ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕တြင္ နယ္စပ္ျဖတ္ေက်ာ္ မီးခိုးျမဴမ်ားေၾကာင့္ ႏွစ္စဥ္ေလထုညစ္ညမ္းမႈမ်ားျဖစ္ေပၚေနသျဖင့္ ေလထုတိုင္းတာေရးစက္တစ္လံုးကို အၿမဲတမ္းထားရွိေပးသြားရန္ စီစဥ္ေနေၾကာင္း ျပည္ေထာင္စု၀န္ႀကီးက ေျပာၾကားလိုက္သည္။
"ေလထုတိုင္းတဲ့စက္က ေတာင္ႀကီးကေပါ့။ ယာယီအစီအစဥ္နဲ႔ ဒီမွာထားတယ္။ ပတ္၀န္းက်င္ထိန္းသိမ္းေရးဦးစီးဌာန ညႊန္ၾကားေရးမွဴးက ေျပာတာ။ ေနာက္ထပ္စက္တစ္လံုးရမယ္။ ရရင္အခုစက္ကို ဒီမွာေပးထားလို႔ရတယ္။ ေတာ္ႀကီးမွာ ေလာေလာဆယ္စက္က တိုင္းစရာမလိုေသးဘူး။ ဒီေတာ့ေပးထားလို႔ရတယ္။ ဒါေပမယ့္ ဒီမွအၿမဲတမ္းထားဖို႔က်ေတာ့ စက္တစ္လံုးရမွ ေပးလို႔ရမွာေပါ့။ ခင္ဗ်ားတို႔ဆီမွာေတာ့ ႏွစ္စဥ္လိုလို မီးခိုးျမဴေတြေၾကာင့္ ေလထုတိုင္းဖို႔ စက္ကလိုေနတာအမွန္ပဲ"ဟု သယံဇာတႏွင့္ သဘာ၀ ပတ္၀န္းက်င္ ထိန္းသိမ္းေရး ၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဦးအုန္း၀င္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။
မီးခိုးျမဳအမ်ားစုမွာ ေတာမီးေလာင္ျခင္း၊ ေတာင္ယာမီးရိႈမႈႏွင့္ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားမွ စြန္႔ပစ္ပစၥည္းမ်ား မီးရိႈမႈေၾကာင့္ ျဖစ္ေပၚျခင္းျဖစ္ၿပီး အလွည့္က်စနစ္ျဖင့္ ေဆာင္ရြက္ရန္ အသိပညာေပးမႈမ်ား လုပ္ေဆာင္သြားမည္ဟု ျပည္ေထာင္စု၀န္ႀကီးက ေျပာသည္။
ရွမ္းျပည္နယ္သဘာ၀ပတ္၀န္းက်င္ဦးစီးဌာနတြင္ ေလထုတိုင္းတာေရးစက္အေနျဖင့္ ယခု တာခ်ီလိတ္သို႔ ယူေဆာင္လာကာ တိုင္းတာေနသည့္ စက္တစ္လံုးသာရွိၿပီး တာခ်ီလိတ္တြင္ ထားရွိေပးသြားရန္အတြက္ စက္တစ္လံုး စီစဥ္ေနျခင္း ျဖစ္ေၾကာင္း သိရသည္။
သယံဇာတႏွင့္ သဘာ၀ ပတ္၀န္းက်င္ ထိန္းသိမ္းေရး ၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဦးအုန္း၀င္း ႏွင့္ အဖြဲ႔သည္ ယေန႔ ၂၀၁၉ခုႏွစ္ ဧၿပီလ(၆)ရက္ေန႔ ေန႔လည္ပိုင္းတြင္ တာခ်ီလိတ္သို႔ ေရာက္ရွိလာၿပီးေနာက္ တာခ်ီလိတ္ၿမိဳ႕ ရွမ္းရိုးမကြင္းအတြင္း စီစဥ္ထားရွိသည့္ မီးခိုးကင္းမဲ့ေနရာႏွင့္ ေလထုတိုင္းတာေရးေနရာမ်ားသို႔ သြားေရာက္စစ္ေဆးရာ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏိုင္ႏွင့္ တာ၀န္ရွိသူမ်ားက လိုက္လံရွင္းလင္း ျပသခဲ့ေၾကာင္း သိရသည္။
သတင္း - ဟန္စိုးထိုက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း
"လေထုတိုင်းတဲ့စက်က တောင်ကြီးကပေါ့။ ယာယီအစီအစဉ်နဲ့ ဒီမှာထားတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးက ပြောတာ။ နောက်ထပ်စက်တစ်လုံးရမယ်။ ရရင်အခုစက်ကို ဒီမှာပေးထားလို့ရတယ်။ တော်ကြီးမှာ လောလောဆယ်စက်က တိုင်းစရာမလိုသေးဘူး။ ဒီတော့ပေးထားလို့ရတယ်။ ဒါပေမယ့် ဒီမှအမြဲတမ်းထားဖို့ကျတော့ စက်တစ်လုံးရမှ ပေးလို့ရမှာပေါ့။ ခင်ဗျားတို့ဆီမှာတော့ နှစ်စဉ်လိုလို မီးခိုးမြူတွေကြောင့် လေထုတိုင်းဖို့ စက်ကလိုနေတာအမှန်ပဲ"ဟု သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။
မီးခိုးမြုအများစုမှာ တောမီးလောင်ခြင်း၊ တောင်ယာမီးရှိုမှုနှင့် စိုက်ပျိုးရေးလုပ်ငန်းများမှ စွန့်ပစ်ပစ္စည်းများ မီးရှိုမှုကြောင့် ဖြစ်ပေါ်ခြင်းဖြစ်ပြီး အလှည့်ကျစနစ်ဖြင့် ဆောင်ရွက်ရန် အသိပညာပေးမှုများ လုပ်ဆောင်သွားမည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ရှမ်းပြည်နယ်သဘာဝပတ်ဝန်းကျင်ဦးစီးဌာနတွင် လေထုတိုင်းတာရေးစက်အနဖြေင့် ယခု တာချီလိတ်သို့ ယူဆောင်လာကာ တိုင်းတာနေသည့် စက်တစ်လုံးသာရှိပြီး တာချီလိတ်တွင် ထားရှိပေးသွားရန်အတွက် စက်တစ်လုံး စီစဉ်နခြေင်း ဖြစ်ကြောင်း သိရသည်။
သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း နှင့် အဖွဲ့သည် ယနေ့ ၂၀၁၉ခုနှစ် ဧပြီလ(၆)ရက်နေ့ နေ့လည်ပိုင်းတွင် တာချီလိတ်သို့ ရောက်ရှိလာပြီးနောက် တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း စီစဉ်ထားရှိသည့် မီးခိုးကင်းမဲ့နေရာနှင့် လေထုတိုင်းတာရေးနေရာများသို့ သွားရောက်စစ်ဆေးရာ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ကြောင်း သိရသည်။
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း