သင်္ကြန်အကြို အကျ (၂)ရက်အတွင်း ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်တိုက်မှု(၈)မှုဖြစ်ပွားကာ (၂၀)ဦး ဒဏ်ရာရ

သင်္ကြန်အကြို အကျ (၂)ရက်အတွင်း ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်တိုက်မှု(၈)မှုဖြစ်ပွားကာ (၂၀)ဦး ဒဏ်ရာရ
ဧပွီ 15, 2019
By Tachileik News Agency


ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးတလျှောက်တွင် ဧပြီလ (၁၃)ရက်နေ့ နံနက်(၂)နာရီ မိနစ် (၂၀)အချိန်က မန္တလေးနှင့် နေပြည်တော်ကြား မိုင်တိုင်အမှတ်(၂၉၃/၃-၂၉ ၃/၄)ကြား ယာဉ်တိုက်မှုကြောင့် အမျိုးသား (၄)ဦးနှင့် အမျိုးသမီး (၄)ဦး ဒဏ်ရာရရှိပြီး နံနက် (၄)နာရီ (၅)မိနစ်အချိန်တွင် ရန်ကုန်နှင့် နေပြည်တော်ကြား မိုင်တိုင်အမှတ် (၁၁၁/၂-၁၁၁/၃ ) ကြား၌ (ရွှေကြေးစည်) ရွှေစင်စင်္ကြာ Express ယာဉ်က မန္တလာမင်း Express ယာဉ်ကို မျက်နှာချင်းဆိုင်ဝင်တိုက်မိပြီး ၎င်းမှတစ်ဆင့် (ဖိုးချစ်)ဇာတ်အဖွဲ့လိုက်ပါလာသည့်ယာဉ် အပါအဝင် ယာဉ်(၄)စီးဆင့်၍တိုက်မိသဖြင့် အမျိုးသား (၁)ဦး၊ အမျိုးသမီး (၁)ဦးဒဏ်ရာရသွားခဲ့ခြင်းဖြစ်သည်။

ယင်းနောက် နံနက်(၆)နာရီအချိန်တွင် ရန်ကုန်နှင့် နေပြည်တော်ကြား မိုင်တိုင်အမှတ် (၁၇၂/၂) အနီး၌ ကားပျက်၍ ပြင်ရန်ဆင်းလိုက်စဉ် မော်တော်ယာဉ်တစ်စီးက တိုက်မိထွက်ပြေးသွားသဖြင့် အမျိုးသား (၁)ဦး ဒဏ်ရာရသွားကာ ထွက်ပြေးယာဉ်ကို ဖမ်းမိထားပြီး နံနက်(၇)နာရီ (၁၅)မိနစ်အချိန်တွင် မန္တလေး နှင့် နေပြည်တော်ကြား မိုင်တိုင်အမှတ် (၃၂၇/၇- ၃၂၇/၄) ကြား၌ လိုက်ထရပ်ယာဉ်ဘီးကျွတ် တိမ်းမှောက်၍ အမျိုးသား (၁)ဦး၊ အမျိုးသမီး (၁)ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ဧပြီလ(၁၃) ရက် နံနက်(၁၀)နာရီတွင် ရန်ကုန်နှင့် နေပြည်တော်ကြား မိုင်တိုင် (၁၅၇/၅-၁၅၇/၆)ကြား၌ ဆိုင်ကယ်ကိုရှောင်ရာမှ လမ်းဘေးတန်းကို တိုက်မိတိမ်းမှောက်သဖြင့် အမျိုးသား (၁)ဦးနှင့် အမျိုးသမီး (၃)ဦး ဒဏ်ရာရသွားကာ နံနက်(၁၀)နာရီခွဲအချိန်တွင် ရန်ကုန်နှင့် နေပြည်တော်ကြား မိုင်တိုင် (၇/၃)မိုင်တိုင်အနီး၌ ယာဉ်မောင်းက ရေသန့်ဗူးလှမ်းယူစဉ် တိမ်းမှောက်သွားသဖြင့် အမျိုးသမီး (၁)ဦးဒဏ်ရာရသွားကြောင်း သိရသည်။

