Tachileik News Agency
"သင်္ကြန်ဖွင့်ပွဲနေ့ ကနေ စမှာ ပင်တိုင်ကတော့ ဗမာယဉ်ကျေးမှုမဏ္ဍပ်မှာရှိမယ်။ ကျန်တာတော့ ဗဟိုမဏ္ဍပ်နဲ့ အခြားမဏ္ဍပ်တွေ လိုက်ဖျော်ဖြေမှာပါ။ ပျောက်ကွယ်နေတာကို ပြန်ပြီးဖော်ထုတ်ချင်တာပေါ့။ သံချပ်ထိုးတယ်ဆိုတာ အခြားဘာညာတွေကို ပုတ်ခတ်လိုတာ မဟုတ်ပါဘူး။ ပြည်သူ့ကိုယ်စားအနုပညာနဲ့ တင်ဆက်တာပါ"ဟု ခွပ်ဒေါင်းအားမာန် သံချပ်အဖွဲ့မှ ဒေါ်ခင်ဌေးဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဖွဲ့ဝင် (၁၇) ဦးပါသည့် ခွပ်ဒေါင်းအားမာန် သံချပ်အဖွဲ့က နှစ်ပေါင်း (၂၀) ကျော်ပျောက်ကွယ်နေသည့် သံချပ်ကို ပြန်လည်ဖော်ထုတ်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး နောက်နှစ်များတွင် သံချပ်အဖွဲ့များပေါ်ပေါက်ကာ ပြိုင်ပွဲများကျင်းပပြုလုပ်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
Tachileik News Agency