တရုတ်နိုင်ငံ ဟူးဟန် - ကူမင်း - ရန်ကုန် ခရီးစဉ်ကို ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂) ရက်နေ့တွင် စတင်ပြေးဆွဲနေပြီး တစ်ပတ်လျှင် သုံးကြိမ် ပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
China Eastern Airlines၏ ခရီးစဉ်သစ်အဖြစ် ပြေးဆွဲခြင်းဖြစ်ပြီး အပတ်စဉ် အင်္ဂါ၊ ကြာသပတေးနှင့် စနေနေ့များတွင် ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ ချန်ဒူးမြို့နှင့် ရန်ကုန်မြို့အကြား တစ်ပတ်လျှင် နှစ်ကြိမ်ပျံသန်းမည့် Sichuan Airlines၏ ပထမဆုံးခရီးစဉ်ကိုလည်း ၂၀၁၉ ခုနှစ်၊ မတ်လ (၂၈)ရက်နေ့က စတင်ခဲ့ပြီး ရွှေလီလေကြောင်းလိုင်းက ယူနန်ပြည်နယ် မန်စီနှင့် မြန်မာနိုင်ငံ မန္တလေးတို့အကြား ခရီးစဉ်ကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၃၁)ရက်နေ့က စတင်ခဲ့ခြင်းဖြစ်သည်။
Tachileik News Agency
Photo: Yangon International Airport