ယင်းနောက် ည(၈)နာရီအချိန်တွင် နေပြည်တော်နှင့် ရန်ကုန်ကြား မိုင်တိုင်(၅၈/၁- ၅၈/၂)ကြား၌ လမ်းလယ်ကျွန်းဝင်တိုက်မိ၍ အမျိုးသား (၂)ဦး ဒဏ်ရာရသွားကြောင်း သိရသည်။

ဧပြီလ(၁၄)ရက်နေ့တွင်လည်း နံနက် (၅)နာရီ မိနစ် (၄၀)၌ ရန်ကုန်နှင့် နေပြည်တော်ကြား မိုင်တိုင်(၅၇/၂-၅၇/၃)ကြားတွင် ယာဉ်မောင်းအိပ်ငိုက်၍ မော်တော်ယာဉ်တိမ်းမှောက်မှုဖြစ်သွားသော်လည်း ထိခိုက်ဒဏ်ရာရသူမရှိကြောင်း သိရသည်။



Tachileik News Agency




~~~~~~~~⊰❂ Unicode Version ~~~~~~~~

သင်္ကြန်ကာလ ခရီးသွားများပြားချိန်တွင် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး၌ ဧပြီလ(၁၃)ရက်နေ့မှ ဧပြီလ (၁၄)ရက်နေ့ နံနက် (၅)နာရီအထိ ယာဉ်မတော်တဆမှု (၈)မှုဖြစ်ပွားကာ ဒဏ်ရာရသူစုစုပေါင်း (၂၀)ဦးရှိကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ရန်ကုန် - မန္တလေးအမြန်လမ်းမကြီးတလျှောက်တွင် ဧပြီလ (၁၃)ရက်နေ့ နံနက်(၂)နာရီ မိနစ် (၂၀)အချိန်က မန္တလေးနှင့် နပြေည်တော်ကြား မိုင်တိုင်အမှတ်(၂၉၃/၃-၂၉ ၃/၄)ကြား ယာဉ်တိုက်မှုကြောင့် အမျိုးသား (၄)ဦးနှင့် အမျိုးသမီး (၄)ဦး ဒဏ်ရာရရှိပြီး နံနက် (၄)နာရီ (၅)မိနစ်အချိန်တွင် ရန်ကုန်နှင့် နပြေည်တော်ကြား မိုင်တိုင်အမှတ် (၁၁၁/၂-၁၁၁/၃ ) ကြား၌ (ရွှေကြေးစည်) ရွှေစင်စင်္ကြာ Express ယာဉ်က မန္တလာမင်း Express ယာဉ်ကို မျက်နှာချင်းဆိုင်ဝင်တိုက်မိပြီး၎င်းမှတစ်ဆင့် (ဖိုးချစ်)ဇာတ်အဖွဲ့လိုက်ပါလာသည့်ယာဉ် အပါအဝင် ယာဉ်(၄)စီးဆင့်၍တိုက်မိသဖြင့် အမျိုးသား (၁)ဦး၊ အမျိုးသမီး (၁)ဦးဒဏ်ရာရသွားခဲ့ခြင်းဖြစ်သည်။

ယင်းနောက် နံနက်(၆)နာရီအချိန်တွင် ရန်ကုန်နှင့် နပြေည်တော်ကြား မိုင်တိုင်အမှတ် (၁၇၂/၂) အနီး၌ ကားပျက်၍ ပြင်ရန်ဆင်းလိုက်စဉ် မော်တော်ယာဉ်တစ်စီးက တိုက်မိထွက်ပြေးသွားသဖြင့် အမျိုးသား (၁)ဦး ဒဏ်ရာရသွားကာ ထွက်ပြေးယာဉ်ကို ဖမ်းမိထားပြီး နံနက်(၇)နာရီ (၁၅)မိနစ်အချိန်တွင် မန္တလေး နှင့် နပြေည်တော်ကြား မိုင်တိုင်အမှတ် (၃၂၇/၇- ၃၂၇/၄) ကြား၌ လိုက်ထရပ်ယာဉ်ဘီးကျွတ် တိမ်းမှောက်၍ အမျိုးသား (၁)ဦး၊ အမျိုးသမီး (၁)ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ဧပြီလ(၁၃) ရက် နံနက်(၁၀)နာရီတွင် ရန်ကုန်နှင့် နပြေည်တော်ကြား မိုင်တိုင် (၁၅၇/၅-၁၅၇/၆)ကြား၌ ဆိုင်ကယ်ကိုရှောင်ရာမှ လမ်းဘေးတန်းကို တိုက်မိတိမ်းမှောက်သဖြင့် အမျိုးသား (၁)ဦးနှင့် အမျိုးသမီး (၃)ဦး ဒဏ်ရာရသွားကာ နံနက်(၁၀)နာရီခွဲအချိန်တွင် ရန်ကုန်နှင့် နပြေည်တော်ကြား မိုင်တိုင် (၇/၃)မိုင်တိုင်အနီး၌ ယာဉ်မောင်းက ရေသန့်ဗူးလှမ်းယူစဉ် တိမ်းမှောက်သွားသဖြင့် အမျိုးသမီး (၁)ဦးဒဏ်ရာရသွားကြောင်း သိရသည်။

ယင်းနောက် ည(၈)နာရီအချိန်တွင် နပြေည်တော်နှင့် ရန်ကုန်ကြား မိုင်တိုင်(၅၈/၁- ၅၈/၂)ကြား၌ လမ်းလယ်ကျွန်းဝင်တိုက်မိ၍ အမျိုးသား (၂)ဦး ဒဏ်ရာရသွားကြောင်း သိရသည်။

ဧပြီလ(၁၄)ရက်နေ့တွင်လည်း နံနက် (၅)နာရီ မိနစ် (၄၀)၌ ရန်ကုန်နှင့် နပြေည်တော်ကြား မိုင်တိုင်(၅၇/၂-၅၇/၃)ကြားတွင် ယာဉ်မောင်းအိပ်ငိုက်၍ မော်တော်ယာဉ်တိမ်းမှောက်မှုဖြစ်သွားသော်လည်း ထိခိုက်ဒဏ်ရာရသူမရှိကြောင်း သိရသည်။

အမြန်လမ်းမကြီးတွင် ယာဉ်တိမ်းမှောက်မှုများအပြင် မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၁၉ ခုနှစ်၊ သင်္ကြန်ကာလ ဧပြီလ (၁၃)ရက်နေ့က သင်္ကြန်နှင့်ပတ်သက်၍ ယာဉ်မတော်တဆမှု (၃)မှု၊ အခြားအမှု (၃)မှုနှင့် ကြိုတင်ကာကွယ်မှု (၁၇)မှုရှိခဲ့ပြီး စုစုပေါင်း သေဆုံးသူ (၁)ဦး၊ ဒဏ်ရာရသူ (၁၀)ဦးရှိကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။

အိမ်နီးချင်း ထိုင်းနိုင်ငံတွင် သင်္ကြန်ကာလအတွင်း ဧပြီလ (၁၁)ရက်နေ့မှ (၁၃)ရက်နေ့အထိ (၃)ရက်တာကာလအတွင်း မော်တော်ယာဉ်မတော်တဆမှုပေါင်း (၁၆၆၅)မှုဖြစ်ပွားကာ (၁၇၄)ဦးသေဆုံးပြီး (၁၇၂၈)ဦး ဒဏ်ရာရသွားကာ အရက်သောက်ပြီး မော်တော်ယာဉ်မောင်းနှင်သည့် လူပေါင်း (၇၁၃၀၇)ဦးကို အရေးယူထားရပြီး မော်တော်ယာဉ်ပေါင်း (၂၂၉၄)စီးကိုလည်း သိမ်းဆည်းအရေးယူထားရကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net