ဖေ့စ်ဘုတ်သည် စီအီးအို ဇူကာဘတ်၏ လုံခြုံရေးနှင့် ခရီးစရိတ်အတွက် ၂၀၁၈ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ (၁၃)သန်း သုံးစွဲခဲ့ရကြောင်း သိရသည်။
Tachileik News Agency
Ref; CNN
အဆိုပါကုန်ကျစရိတ်တွင် လုံခြုံရေးအစောင့်အရှောက်များ၊ လုံခြုံရေးအတွက် လိုအပ်သည့်ပစ္စည်းများ၊ ဝန်ဆောင်မှုများနှင့် နေထိုင်ရာနေရာများအား လုံခြုံရေးအဆင့်မြှင့်တင်ရခြင်းများအတွက် ဒေါ်လာ (၁၀)သန်းပါဝင်ကြောင်းသိရသည်။
ဇူကာဘတ်၏ တရားဝင် တစ်နှစ်လစာဝင်ငွေမှာ (၁) ဒေါ်လာသာရှိပြီး ဆုကြေးငွေနှင့် ဆုခံစားခွင့်များ ရယူခြင်းမရှိသော်လည်း၎င်း၏လုပ်ငန်းမှအသုံးစရိတ်ခံစားခွင့်မှာ ၂၀၁၇ ခုနှစ်က အမေရိကန်ဒေါ်လာ (၉.၁)သန်းမှ ၂၀၁၈ ခုနှစ်တွင် (၂၂.၆)သန်းသို့ ခုန်တက်သွားကြောင်း သိရသည်။
ဇူကာဘတ်နှင့်၎င်း၏မိသားစု နေအိမ်တွင်လုံခြုံရေးနှင့် ခရီးသွားလာရာတွင် လုံခြုံရေးအတွက် သီးသန့်လေယာဉ်ငှါးရမ်းပေးခြင်းကဲ့သို့ ဝန်ဆောင်မှုများကြောင့် ကုန်ကျစရိတ်များတက်လာခြင်းဖြစ်ကြောင်း သိရသည်။
အလားတူပင် ဖေ့စ်ဘုတ်၏ COO ဖြစ်သူ ရှယ်လီဆင်းဒ်ဘာ့ဂ်၏ လုံခြုံရေးအတွက် အမေရိကန်ဒေါ်လာ (၁.၁)သန်း သုံးစွဲခဲ့ရကြောင်းသိရသည်။
ကမ္ဘာ့အချမ်းသာဆုံးများတွင် တစ်ဦးအပါအဝင်ဖြစ်သည့် ဇူကာဘတ်၏ ကြွယ်ဝမှုမှာ အမေရိကန်ဒေါ်လာ (၇၀)ဘီလီယံကျော်ရှိသည်ဟု ဘလွန်းဘာ့ခ်က ဖော်ပြထားသည်။
ပုံအညွှန်း - Facebook မှ COO ရှယ်လီဆင်းဒ်ဘာ့ဂ် နှင့် CEO ဇူကာဘတ်
Tachileik News Agency
Ref; CNN