ဥရောပနိုင်ငံများသို့ ဗီဇာလျှောက်ထားမှုများအတွက် ရန်ကုန်မြို့နှင့် နေပြည်တော်တို့တွင် VFS Global ရုံးများတွင် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။
ဂျာမနီသံရုံးမှ ဗီဇာထုတ်ပေးနေသည့် ဂျာမနီ၊ သြစတီးယား၊ ဘယ်လ်ဂျီယံ၊ ဒိန်းမတ်၊ ဖင်လန်၊ ဂရိ၊ ဟန်ဂေရီ၊ အိုင်စ်လန်၊လူစမ်ဘတ်ခ်နှင့် နော်ဝေးနိုင်ငံတို့အတွက် လည်းကောင်း သြစတြေးလျ၊ ကနေဒါ၊ ဆွီဒင်၊ နယ်သာလန်နှင့် ဗြိတိန်နိုင်ငံများသို့ လည်းကောင်း ဗီဇာလျှောက်ထားလိုသူများအနေဖြင့် VFS Global ရုံးတွင် လျှောက်ထားနိုင်ပြီဖြစ်သည်။
ကမ္ဘာ့နိုင်ငံပေါင်း (၁၄၃)နိုင်ငံတွင် ရုံးခွဲများဖွင့်လှစ်ထားသည့် VFS Global မှတစ်ဆင့် အဆိုပါနိုင်ငံများသို့ ဗီဇာလျှောက်ထားမှု လုပ်ဆောင်နိုင်ရန် သံရုံးတာဝန်ရှိသူများက ရန်ကုန်မြို့ လှည်းတန်းစင်တာနှင့် နေပြည်တော်ရှိ Horizon Lake View ဟိုတယ်တို့တွင် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။
Tachileik News Agency
ဂျာမနီသံရုံးမှ ဗီဇာထုတ်ပေးနေသည့် ဂျာမနီ၊ သြစတီးယား၊ ဘယ်လ်ဂျီယံ၊ ဒိန်းမတ်၊ ဖင်လန်၊ ဂရိ၊ ဟန်ဂေရီ၊ အိုင်စ်လန်၊လူစမ်ဘတ်ခ်နှင့် နော်ဝေးနိုင်ငံတို့အတွက် လည်းကောင်း သြစတြေးလျ၊ ကနေဒါ၊ ဆွီဒင်၊ နယ်သာလန်နှင့် ဗြိတိန်နိုင်ငံများသို့ လည်းကောင်း ဗီဇာလျှောက်ထားလိုသူများအနဖြေင့် VFS Global ရုံးတွင် လျှောက်ထားနိုင်ပြီဖြစ်သည်။
ကမာ္ဘ့နိုင်ငံပေါင်း (၁၄၃)နိုင်ငံတွင် ရုံးခွဲများဖွင့်လှစ်ထားသည့် VFS Global မှတစ်ဆင့် အဆိုပါနိုင်ငံများသို့ ဗီဇာလျှောက်ထားမှု လုပ်ဆောင်နိုင်ရန် သံရုံးတာဝန်ရှိသူများက ရန်ကုန်မြို့ လှည်းတန်းစင်တာနှင့် နပြေည်တော်ရှိ Horizon Lake View ဟိုတယ်တို့တွင် ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။
ဗီဇာလျှောက်ထားရန် လုပ်ငန်းစဉ် အဆင့်ဆင့်နှင့် ဆက်သွယ်ရန် လိပ်စာများအတွက် www.vfsglobal.com တွင် အသေးစိတ်ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။
VFS Worldwide လီမိတက်သည် သဘောတူညီထားသည့်နိုင်ငံများ၏ သံတမန်ရေးရာလုပ်ငန်းများအတွက် အခြားကုမ္ပဏီများဖြင့် တွဲဖက်ထားပြီး နည်းပညာပိုင်းကျွမ်းကျင်သူများဖြင့် ဝန်ဆောင်မှုပေးနေသည့်အဖွဲ့ဖြစ်သည်။
Tachileik News Agency
ဓာတ်ပုံ - German Embassy