Tachileik News Agency
***********
ကျောက်တောင်စွန်းပေါ်တွင် ဓါတ်ပုံရိုက်ကူးခံသည့် အသက် (၂၀)အရွယ် တက္ကသိုလ်ကျောင်းသူတစ်ဦး ပေ(၁၀၀)ကျော်အမြင့်မှ မတော်တဆပြုတ်ကျသေဆုံးမှု အမေရိကန်ပြည်ထောင်စု၊ အာကင်ဆတ်ပြည်နယ်တွင် ဖြစ်ပွားသွားကြောင်း သိရသည်။
အာကင်ဆတ်ပြည်နယ်၏ အထင်ကရဖြစ်လှသည့် အဆိုပါကျောက်တောင်စွန်းမှာ ဓါတ်ပုံရိုက်ကူးသူများ အကြိုက်တွေ့လှသည့်နေရာတစ်ခုဖြစ်ပြီး ယခင်ကလည်း မတော်တဆပြုတ်ကျသေဆုံးမှုများ ရှိခဲ့ဖူးကြောင်း သိရသည်။
အိုင်အိုဝါတက္ကသိုလ်ကျောင်းသူ အသက်(၂၀)အရွယ်ကျောင်းသူ အင်ဒရီရာနော်တွန်သည် သူငယ်ချင်းများနှင့်အတူ တောင်တက်ခရီးထွက်လာရင်း ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၃)ရက်နေ့က တောင်ပေါ်မှ ပြုတ်ကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အင်ဒရီရာကဲ့သို့ပင် ဓါတ်ပုံရိုက်ကူးစဉ် မတော်တဆမှုကြောင့် သေဆုံးမှုတစ်ခု ဧပြီလ (၁၄)ရက်နေ့က နယူးရော့ရှိ ဖို့ဒ်ဟမ်းတက္ကသိုလ်တွင် ဖြစ်ပွားခဲ့ပြီး အသက် (၂၂)နှစ်အရွယ် ဆစ်ဒနီမွန်ဖရိုင်းသည် ကျောင်းဝင်းအတွင်းရှိ နာရီစင်ပေါ်တွင် လေထဲခုန်နေသည့် ဓါတ်ပုံရိုက်ကူးစဉ် ပြုတ်ကျသေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency
Ref:Daily Mail