95 ႏွာေခါင္းစည္းမ်ား မွ်ေဝၾကရန္ လုပ္ေဆာင္လာၾကသည္ကို ေတြ႔ရျခင္းျဖစ္သည္။

ခ်င္းမုိင္အုပ္ခ်ဳပ္ေရးမွဴးကလည္း ေဒသတြင္း မီးခိုးျမဴ ကင္းစင္သည့္ အမ်ားျပည္သူ ယာယီခိုလံႈႏုိင္မည့္ေနရာမ်ား အလ်င္အျမန္ျပဳလုပ္ၾကရန္ ညႊန္ၾကားထားေသာ္လည္း အဆိုပါ ယာယီခိုလံုရာေနရာမ်ားရိွ ေလထုအရည္အေသြးမွာလည္း စိတ္ခ်ရသည့္အေနအထားတြင္ မရိွေၾကာင္း သိရသည္။

ခ်င္းမုိင္တြင္ ေလထုညစ္ညမ္းမႈႏွင့္ပတ္သက္၍ လက္ရိွႀကံဳေတြ႔ေနရသည့္ အဓိကျပႆနာမွာ အေဆာက္အဦမ်ားတြင္ ေလသန္႔စင္သည့္စနစ္ကို ထည့္သြင္းထားျခင္းမရိွျခင္းျဖစ္ေၾကာင္း သိရသည္။

ေတာမီးအမ်ားအျပားေလာင္ကၽြမ္းေနသည့္္ ထုိင္းႏုိင္ငံေျမာက္ပိုင္းေဒသတြင္ မီးခိုးထူထပ္သည့္ေဘးဒဏ္သင့္ဇုန္အျဖစ္ ေၾကညာလုပ္ေဆာင္ရန္ ေတာင္းဆိုမႈမ်ား ပို၍မ်ားျပားလာေနရာ လက္ရိွ ေတာမီးၿငိမ္းသတ္ျခင္းအျပင္ ရဟတ္ယာဥ္အသံုးျပဳ၍ မီးၿငိမ္းသတ္သြားရန္လည္း လုပ္ေဆာင္ေနေၾကာင္း သိရသည္။

လက္ရိွတြင္ မိႈအပါအဝင္ သစ္ေတာထြက္ပစၥည္းမ်ားအား ရွာေဖြသူမ်ားေၾကာင့္ ေတာမီးေလာင္မႈေလ်ာ့နည္းေစရန္ သစ္ေတာထြက္စားေသာက္ကုန္မ်ားကို ေရာင္းခ်ျခင္း၊ ဝယ္ယူျခင္းကိုလည္း ေရွာင္ရွားလာၾကေၾကာင္း သိရသည္။

Tachileik News Agency
Ref: The Nation

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မီးခိုးမြူကြောင့် လေထုညစ်ညမ်းမှုအဆိုးဆုံးအခြေအနေနှင့် ရင်ဆိုင်နေရသည့် ထိုင်းနိုင်ငံတွင် N 95 နှာခေါင်းစည်းများ မျှဝေလှူဒါန်းမှု ကျုယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လာ
*************
မီးခိုးမြူများဖုံးလွှမ်းမှုကြောင့် လေထုညစ်ညမ်းမှုအဆိုးဆုံးအခြေအနေနှင့် ရင်ဆိုင်နေရသည့် ထိုင်းနိုင်ငံ ချင်းမိုင်၊ ချင်းရိုင်းနှင့် မယ်ဟောင်ဆောင်တို့တွင် N 95 နှာခေါင်းစည်းများ စုပေါင်းလှူဒါန်းမှုကို လူထုက ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာကြသည်ကို တွေ့ရသည်။

“”ကျွန်တော်တို့တွေ တစ်ယောက် တစ်ယောက် မသိကြပါဘူး။ ဒါပေမဲ့ လူ့အဖွဲ့အစည်းအတွက် အကျိုးပြုတဲ့အလုပ်တွေကို အတူလက်တွဲလုပ်ကြဖို့ အဆင်သင့်ပါပဲ။ N 95 နှာခေါင်းစည်းပေါင်း တစ်သောင်းလောက်ရအောင် ဝိုင်းဝန်းကူညီကြတာကို ကျေးဇူးတင်ပါတယ်”ဟု ထိုင်းလူငယ်တစ်ဦးက Facebook တွင် N 95 လှူဒါန်းကြရန်လှုံ့ဆော်မှုနှင့်အတူ ရေးသားထားသည်ကို တွေ့ရသည်။

ချင်းမိုင်၊ ချင်းရိုင်းနှင့် မယ်ဟောင်ဆောင်တို့တွင် လေထုအတွင်း အမှုန်ပါဝင်မှုများပြားနေပြီး လေထုညစ်ညမ်းမှုကို ချက်ချင်းဖြေရှင်းနိုင်ဖွယ်မရှိသေးသည့်အတွက် လူထုက N 95 နှာခေါင်းစည်းများ မျှဝေကြရန် လုပ်ဆောင်လာကြသည်ကို တွေ့ရခြင်းဖြစ်သည်။

ချင်းမိုင်အုပ်ချုပ်ရေးမှူးကလည်း ဒေသတွင်း မီးခိုးမြူ ကင်းစင်သည့် အများပြည်သူ ယာယီခိုလှုံနိုင်မည့်နေရာများ အလျင်အမြန်ပြုလုပ်ကြရန် ညွှန်ကြားထားသော်လည်း အဆိုပါ ယာယီခိုလုံရာနေရာများရှိ လေထုအရည်အသွေးမှာလည်း စိတ်ချရသည့်အနေအထားတွင် မရှိကြောင်း သိရသည်။

ချင်းမိုင်တွင် လေထုညစ်ညမ်းမှုနှင့်ပတ်သက်၍ လက်ရှိကြုံတွေ့နေရသည့် အဓိကပြဿနာမှာ အဆောက်အဦများတွင် လေသန့်စင်သည့်စနစ်ကို ထည့်သွင်းထားခြင်းမရှိခြင်းဖြစ်ကြောင်း သိရသည်။

တောမီးအများအပြားလောင်ကျွမ်းနေသည့်် ထိုင်းနိုင်ငံမြောက်ပိုင်းဒေသတွင် မီးခိုးထူထပ်သည့်ဘေးဒဏ်သင့်ဇုန်အဖြစ် ကြေညာလုပ်ဆောင်ရန် တောင်းဆိုမှုများ ပို၍များပြားလာနေရာ လက်ရှိ တောမီးငြိမ်းသတ်ခြင်းအပြင် ရဟတ်ယာဉ်အသုံးပြု၍ မီးငြိမ်းသတ်သွားရန်လည်း လုပ်ဆောင်နေကြောင်း သိရသည်။

လက်ရှိတွင် မှိုအပါအဝင် သစ်တောထွက်ပစ္စည်းများအား ရှာဖွေသူများကြောင့် တောမီးလောင်မှုလျော့နည်းစေရန် သစ်တောထွက်စားသောက်ကုန်များကို ရောင်းချခြင်း၊ ဝယ်ယူခြင်းကိုလည်း ရှောင်ရှားလာကြကြောင်း သိရသည်။

Tachileik News Agency
Ref: The Nation

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net