အဆိုပါေလယာဥ္မွာ ပါ့သ္ၿမိဳ႕သို႔ ေဒသစံေတာ္ခ်ိန္ နံနက္ (၉)နာရီခြဲအခ်ိန္က မေလးရွားမွ ဆုိက္ေရာက္လာျခင္းျဖစ္ၿပီး ေလယာဥ္ပ်ံသန္းစဥ္အတြင္း ကေလးငယ္အတြက္ အေရးေပၚေဆးကုသမႈေပးခဲ့ေသာ္လည္း ေသဆံုးသြားျခင္းျဖစ္ေၾကာင္း သိရသည္။
“ကေလးငယ္ရဲ႕ေဆးကုသမႈအေျခအေနနဲ႔ပတ္သက္လို႔ ကၽြန္ေတာ္တုိ႔ မွတ္ခ်က္ေပးစရာမရိွပါဘူး။ ဒါေပမဲ့ ဒီကေလးငယ္နဲ႔ သူ႔မိသားစုတို႔နဲ႕အတူ ထပ္တူဝမ္းနည္းရပါတယ္”ဟု အဲေအးရွား၏ ေျပာေရးဆိုခြင့္ရိွသူက ဆိုသည္။
ေလယာဥ္ဆုိက္ေရာက္သည္ႏွင့္ ရဲတပ္ဖြဲ႕က အသင့္ေစာင့္ဆုိင္းေနၿပီး လုိအပ္သည့္ စံုစမ္းစစ္ေဆးမႈမ်ား လုပ္ေဆာင္ေနေၾကာင္း သိရသည္။
အဆိုပါ မေတာ္တဆမႈေၾကာင့္ ပါ့သ္မွျပန္လည္ထြက္ခြာမည့္ အဲေအးရွားေလယာဥ္ခရီးစဥ္မွာ ေႏွာင့္ေႏွးၾကန္႔ၾကာခဲ့ရသျဖင့္ ေလေၾကာင္းလုိင္းက ခရီးသည္မ်ားအား ေတာင္းပန္ခဲ့ေၾကာင္း သိရသည္။
Tachileik News Agency
Ref: ABC
*********
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှ သြစတေးလျနိုင်ငံ ပတ်သ်မြို့သို့ ပျံသန်းသည့် အဲအေးရှားလေကြောင်းလိုင်း၏ လေယာဉ်ခရီးစဉ်တွင် လိုက်ပါလာသည့် နှစ်လသားအရွယ်ကလေးငယ်မှာ လေယာဉ်ပျံသန်းစဉ် သေဆုံးသွားကြောင်း သိရသည်။
အဆိုပါလေယာဉ်မှာ ပါ့သ်မြို့သို့ ဒေသစံတော်ချိန် နံနက် (၉)နာရီခွဲအချိန်က မလေးရှားမှ ဆိုက်ရောက်လာခြင်းဖြစ်ပြီး လေယာဉ်ပျံသန်းစဉ်အတွင်း ကလေးငယ်အတွက် အရေးပေါ်ဆေးကုသမှုပေးခဲ့သော်လည်း သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။
“ကလေးငယ်ရဲ့ဆေးကုသမှုအခြေအနေနဲ့ပတ်သက်လို့ ကျွန်တော်တို့ မှတ်ချက်ပေးစရာမရှိပါဘူး။ ဒါပေမဲ့ ဒီကလေးငယ်နဲ့ သူ့မိသားစုတို့နဲ့အတူ ထပ်တူဝမ်းနည်းရပါတယ်”ဟု အဲအေးရှား၏ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။
လေယာဉ်ဆိုက်ရောက်သည်နှင့် ရဲတပ်ဖွဲ့က အသင့်စောင့်ဆိုင်းနေပြီး လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
အဆိုပါ မတော်တဆမှုကြောင့် ပါ့သ်မှပြန်လည်ထွက်ခွာမည့် အဲအေးရှားလေယာဉ်ခရီးစဉ်မှာ နှောင့်နှေးကြန့်ကြာခဲ့ရသဖြင့် လေကြောင်းလိုင်းက ခရီးသည်များအား တောင်းပန်ခဲ့ကြောင်း သိရသည်။
Tachileik News Agency
Ref: ABC