ထိုင်းနိုင်ငံ မဟာချိုင်မြို့ရှိ သာမန်မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနစိတ်(DCC)အား သင်္ကြန်အတွင်း ပိတ်ထားမည်
ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့ သာမန်မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနစိတ် Data Collection Centre ကို ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၄)ရက်နေ့မှ (၁၇)ရက်နေ့အထိ သင်္ကြန်ကာလရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။
ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအတွက် ပတ်စပို့သက်တမ်းတိုးပေးမည့် Data Collection Center ဖွင့်လှစ်ခွင့်ကို ၂၀၁၉ ခုနှစ်၊ မတ်လ (၅)ရက်နေ့၌ ထိုင်းအစိုးရအဖွဲ့က သဘောတူခဲ့ပြီးနောက် ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ၏ ယာယီနိုင်ငံကူး လက်မှတ် ( ခရမ်းရောင်ပတ်စ်ပို့ )များ၊ CI စာအုပ်များမှ ပတ်စ်ပို့အကြီး ပြောင်းလဲလျှောက်ထားလိုသူများ၊ MOU စနစ်ဖြင့် လာရောက်ပြီး (၄) နှစ်ပြည့်၍ စာအုပ်အသစ် ထပ်မံသက်တမ်းတိုး လျှောက်ထားခြင်းလုပ်ငန်းများကို ပြုလုပ်ပေးနေခြင်းဖြစ်သည်။
Tachileik News Agency
ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအတွက် ပတ်စပို့သက်တမ်းတိုးပေးမည့် Data Collection Center ဖွင့်လှစ်ခွင့်ကို ၂၀၁၉ ခုနှစ်၊ မတ်လ (၅)ရက်နေ့၌ ထိုင်းအစိုးရအဖွဲ့က သဘောတူခဲ့ပြီးနောက် ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ၏ ယာယီနိုင်ငံကူး လက်မှတ် ( ခရမ်းရောင်ပတ်စ်ပို့ )များ၊ CI စာအုပ်များမှ ပတ်စ်ပို့အကြီး ပြောင်းလဲလျှောက်ထားလိုသူများ၊ MOU စနစ်ဖြင့် လာရောက်ပြီး (၄) နှစ်ပြည့်၍ စာအုပ်အသစ် ထပ်မံသက်တမ်းတိုး လျှောက်ထားခြင်းလုပ်ငန်းများကို ပြုလုပ်ပေးနခြေင်းဖြစ်သည်။
သင်္ကြန်ကာလနေရပ်ပြန် အလုပ်သမားများ၏အိမ်ပြန်ခရီးတွင် လိုအပ်သည်များရှိပါက အလုပ်သမားသံအရာရှိများထံ ဖုန်းဆက်သွယ်မှုအပြင် Line၊ Viberနှင့် အလုပ်သမားသံ အရာရှိရုံး၏ Facebook စာမျက်နှာဖြစ်သည့် LA-Thailand Page တို့မှတဆင့် ဆက်သွယ် အကူညီ တောင်းခံနိုင်ကြောင်း သိရသည်။
အလုပ်သမားသံအရာရှိရုံးသို့ ဆက်သွယ်လိုပါက ဦးစန်းမောင်ဦး(ဘန်ကောက်) Phone | Viber | Line - 09 4884 5484၊ ဦးသန်းနိုင် (ဘန်ကောက်)Phone | Viber | Line - 06 5220 6952၊ ဦးဇော်မင်းအောင်(ရနောင်း)Phone | Viber | Line -06 5220 6951၊ ဦးအောင်မင်း(မဲဆောက်) Phone | Viber | Line - 06 5220 6953နှင့် ဦးဇော်မင်းထွေး(ချင်းမိုင်)Phone | Viber | Line - 09 9059 2352 တို့သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။
Tachileik News Agency