တာခ်ီလိတ္ၿမိဳ႕တြင္ ဌာနဆုိင္ရာႏွင့္ လူထုပူးေပါင္းပါဝင္သည့္ အပတ္စဥ္ စေနေန႔တုိင္း အမိႈက္ေကာက္အစီအစဥ္ သတၱမပတ္ေဆာင္ရြက္

တာခ်ီလိတ္ၿမိဳ႕တြင္ ဌာနဆုိင္ရာႏွင့္ လူထုပူးေပါင္းပါဝင္သည့္ အပတ္စဥ္ စေနေန႔တုိင္း အမိႈက္ေကာက္အစီအစဥ္ သတၱမပတ္ေဆာင္ရြက္
ဧပြီ 20, 2019
By Tachileik News Agency
ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕တြင္ ဌာနဆုိင္ရာမ်ား၊ လူမႈေရးအသင္းအဖြဲ႕မ်ားႏွင့္ လူထုပူးေပါင္းပါဝင္သည့္ အပတ္စဥ္ စေနေန႔တုိင္း အမိႈက္ေကာက္အစီအစဥ္ သတၱမပတ္အျဖစ္ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၂၀) ရက္ေန႔က တာေလာ့ရပ္ကြက္တြင္ ေဆာင္ရြက္ၾကသည္။

"ကၽြန္ေတာ္တို႔က အမိႈက္မပစ္ဖို႔ပဲ ေျပာရမွာေပါ့။ ၿပီးရင္ စည္ပင္ကိုေမးမယ္။ အဲဒါကိုဘယ္လိုလုပ္မလဲေပါ့။ ဆိုင္းဘုတ္ေတာ့ မေထာင္ေတာ့ပါဘူး။ မကာဟိုခမ္းနဲ႔ ကၽြန္ေတာ္တို႔ တာေလာ့အစပ္ဆိုေတာ့။ လာပစ္လို႔ေတြ႕ရင္ ဓာတ္ပံုရိုက္ထားမယ္။ ကၽြန္ေတာ္က စည္ပင္ကိုဆက္ၿပီးအေၾကာင္းၾကားေပးမွာေပါ့"ဟု တာေလာ့ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ဦးသက္ထြဋ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္း လမ္းေဘးႏွင့္ ေခ်ာင္း၊ေျမာင္းမ်ားတြင္ စည္းကမ္းမဲ့စြန္႔ပစ္ထားသည့္အမိႈက္မ်ားအား စုေပါင္းရွင္းလင္းသည့္ အစီအစဥ္ကို ၂၀၁၉ ခုႏွစ္၊ မတ္လ ပထမပတ္ စေနေန႔မွ စတင္ခဲ့ရာ ပထမ (၃) လပတ္တြင္ အမိႈက္စနစ္တက်စြန္႔ပစ္ျခင္းဆုိင္ရာ အသိပညာေပးႏွင့္ စည္းကမ္းမဲ့စြန္႔ပစ္ထားသည့္ အမိႈက္ေကာက္ျခင္းမ်ား ေဆာင္ရြက္မည္ျဖစ္ကာ သန္႔ရွင္းေသာရပ္ကြက္မ်ားကို ေရြးခ်ယ္ၿပီး ဆုေပး၊ဒဏ္ေပးစနစ္ကို က်င့္သံုးသြားမည္ျဖစ္ေၾကာင္း သိရသည္။

စုေပါင္းအမိႈက္ရွင္းလင္းျခင္းအစီအစဥ္ကို မတ္လ (၉) ရက္ေန႔က ဝမ္ေကာင္းရပ္ကြက္၊ မတ္လ (၁၆) ရက္ေန႔က မကာဟိုခမ္းရပ္ကြက္၊ မတ္လ (၂၃) ရက္ေန႔တြင္ ရန္ေအာင္ေျမရပ္ကြက္၊ မတ္လ (၃၀)ရက္ေန႔တြင္ ေဆခမ္းရပ္ကြက္ႏွင့္ ဧၿပီလ (၆)ရက္ေန႔႔တြင္ ပုန္းထြန္ရပ္ကြက္ ၊ ဧၿပီလ (၁၃) ရက္ေန႔တြင္ ဝိန္းေက်ာက္ရပ္ကြက္ႏွင့္ ဧၿပီလ (၂၀) ရက္ေန႔တြင္ တာေလာ့ရပ္ကြက္တို႔၌ ေဆာင္ရြက္ခဲ့ျခင္းျဖစ္သည္။

ဆက္လက္ၿပီး ဧၿပီလ (၂၇) ရက္ေန႔တြင္ မယ္ေခါင္ရပ္ကြက္၊ ေမလ (၄) ရက္ေန႔၌ ပါဆတ္ရပ္ကြက္၊ ေမလ (၁၁) ရက္ေန႔၌ ဆန္ဆိုင္း(က) ရပ္ကြက္၊ ေမလ (၁၈) ရက္ေန႔၌ ပုန္းထြန္ရပ္ကြက္၊ ေမလ (၂၅) ရက္ေန႔၌ ဆန္ဆိုင္း(ခ) ရပ္ကြက္တို႔တြင္ အမိႈက္ေကာက္မည္ျဖစ္ရာ အဆိုပါအစီအစဥ္တြင္ ပါဝင္လိုသူမ်ား ပူးေပါင္းပါဝင္ႏုိင္ေၾကာင္း သိရသည္။

ယေန႔ စုေပါင္းအမႈိက္သန္႔ရွင္းေရးျပဳလုပ္ရာတြင္ ရွမ္းျပည္နယ္စည္ပင္သာယာေရး၀န္ႀကီး ဦးစိုင္းစြံဆိုင္း ႏွင့္ ဌာနဆိုင္ရာမ်ား၊ လူမႈေရးအသင္းအဖြဲ႔မ်ား ႏွင့္ ရပ္ကြက္ေနျပည္သူမ်ားမွ စုေပါင္းပါ၀င္ခဲ့ၾကေၾကာင္း သိရသည္။

