သႀကၤန္ကာလ (၅)ရက္အတြင္း တာခ်ီလိတ္ရိွ ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးတံတား(၁)မွ ၀င္ထြက္သြားလာသူ (၇၈,၀၀၀)ေက်ာ္ရွိခဲ့

သႀကၤန္ကာလ (၅)ရက္အတြင္း တာခ်ီလိတ္ရိွ ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးတံတား(၁)မွ ၀င္ထြက္သြားလာသူ (၇၈,၀၀၀)ေက်ာ္ရွိခဲ့
ဧပြီ 19, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕ရိွ ျမန္မာ - ထုိင္းခ်စ္ၾကည္ေရး အမွတ္ (၁)တံတား မွ ၂၀၁၉ ခုႏွစ္၊ သႀကၤန္ကာလအတြင္း ဧၿပီလ (၁၃)ရက္ေန႔မွ (၁၇)ရက္ေန႔အထိ ျမန္မာဘက္သုိ႔ ျဖတ္သန္းဝင္ေရာက္သူ စုစုေပါင္း (၁၃,၇၇၂)ဦးႏွင့္ ထုိင္းဘက္သုိ႔ ျဖတ္သန္းဝင္ေရာက္သူစုစုေပါင္း (၂၆,၂၅၆)ဦးရိွေၾကာင္း သိရသည္။

သႀကၤန္ကာလ (၅)ရက္တာအတြင္း ထိုင္းႏိုင္ငံမွ ျမန္မာႏိုင္ငံဘက္သို႔ တစ္ႏွစ္စာအုပ္ျဖစ္သည့္   နယ္စပ္ျဖတ္သန္းခြင့္ လက္မွတ္ ( Border Pass ) ျဖင့္ ျပန္လည္ထြက္ခြာသူ (၂,၅၈၂) ဦးႏွင့္ ယာယီနယ္စပ္ျဖတ္သန္းခြင့္လက္မွတ္(Temporary Border Pass) ျဖင့္ ျပန္လည္ထြက္ခြာသူ (၁၀,၈၂၄)ဦးရိွခဲ့ေၾကာင္း သိရသည္။

အလားတူကာလအတြင္း ျမန္မာဘက္မွ နယ္စပ္ျဖတ္သန္းခြင့္ လက္မွတ္ ( Border Pass ) ျဖင့္ ထိုင္းႏိုင္ငံဘက္သို႔ ထြက္ခြာသူ (၈,၁၀၀) ဦးႏွင့္ ယာယီနယ္စပ္ျဖတ္သန္းခြင့္လက္မွတ္(Temporary Border Pass) ျဖင့္ (၁၈,၁၅၆) ဦးရိွသည့္အနက္ နယ္စပ္ျဖတ္သန္းခြင့္ လက္မွတ္ ( Border Pass )ျဖင့္ (၈၂၀၀) ဦးႏွင့္ ယာယီနယ္စပ္ျဖတ္သန္းခြင့္လက္မွတ္(Temporary Border Pass) ျဖင့္ (၁၆,၀၀၃) ဦး ျမန္မာဘက္သို႔ ျပန္ဝင္ခဲ့ေၾကာင္း သိရသည္။

၂၀၁၉ခုႏွစ္ ဧၿပီလ (၁၃)ရက္ေန႔မွ (၁၇)ရက္ေန႔အထိ ႏုိင္ငံျခားသားဝင္ေရာက္မႈမွာ ျမန္မာဘက္သို႔ Entry Permit(EP) ျဖင့္ ႏုိင္ငံျခားသား (၂၉၂) ဦး ၀င္ေရာက္လာခဲ့ၿပီး (၃၉၂) ဦး ထိုင္းႏိုင္ငံဖက္သို႔ ျပန္လည္ထြက္ခြာခဲ့ကာ ဗီဇာျဖင့္ဝင္ေရာက္သည့္ ႏိုင္ငံျခားသား (၈၉၈) ဦးတြင္ (၈၁၈) ဦး ထိုင္းႏိုင္ငံသို႔ ျပန္လည္ထြက္ခြာခဲ့ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္ရိွ နယ္စပ္ဝင္ေပါက္တစ္ခုျဖစ္သည့္ လာအိုနယ္စပ္မွေန၍ သႀကၤန္ကာလအတြင္း ျမန္မာႏိုင္ငံသို႔ လာအိုဘက္မွ ဝင္ေရာက္သူ (၁၀၈) ဦးႏွင့္ ျပန္လည္ထြက္ခြာသူ (၁၀၇) ဦးရိွခဲ့ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ် (၁)တံတား မှ ၂၀၁၉ ခုနှစ်၊ သင်္ကြန်ကာလအတွင်း ဧပြီလ (၁၃)ရက်နေ့မှ (၁၇)ရက်နေ့အထိ မြန်မာဘက်သို့ ဖြတ်သန်းဝင်ရောက်သူ စုစုပေါင်း (၁၃,၇၇၂)ဦးနှင့် ထိုင်းဘက်သို့ ဖြတ်သန်းဝင်ရောက်သူစုစုပေါင်း (၂၆,၂၅၆)ဦးရှိကြောင်း သိရသည်။

သင်္ကြန်ကာလ (၅)ရက်တာအတွင်း ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံဘက်သို့ တစ်နှစ်စာအုပ်ဖြစ်သည့် နယ်စပ်ဖြတ်သန်းခွင့် လက်မှတ် ( Border Pass ) ဖြင့် ပြန်လည်ထွက်ခွာသူ (၂,၅၈၂) ဦးနှင့် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(Temporary Border Pass) ဖြင့် ပြန်လည်ထွက်ခွာသူ (၁၀,၈၂၄)ဦးရှိခဲ့ကြောင်း သိရသည်။

အလားတူကာလအတွင်း မြန်မာဘက်မှ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ် ( Border Pass ) ဖြင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ခွာသူ (၈,၁၀၀) ဦးနှင့် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(Temporary Border Pass) ဖြင့် (၁၈,၁၅၆) ဦးရှိသည့်အနက် နယ်စပ်ဖြတ်သန်းခွင့် လက်မှတ် ( Border Pass )ဖြင့် (၈၂၀၀) ဦးနှင့် ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(Temporary Border Pass) ဖြင့် (၁၆,ဝဝ၃) ဦး မြန်မာဘက်သို့ ပြန်ဝင်ခဲ့ကြောင်း သိရသည်။

၂၀၁၉ခုနှစ် ဧပြီလ (၁၃)ရက်နေ့မှ (၁၇)ရက်နေ့အထိ နိုင်ငံခြားသားဝင်ရောက်မှုမှာ မြန်မာဘက်သို့ Entry Permit(EP) ဖြင့် နိုင်ငံခြားသား (၂၉၂) ဦး ဝင်ရောက်လာခဲ့ပြီး (၃၉၂) ဦး ထိုင်းနိုင်ငံဖက်သို့ ပြန်လည်ထွက်ခွာခဲ့ကာ ဗီဇာဖြင့်ဝင်ရောက်သည့် နိုင်ငံခြားသား (၈၉၈) ဦးတွင် (၈၁၈) ဦး ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်ရှိ နယ်စပ်ဝင်ပေါက်တစ်ခုဖြစ်သည့် လာအိုနယ်စပ်မှနေ၍ သင်္ကြန်ကာလအတွင်း မြန်မာနိုင်ငံသို့ လာအိုဘက်မှ ဝင်ရောက်သူ (၁၀၈) ဦးနှင့် ပြန်လည်ထွက်ခွာသူ (၁၀၇) ဦးရှိခဲ့ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net