သီရိလကၤာတြင္ အီစတာပြဲေတာ္ကာလ ဟိုတယ္ႏွင့္ ဘုရားေက်ာင္းမ်ား၌ ေပါက္ကြဲမႈမ်ားအတြင္း ေသဆံုးသူ ၂၀၀ ေက်ာ္ထိတိုးလာ

သီရိလကၤာတြင္ အီစတာပြဲေတာ္ကာလ ဟိုတယ္ႏွင့္ ဘုရားေက်ာင္းမ်ား၌ ေပါက္ကြဲမႈမ်ားအတြင္း ေသဆံုးသူ ၂၀၀ ေက်ာ္ထိတိုးလာ
ဧပြီ 21, 2019
By 🌸
သီရိလကၤာနုိင္ငံတြင္ ဟိုတယ္ႏွင့္ ဘုရားေက်ာင္း စုစုေပါင္း (၈)ေနရာတြင္ ေပါက္ကြဲမႈမ်ားအတြင္း ေသဆံုးသူမွာ (၂၀၇)ဦးအထိတိုးလာၿပီး ယင္းေသဆံုးသူမ်ားတြင္ ႏုိင္ငံျခားသား (၃၅)ဦးပါဝင္ေၾကာင္း ရဲတပ္ဖြဲ႕ကအတည္ျပဳေျပာၾကားသည္။

၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၂၁)ရက္ေန႔က ဟိုတယ္ႏွင့္ ဘုရားေက်ာင္းမ်ားတြင္ ေပါက္ကြဲမႈ (၈)ခုျဖစ္ပြားရာ အနည္းဆံုး လူေပါင္း (၄၅၀)ခန္႔ ဒဏ္ရာရ၍ ေဆးရံုသို႔ ပုိ႔ေဆာင္ထားရျခင္းျဖစ္ေၾကာင္း သိရသည္။
အီစတာပြဲေတာ္ကာလ ဘုရားေက်ာင္းတက္ေနသူမ်ားရိွေနသည့္ ဘုရားေက်ာင္းႏွင့္ အဆင့္ျမင့္ဟိုတယ္မ်ားကို ပစ္မွတ္ထား၍ တုိက္ခုိက္သည့္ တုိက္ခိုက္မႈႏွင့္ ဆက္စပ္သူ (၇)ဦးကို ဖမ္းဆီးထားေၾကာင္း သိရသည္။

ေပါက္ကြဲမႈမ်ားမွာ အေသခံဗံုးခြဲသူမ်ား၏ တုိက္ခုိက္မႈဟုတ္၊ မဟုတ္ကို ရဲတပ္ဖြဲ႕က စံုစမ္းေနၿပီး ကာကြယ္ေရးဝန္ႀကီးကိုယ္တုိင္ စံုစမ္းမႈတြင္ ပါဝင္လုပ္ေဆာင္ေနေၾကာင္း သိရသည္။
အဆိုပါ ေပါက္ကြဲမႈမ်ားႏွင့္ပတ္သက္၍ အၾကမ္းဖက္တုိက္ခုိက္သူမ်ား ေဖၚထုတ္ေရးကို သီရိလကၤာအစိုးရအဖြဲ႕၊ စစ္တပ္ႏွင့္ ရဲတပ္ဖြဲ႕တို႔ ပူးေပါင္းေဆာင္ရြက္ေနၾကၿပီျဖစ္ေၾကာင္း သတင္းထုတ္ျပန္ထားသည္။

ျဖစ္ရပ္မ်ားအတြင္း ေသဆံုး၊ ဒဏ္ရာရသူမ်ားအတြက္ ဝမ္းနည္းရေၾကာင္းႏွင့္ ယခုအျဖစ္အပ်က္အေပၚ ႏုိင္ငံေရး အျမတ္ထုတ္ျခင္းမျပဳလုပ္ရန္၊ ျပည္သူမ်ားအေနျဖင့္ မိမိတို႔ေနအိမ္တြင္း ေနထုိင္ၾကရန္ အစိုးရအဖြဲ႕က ေျပာၾကားထားသည္။

