ပါဝါအိတ္ေဇာတပ္ဆိုင္ကယ္မ်ားကို ဖမ္းမိပါက ျဖဳတ္သိမ္းၿပီး ဆိုင္ကယ္အပိုပစၥည္းအေရာင္းဆိုင္မ်ားတြင္ ေရာင္းခ်ေနသည္ကို စစ္ေဆးေတြ႔ရိွပါက ပစၥည္းမ်ားသိမ္းဆည္းသြားမည္ျဖစ္ၿပီး ဝန္ခံကတိလက္မွတ္ေရးထိုးခိုင္းမည္ျဖစ္ေၾကာင္း သိရသည္။
“အဖြဲ႔ေတြနဲ႔ စုၿပီးေတာ့ လမ္းမတစ္ေလွ်ာက္မွာရွိတဲ့ ဆိုင္ေတြေရာ၊ ေနာက္အတြင္းထဲမွာရွိတဲ့ ဆိုင္ကယ္ပစၥည္းေရာင္းတဲ့ဆိုင္ေတြကို ရွာေဖြစစ္ေဆးမယ္။ စစ္ေဆးၿပီးေတာ့ တကယ္လို႔ ပါဝါအိတ္ေဇာေတြေရာင္းတာေတြ႕ရင္ ပထမဆံုးအေနနဲ႔ ရဲမွတ္တမ္းထိုးမယ္။ ပစၥည္းေတြကိုသိမ္းဆည္းမယ္"ဟု တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ႕ေစာက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။
သႀကၤန္ကာလမတိုင္မီတြင္ တာခ်ီလိတ္ၿမိဳ႕ ရွမ္းရိုးမကြင္းအတြင္း၌ အမ်ားျပည္သူမ်ား သိရွိျမင္သာႏိုင္ရန္ ဆိုင္ကယ္ပါ၀ါအိတ္ေဇာမ်ား ဖ်က္ဆီးျခင္း အခမ္းအနားကိုလည္း ျပဳလုပ္သြားရန္ စီစဥ္ထားေၾကာင္း သိရသည္။
"အရင္ႏွစ္ေတြက ဖမ္းထားတဲ့ ပါဝါအိတ္ေဇာေတြေရာ၊ ဆယ္တန္းစာေမးပြဲကာလမွာ ဖမ္းခဲ့တဲ့ အိတ္ေဇာေတြေရာ ရွမ္းရိုးမကြင္းထဲမွာ စုၿပီးေတာ့ ဖ်က္ဆီးတဲ့ အခမ္းအနားေလးရွိပါတယ္ဗ်။ သႀကၤန္တြင္းမွာလည္း ဆက္လက္ၿပီးေတာ့ ပါ၀ါအိတ္ေဇာေတြ တပ္တဲ့ ဆိုင္ကယ္ေတြကို အရွိန္အဟုန္ျမႇင့္ၿပီး ဆက္လက္ဖမ္းဆီး ေဆာင္ရြက္သြားဖို႔ ရွိပါတယ္"ဟု တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးက ေျပာသည္။
သႀကၤန္ကာလအတြင္း ပါဝါအိပ္ေဇာတပ္ဆိုင္ကယ္မ်ားကို အရိွန္အဟုန္ျမႇင့္ ဖမ္းဆီးသြားမည္ျဖစ္သည့္အျပင္ တရားရံုးဒဏ္ေၾကးတိုးျမႇင့္ထားသည့္အျပင္ ေထာင္ဒဏ္ (၁) လအထိ အေရးယူသြားမည္ျဖစ္ေၾကာင္း သိရသည္။
သတင္း - ဟန္စိုးထိုက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း
ပါဝါအိတ်ဇောတပ်ဆိုင်ကယ်များကို ဖမ်းမိပါက ဖြုတ်သိမ်းပြီး ဆိုင်ကယ်အပိုပစ္စည်းအရောင်းဆိုင်များတွင် ရောင်းချနေသည်ကို စစ်ဆေးတွေ့ရှိပါက ပစ္စည်းများသိမ်းဆည်းသွားမည်ဖြစ်ပြီး ဝန်ခံကတိလက်မှတ်ရေးထိုးခိုင်းမည်ဖြစ်ကြောင်း သိရသည်။
“အဖွဲ့တွေနဲ့ စုပြီးတော့ လမ်းမတစ်လျှောက်မှာရှိတဲ့ ဆိုင်တွေရော၊ နောက်အတွင်းထဲမှာရှိတဲ့ ဆိုင်ကယ်ပစ္စည်းရောင်းတဲ့ဆိုင်တွေကို ရှာဖွေစစ်ဆေးမယ်။ စစ်ဆေးပြီးတော့ တကယ်လို့ ပါဝါအိတ်ဇောတွေရောင်းတာတွေ့ရင် ပထမဆုံးအနေနဲ့ ရဲမှတ်တမ်းထိုးမယ်။ ပစ္စည်းတွေကိုသိမ်းဆည်းမယ်"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
သင်္ကြန်ကာလမတိုင်မီတွင် တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း၌ အများပြည်သူများ သိရှိမြင်သာနိုင်ရန် ဆိုင်ကယ်ပါဝါအိတ်ဇောများ ဖျက်ဆီးခြင်း အခမ်းအနားကိုလည်း ပြုလုပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။
"အရင်နှစ်တွေက ဖမ်းထားတဲ့ ပါဝါအိတ်ဇောတွေရော၊ ဆယ်တန်းစာမေးပွဲကာလမှာ ဖမ်းခဲ့တဲ့ အိတ်ဇောတွေရော ရှမ်းရိုးမကွင်းထဲမှာ စုပြီးတော့ ဖျက်ဆီးတဲ့ အခမ်းအနားလေးရှိပါတယ်ဗျ။ သင်္ကြန်တွင်းမှာလည်း ဆက်လက်ပြီးတော့ ပါဝါအိတ်ဇောတွေ တပ်တဲ့ ဆိုင်ကယ်တွေကို အရှိန်အဟုန်မြှင့်ပြီး ဆက်လက်ဖမ်းဆီး ဆောင်ရွက်သွားဖို့ ရှိပါတယ်"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။
သင်္ကြန်ကာလအတွင်း ပါဝါအိပ်ဇောတပ်ဆိုင်ကယ်များကို အရှိန်အဟုန်မြှင့် ဖမ်းဆီးသွားမည်ဖြစ်သည့်အပြင် တရားရုံးဒဏ်ကြေးတိုးမြှင့်ထားသည့်အပြင် ထောင်ဒဏ် (၁) လအထိ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း