တောင်ကိုရီးယားနိုင်ငံတွင် တောမီးကူးစက်လောင်ကျွမ်းမှုကို မီးသတ်ယာဉ်အစီးရေ (၉၀၀)ဖြင့် ငြိမ်းသတ်ခဲ့ရပြီး အိမ်ခြေပေါင်း (၄၀၀)ခန့် မီးလောင်ဆုံးရှုံးသွားသဖြင့် နိုင်ငံတော်အဆင့်ဆောင်ရွက်ရမည့် သဘာဝဘေးကျရောက်မှုအဖြစ် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၅)ရက်နေ့က ကြေညာလိုက်ကြောင်း သိရသည်။
မြောက်ကိုရီးယားနယ်စပ်နှင့် (၄၅)ကီလိုမီတာအကွာရှိ ဂိုဆောင်းမြို့တွင် ဧပြီလ (၄)ရက်နေ့ညပိုင်းက လေပြင်းတိုက်ခတ်မှုနှင့်အတူ တောမီးက မြို့တွင်းသို့ လျင်မြန်စွာ ကူးစက်လောင်ကျွမ်းလာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
လေပြင်းတိုက်ခတ်မှုကြောင့် ဂိုဆောင်းမြို့အပြင် အနီးဝန်းကျင်ရှိ ဆိုချို၊ ဂန်နန်နှင့် ဒုံဟေးမြို့များသို့ပါ ကူးစက်လောင်ကျွမ်းသွားရာ စုစုပေါင်း အိမ်ခြေ (၄၀၀)ခန့် ဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။
Tachileik News Agency
Ref; CNA
Photo: yonhap news
မြောက်ကိုရီးယားနယ်စပ်နှင့် (၄၅)ကီလိုမီတာအကွာရှိ ဂိုဆောင်းမြို့တွင် ဧပြီလ (၄)ရက်နေ့ညပိုင်းက လပြေင်းတိုက်ခတ်မှုနှင့်အတူ တောမီးက မြို့တွင်းသို့ လျင်မြန်စွာ ကူးစက်လောင်ကျွမ်းလာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
လပြေင်းတိုက်ခတ်မှုကြောင့် ဂိုဆောင်းမြို့အပြင် အနီးဝန်းကျင်ရှိ ဆိုချို၊ ဂန်နန်နှင့် ဒုံဟေးမြို့များသို့ပါ ကူးစက်လောင်ကျွမ်းသွားရာ စုစုပေါင်း အိမ်ခြေ (၄၀၀)ခန့် ဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် လူဦးရေ (၄,၂၀၀)မှာ အိုးအိမ်မဲ့ဖြစ်သွားကာ တစ်ဦးသေဆုံး၊ (၃၅)ဦး ဒဏ်ရာရသွားကြောင်း သိရသည်။
မီးဘေးသင့်ခဲ့သည့် ဂန်ဝန်ပြည်နယ်သို့ သမ္မတ မွန်းဂျေအင်းက လာရောက်ပြီး မီးဘေးသင့်ပြည်သူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
မီးဘေးသင့်ရာသို့ ကူညီကယ်ဆယ်ရေးတွင် စစ်သားပေါင်း (၁၆,၅၀၀)နှင့် ရဟတ်ယာဉ် (၃၂)စီးတို့ဖြင့် ပါဝင်ကူညီခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယားတွင် နိုင်ငံတော်အဆင့် ဆောင်ရွက်ပေးမှုအဖြစ် ပြီးခဲ့သည့် ၂၀၀၇ ခုနှစ်က အနောက်ဘက်ကမ်းခြေ၌ ရေနံတင်သင်္ဘောက ဆီတန်ချိန်ပေါင်းများစွာ ယိုဖိတ်စဉ်က နိုင်ငံတော်အဆင့် ဆောင်ရွက်ရမည့် သဘာဝဘေးကျရောက်မှုအဖြစ် နောက်ဆုံးကြေညာခဲ့ရခြင်းဖြစ်ကြောင်းလည်း သိရသည်။
Tachileik News Agency
Ref; CNA
Photo: yonhap news