မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်ရှိ တောင်ပေါ်ကျေးရွာဖြစ်သည့် လိုင်ကျေးရွာအနီးတွင် တောမီးလောင်နေသဖြင့် ကျေးရွာသို့ ကူးစက်လာခြင်း မရှိစေရန် ဒေသခံများ ဝိုင်းဝန်းငြှိမ်းသတ်ကြရာမှ မီးလောင်ခံရသဖြင့် (၃)ဦးသေဆုံးကာ (၁)ဦးဒဏ်ရာရသွားကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်ရှိ တောင်ပေါ်ကျေးရွာဖြစ်သည့် လိုင်ကျေးရွာအနီးတွင် တောမီးလောင်နေသဖြင့် ကျေးရွာသို့ ကူးစက်လာခြင်း မရှိစေရန် ဒေသခံများ ဝိုင်းဝန်းငြှိမ်းသတ်ကြရာမှ မီးလောင်ခံရသဖြင့် (၃)ဦးသေဆုံးကာ (၁)ဦးဒဏ်ရာရသွားကြောင်း သိရသည်။
လိုင်ကျေးရွာ၏ အနောက်မြောက်ဘက် (၂)မိုင်ခန့်အကွာတွင် ၂၀၁၉ ခုနှစ်၊ ဧပြီလ(၁၃)ရက် မွန်းလွဲပိုင်း ကတောမီးလောင်နေရာ ကျေးရွာသို့ကူးစက်လာနိုင်သဖြင့် ဒေသခံများ ဝိုင်းဝန်းငြှိမ်းသတ်နေကြစဉ် လေပြင်းတိုက်ခတ်လာသဖြင့် ထွက်ပြေးကြရာတွင် အသက်(၆၆)နှစ် အရွယ် ဦးမောင်၊ အသက်(၃၅)နှစ်အရွယ် ကိုမုံစိန်၊ အသက်(၂၀)နှစ်အရွယ်ရှိ ကိုဟန်သိန်းတို့(၃)ဦး မှာ နေရာတွင် မီးလောင်သေဆုံးပြီး ကိုပိန်းဆိုသူမှာ မီးလောင်ပြင်မှ ထွက်ပြေးလွတ်မြောက်လာခဲ့သော်လည်း ခြေ နှင့် လက်တို့တွင် မီးလောင်ဒဏ်ရာများ ပြင်းထန်စွာရရှိသွားကြောင်း သိရသည်။
တောမီးလောင်သည့်နေရာသို့ မီးသတ်ယာဉ်များ သွားလာမရအောင် လမ်းပန်း ဆက်သွယ်မှုခက်ခဲသည့်နေခြင်းကြောင့် ယခုလို တောမီးလောင်ပါကဒေသခံများမှာ မိမိတို့အင်အားဖြင့် မီးငြှိမ်းသတ်ကြရလေ့ရှိကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
သတင်း/ဓာတ်ပုံ - ဖီးနစ်
လိုင်ကျေးရွာ၏ အနောက်မြောက်ဘက် (၂)မိုင်ခန့်အကွာတွင် ၂၀၁၉ ခုနှစ်၊ ဧပြီလ(၁၃)ရက် မွန်းလွဲပိုင်း က တောမီးလောင်နေရာ ကျေးရွာသို့ကူးစက်လာနိုင်သဖြင့် ဒေသခံများ ဝိုင်းဝန်းငြှိမ်းသတ်နကြေစဉ် လပြေင်းတိုက်ခတ်လာသဖြင့် ထွက်ပြေးကြရာတွင် အသက်(၆၆)နှစ် အရွယ် ဦးမောင်၊ အသက်(၃၅)နှစ်အရွယ် ကိုမုံစိန်၊ အသက်(၂၀)နှစ်အရွယ်ရှိ ကိုဟန်သိန်းတို့(၃)ဦး မှာ နေရာတွင် မီးလောင်သေဆုံးပြီး ကိုပိန်းဆိုသူမှာ မီးလောင်ပြင်မှ ထွက်ပြေးလွတ်မြောက်လာခဲ့သော်လည်း ခြေ နှင့် လက်တို့တွင် မီးလောင်ဒဏ်ရာများ ပြင်းထန်စွာရရှိသွားကြောင်း သိရသည်။
“ရွာကို ကူးစက်လာနိုင်လို့ ကျွန်တော်တို့ဝိုင်းဝန်းငြှိမ်းသတ်ကြတုန်း လေတွေတိုက်လာတာကြောင့် မီးက ပိုများ လာတယ်။ ဒါနဲ့ မနိုင်တော့ဘူးဆိုပြီး ထွက်ပြေးကြတာမှာ ကျွန်တော်က လွတ်မြောက်လာခဲ့ပေမဲ့ ခြေထောက်နဲ့ လက်တွေမှာ မီးလောင်ခံရပါတယ်။ ဦးမောင် နဲ့ (၂)ဦးကတော့ မီးလောင်သေဆုံးသွားပြီလို့ သိရပါတယ်”ဟု မီးလောင်ပြင်မှ လွတ်မြောက်လာသူ ကိုပိန်း က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။
တောမီးလောင်သည့်နေရာသို့ မီးသတ်ယာဉ်များ သွားလာမရအောင် လမ်းပန်း ဆက်သွယ်မှုခက်ခဲသည့်နခြေင်းကြောင့် ယခုလို တောမီးလောင်ပါကဒေသခံများမှာ မိမိတို့အင်အားဖြင့် မီးငြှိမ်းသတ်ကြရလေ့ရှိကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
မီးလောင်ဒဏ်ရာများရရှိသွားသည့် ကိုပိန်း မှာ ပဒါန်းဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်းသိရပြီး တောမီး လောင်ရာသို့ နောင်ကျေးရွာ၊ ဂုတ်ကြီးကျေးရွာနှင့် ပစီကျေးရွာတို့မှ ကျေးရွာသူ ကျေးရွာသားများ သွားရောက်၍ ဝိုင်းဝန်းငြှိမ်းသတ်လျှက်ရှိသဖြင့် မီးထိန်းနိုင်ပြီဖြစ်သော်လည်း လုံးဝ ငြိမ်းသွားခြင်းမရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။
သတင်း/ဓာတ်ပုံ - ဖီးနစ်