ျမန္မာႏိုင္ငံတြင္ တီဘီေရာဂါျဖစ္ပြားမႈ၏ (၇၃)ရာခုိင္ႏႈန္းမွာ အမ်ိဳးသားမ်ားတြင္ ျဖစ္ပြား

ျမန္မာႏိုင္ငံတြင္ တီဘီေရာဂါျဖစ္ပြားမႈ၏ (၇၃)ရာခုိင္ႏႈန္းမွာ အမ်ိဳးသားမ်ားတြင္ ျဖစ္ပြား
ဧပြီ 29, 2019
By 🌸
ျမန္မာႏုိင္ငံတြင္ တီဘီေရာဂါျဖစ္ပြားသူမ်ား၏ (၇၃) ရာခုိင္ႏႈန္းမွာ အမ်ိဳးသားမ်ားျဖစ္ၿပီး တီဘီလူနာထက္ဝက္ေက်ာ္မွာ အသက္(၅၀)ႏွစ္ႏွင့္အထက္ျဖစ္ေၾကာင္း ၂၀၁၇ - ၂၀၁၈ ႏိုင္ငံတစ္ဝန္း တီဘီေရာဂါျဖစ္ပြားမႈစစ္တမ္းအရ သိရသည္။

ျမန္မာႏိုင္ငံတြင္ တီဘီေရာဂါျဖစ္ပြားမႈႏႈန္းမွာ ႏွစ္စဥ္ (၃.၅) ရာခုိင္ႏႈန္းခန္႔ က်ဆင္းလ်က္ရွိေသာ္လည္း ကမာၻ႔တီဘီ ေရာဂါျဖစ္ပြားမႈ အမ်ားဆုံးႏိုင္ငံ (၃၀)တြင္ ပါဝင္ေနဆဲျဖစ္ကာ  ရန္ကုန္တိုင္းေဒသႀကီးတြင္ တီဘီျဖစ္ပြားႏႈန္းမွာသိသိသာသာ က်ဆင္းျခင္း မရွိေသးေၾကာင္း သိရသည္။

၂၀၁၈ ခုႏွစ္ ကမာၻ႔တီဘီေရာဂါအစီရင္ခံစာအရ ျမန္မာႏိုင္ငံ၌ လူဦးေရ (၁)သိန္းတြင္ တီဘီေရာဂါ ျဖစ္ပြားသူ (၃၅၈)ဦးႏွင့္ ေရာဂါေၾကာင့္ေသဆုံးသူ (၅၁)ဦးရွိေနေၾကာင္း ေဖၚျပထားသည္။

၂၀၁၈ ခုႏွစ္တြင္ အမ်ိဳးသားတီဘီ ေရာဂါ တိုက္ဖ်က္ေရးစီမံခ်က္ျဖင့္ တီဘီေရာဂါလူနာ (၁၃၅၀၀၀) ေက်ာ္ကို ကုသမႈေပးထားေၾကာင္း သိရသည္။


တီဘီေရာဂါစစ္တမ္း ေကာက္ယူျခင္းလုပ္ငန္းမ်ားကို ၂၀၁၇ခုႏွစ္၊ ေအာက္တိုဘာလမွ (၂၀၁၈)ခုႏွစ္၊ စက္တင္ဘာလကုန္အထိ ေကာက္ယူထားျခင္းျဖစ္ေၾကာင္း သိရသည္။
Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မြန်မာနိုင်ငံတွင် တီဘီရောဂါဖြစ်ပွားမှု၏ (၇၃)ရာခိုင်နှုန်းမှာ အမျိုးသားများတွင် ဖြစ်ပွား
*************
မြန်မာနိုင်ငံတွင် တီဘီရောဂါဖြစ်ပွားသူများ၏ (၇၃) ရာခိုင်နှုန်းမှာ အမျိုးသားများဖြစ်ပြီး တီဘီလူနာထက်ဝက်ကျော်မှာ အသက်(၅၀)နှစ်နှင့်အထက်ဖြစ်ကြောင်း ၂၀၁၇ - ၂၀၁၈ နိုင်ငံတစ်ဝန်း တီဘီရောဂါဖြစ်ပွားမှုစစ်တမ်းအရ သိရသည်။

မြန်မာနိုင်ငံတွင် တီဘီရောဂါဖြစ်ပွားမှုနှုန်းမှာ နှစ်စဉ် (၃.၅) ရာခိုင်နှုန်းခန့် ကျဆင်းလျက်ရှိသော်လည်း ကမ္ဘာ့တီဘီ ရောဂါဖြစ်ပွားမှု အများဆုံးနိုင်ငံ (၃၀)တွင် ပါဝင်နေဆဲဖြစ်ကာ  ရန်ကုန်တိုင်းဒေသကြီးတွင် တီဘီဖြစ်ပွားနှုန်းမှာသိသိသာသာ ကျဆင်းခြင်း မရှိသေးကြောင်း သိရသည်။

၂၀၁၈ ခုနှစ် ကမ္ဘာ့တီဘီရောဂါအစီရင်ခံစာအရ မြန်မာနိုင်ငံ၌ လူဦးရေ (၁)သိန်းတွင် တီဘီရောဂါ ဖြစ်ပွားသူ (၃၅၈)ဦးနှင့် ရောဂါကြောင့်သေဆုံးသူ (၅၁)ဦးရှိနေကြောင်း ဖေါ်ပြထားသည်။
၂၀၁၈ ခုနှစ်တွင် အမျိုးသားတီဘီ ရောဂါ တိုက်ဖျက်ရေးစီမံချက်ဖြင့် တီဘီရောဂါလူနာ (၁၃၅၀၀၀) ကျော်ကို ကုသမှုပေးထားကြောင်း သိရသည်။

တီဘီရောဂါစစ်တမ်း ကောက်ယူခြင်းလုပ်ငန်းများကို ၂၀၁၇ခုနှစ်၊ အောက်တိုဘာလမှ (၂၀၁၈)ခုနှစ်၊ စက်တင်ဘာလကုန်အထိ ကောက်ယူထားခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net