ေပါက္ကြဲမႈမ်ားေၾကာင့္ သီရိလကၤာတြင္ ညပိုင္းအျပင္မထြက္ရအမိန္႔ ထုတ္ျပန္ထားေၾကာင္းသိရသည္။

Tachileik News Agency
Ref:CNA

~~~~~~~~⊰❂ Unicode Version ~~~~~~~~
သီရိလင်္ကာတွင် အီစတာပွဲတော်ကာလ ဟိုတယ်နှင့် ဘုရားကျောင်းများ၌ ပေါက်ကွဲမှုများအတွင်း သေဆုံးသူ ၂၀၀ ကျော်ထိတိုးလာ
*********
သီရိလင်္ကာနိုင်ငံတွင် ဟိုတယ်နှင့် ဘုရားကျောင်း စုစုပေါင်း (၈)နေရာတွင် ပေါက်ကွဲမှုများအတွင်း သေဆုံးသူမှာ (၂၀၇)ဦးအထိတိုးလာပြီး ယင်းသေဆုံးသူများတွင် နိုင်ငံခြားသား (၃၅)ဦးပါဝင်ကြောင်း ရဲတပ်ဖွဲ့ကအတည်ပြုပြောကြားသည်။

၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၁)ရက်နေ့က ဟိုတယ်နှင့် ဘုရားကျောင်းများတွင် ပေါက်ကွဲမှု (၈)ခုဖြစ်ပွားရာ အနည်းဆုံး လူပေါင်း (၄၅၀)ခန့် ဒဏ်ရာရ၍ ဆေးရုံသို့ ပို့ဆောင်ထားရခြင်းဖြစ်ကြောင်း သိရသည်။

အီစတာပွဲတော်ကာလ ဘုရားကျောင်းတက်နေသူများရှိနေသည့် ဘုရားကျောင်းနှင့် အဆင့်မြင့်ဟိုတယ်များကို ပစ်မှတ်ထား၍ တိုက်ခိုက်သည့် တိုက်ခိုက်မှုနှင့် ဆက်စပ်သူ (၇)ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။

ပေါက်ကွဲမှုများမှာ အသေခံဗုံးခွဲသူများ၏ တိုက်ခိုက်မှုဟုတ်၊ မဟုတ်ကို ရဲတပ်ဖွဲ့က စုံစမ်းနေပြီး ကာကွယ်ရေးဝန်ကြီးကိုယ်တိုင် စုံစမ်းမှုတွင် ပါဝင်လုပ်ဆောင်နေကြောင်း သိရသည်။

အဆိုပါ ပေါက်ကွဲမှုများနှင့်ပတ်သက်၍ အကြမ်းဖက်တိုက်ခိုက်သူများ ဖေါ်ထုတ်ရေးကို သီရိလင်္ကာအစိုးရအဖွဲ့၊ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နေကြပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဖြစ်ရပ်များအတွင်း သေဆုံး၊ ဒဏ်ရာရသူများအတွက် ဝမ်းနည်းရကြောင်းနှင့် ယခုအဖြစ်အပျက်အပေါ် နိုင်ငံရေး အမြတ်ထုတ်ခြင်းမပြုလုပ်ရန်၊ ပြည်သူများအနေဖြင့် မိမိတို့နေအိမ်တွင်း နေထိုင်ကြရန် အစိုးရအဖွဲ့က ပြောကြားထားသည်။

ပေါက်ကွဲမှုများကြောင့် သီရိလင်္ကာတွင် ညပိုင်းအပြင်မထွက်ရအမိန့် ထုတ်ပြန်ထားကြောင်းသိရသည်။

Tachileik News Agency
Ref:CNA

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net