နယ္စပ္ၿမိဳ႕ျဖစ္သည့္ တာခ်ီလိတ္တြင္ ရပ္ကြက္မ်ားအတြင္း စည္းကမ္းမဲ့အမိႈက္စြန္႔ပစ္မႈမ်ားရိွေနၿပီး ေရေျမာင္းမ်ား၊ ေခ်ာင္းမ်ားတြင္ အမိႈက္မ်ားပိတ္ဆို႔သျဖင့္ မိုးရာသီအတြင္း ေရႀကီးေရလွ်ံမႈမ်ားကိုလည္း ႏွစ္စဥ္ႀကံဳေတြ႔ေနရျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - ဟန္စိုးထိုက္ ၊ ေက်ာ္ဇင္ဟိန္း



~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် လူထုပူးပေါင်းပါဝင်သည့် အပတ်စဉ် စနေနေ့တိုင်း အမှိုက်ကောက်အစီအစဉ် သတ္တမပတ်အဖြစ် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၀) ရက်နေ့က တာလော့ရပ်ကွက်တွင် ဆောင်ရွက်ကြသည်။

"ကျွန်တော်တို့က အမှိုက်မပစ်ဖို့ပဲ ပြောရမှာပေါ့။ ပြီးရင် စည်ပင်ကိုမေးမယ်။ အဲဒါကိုဘယ်လိုလုပ်မလဲပေါ့။ ဆိုင်းဘုတ်တော့ မထောင်တော့ပါဘူး။ မကာဟိုခမ်းနဲ့ ကျွန်တော်တို့ တာလော့အစပ်ဆိုတော့။ လာပစ်လို့တွေ့ရင် ဓာတ်ပုံရိုက်ထားမယ်။ ကျွန်တော်က စည်ပင်ကိုဆက်ပြီးအကြောင်းကြားပေးမှာပေါ့"ဟု တာလော့ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသက်ထွဋ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

တာချီလိတ်မြို့တွင်း လမ်းဘေးနှင့် ချောင်း၊မြောင်းများတွင် စည်းကမ်းမဲ့စွန့်ပစ်ထားသည့်အမှိုက်များအား စုပေါင်းရှင်းလင်းသည့် အစီအစဉ်ကို ၂၀၁၉ ခုနှစ်၊ မတ်လ ပထမပတ် စနေနေ့မှ စတင်ခဲ့ရာ ပထမ (၃) လပတ်တွင် အမှိုက်စနစ်တကျစွန့်ပစ်ခြင်းဆိုင်ရာ အသိပညာပေးနှင့် စည်းကမ်းမဲ့စွန့်ပစ်ထားသည့် အမှိုက်ကောက်ခြင်းများ ဆောင်ရွက်မည်ဖြစ်ကာ သန့်ရှင်းသောရပ်ကွက်များကို ရွေးချယ်ပြီး ဆုပေး၊ဒဏ်ပေးစနစ်ကို ကျင့်သုံးသွားမည်ဖြစ်ကြောင်း သိရသည်။

စုပေါင်းအမှိုက်ရှင်းလင်းခြင်းအစီအစဉ်ကို မတ်လ (၉) ရက်နေ့က ဝမ်ကောင်းရပ်ကွက်၊ မတ်လ (၁၆) ရက်နေ့က မကာဟိုခမ်းရပ်ကွက်၊ မတ်လ (၂၃) ရက်နေ့တွင် ရန်အောင်မြေရပ်ကွက်၊ မတ်လ (၃၀)ရက်နေ့တွင် ဆေခမ်းရပ်ကွက်နှင့် ဧပြီလ (၆)ရက်နေ့တွင် ပုန်းထွန်ရပ်ကွက်၊ ဧပြီလ (၁၃) ရက်နေ့တွင် ဝိန်းကျောက်ရပ်ကွက်နှင့် ဧပြီလ (၂၀) ရက်နေ့တွင် တာလော့ရပ်ကွက်တို့၌ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ဆက်လက်ပြီး ဧပြီလ (၂၇) ရက်နေ့တွင် မယ်ခေါင်ရပ်ကွက်၊ မေလ (၄) ရက်နေ့၌ ပါဆတ်ရပ်ကွက်၊ မေလ (၁၁) ရက်နေ့၌ ဆန်ဆိုင်း(က) ရပ်ကွက်၊ မေလ (၁၈) ရက်နေ့၌ ပုန်းထွန်ရပ်ကွက်၊ မေလ (၂၅) ရက်နေ့၌ ဆန်ဆိုင်း(ခ) ရပ်ကွက်တို့တွင် အမှိုက်ကောက်မည်ဖြစ်ရာ အဆိုပါအစီအစဉ်တွင် ပါဝင်လိုသူများ ပူးပေါင်းပါဝင်နိုင်ကြောင်း သိရသည်။

ယနေ့ စုပေါင်းအမှိုက်သန့်ရှင်းရေးပြုလုပ်ရာတွင် ရှမ်းပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း နှင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် ရပ်ကွက်နပြေည်သူများမှ စုပေါင်းပါဝင်ခဲ့ကြကြောင်း သိရသည်။

နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် ရပ်ကွက်များအတွင်း စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများရှိနပြေီး ရေမြောင်းများ၊ ချောင်းများတွင် အမှိုက်များပိတ်ဆို့သဖြင့် မိုးရာသီအတွင်း ရကြေီးရေလျှံမှုများကိုလည်း နှစ်စဉ်ကြုံတွေ့နေရခြင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - ဟန်စိုးထိုက်၊ ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net