ထိုင္းႏုိင္ငံမွ အေထာက္အထားမဲ့ျမန္မာလုပ္သား(၃)ဦးကို ေနရပ္ျပန္ပို႔ရန္အတြက္ ခ်င္းမုိင္မွေခၚထုတ္ရန္ အခေၾကးေငြယူ၍ပို႔ေဆာင္ေပးသည့္ ျမန္မာအမ်ိဳးသမီးတစ္ဦးကို ထုိင္းလူဝင္မႈႀကီးၾကပ္ေရးဌာနက ဖမ္းဆီးလုိက္ေၾကာင္း သိရသည္။
အသက္ (၃၄)ႏွစ္အရြယ္ နန္းညိဳဆိုသည့္အမ်ိဳးသမီးက ျမန္မာႏုိင္ငံသား (၃)ဦးကို တစ္ဦးလွ်င္ ဘတ္ (၃၄၀၀)ႏႈန္းရယူၿပီး ေနရပ္ျပန္ပို႔ေပးရန္အတြက္ ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၃၀)ရက္ေန႔က ဘတ္စ္ကားဂိတ္တြင္ သြားေရာက္ေခၚေဆာင္လာစဥ္ ဖမ္းဆီးခံရျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါအမ်ိးသမီးသည္ တရားမဝင္ျမန္မာလုပ္သားမ်ားကို ထုိင္းႏုိင္ငံသို႔ ေခၚသြင္းျခင္းကိုလည္း လုပ္ေဆာင္ေပးေနသူျဖစ္ၿပီး ေနရပ္ျပန္လိုသည့္ အေထာက္အထားမျပည့္စံုေသာ ျမန္မာလုပ္သားမ်ားကို ျပန္ပို႔ေပးျခင္းကုိလည္း လုပ္ေဆာင္ေနသူျဖစ္သည္ဟု ဆိုသည္။
ေနရပ္ျပန္မည့္ ျမန္မာလုပ္သား (၃)ဦးမွာ လြန္ခဲ့သည့္ (၃)လခန္႔က ထုိင္းႏုိင္ငံတြင္း တရားမဝင္ ဝင္ေရာက္ကာ အလုပ္လုပ္ကိုင္ၿပီးေနာက္ ေနရပ္ျပန္ရန္ႀကိဳးစားစဥ္ ဖမ္းဆီးခံရျခင္းျဖစ္ၿပီး အခေၾကးေငြယူ၍ ပို႔ေဆာင္ေပးသည့္ အမ်ိဳးသမီးအား လူေမွာင္ခိုတင္သြင္းမႈျဖင့္ ဖမ္းဆီးထားျခင္းျဖစ္ေၾကာင္း သိရသည္။
Tachileik News Agency
Ref:The Nation
~~~~~~~~⊰❂ Unicode Version ❂⊱~~~~~~~~
ထိုင်းနိုင်ငံမှ အထောက်အထားမဲ့မြန်မာလုပ်သား (၃)ဦးကို အခကြေးငွေယူ၍ နေရပ်ပြန်ပို့ပေးသည့် မြန်မာအမျိုးသမီးကို ချင်းမိုင်တွင် ဖမ်းဆီး
***********
ထိုင်းနိုင်ငံမှ အထောက်အထားမဲ့မြန်မာလုပ်သား(၃)ဦးကို နေရပ်ပြန်ပို့ရန်အတွက် ချင်းမိုင်မှခေါ်ထုတ်ရန် အခကြေးငွေယူ၍ပို့ဆောင်ပေးသည့် မြန်မာအမျိုးသမီးတစ်ဦးကို ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက ဖမ်းဆီးလိုက်ကြောင်း သိရသည်။
အသက် (၃၄)နှစ်အရွယ် နန်းညိုဆိုသည့်အမျိုးသမီးက မြန်မာနိုင်ငံသား (၃)ဦးကို တစ်ဦးလျှင် ဘတ် (၃၄၀၀)နှုန်းရယူပြီး နေရပ်ပြန်ပို့ပေးရန်အတွက် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၃၀)ရက်နေ့က ဘတ်စ်ကားဂိတ်တွင် သွားရောက်ခေါ်ဆောင်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအမျိးသမီးသည် တရားမဝင်မြန်မာလုပ်သားများကို ထိုင်းနိုင်ငံသို့ ခေါ်သွင်းခြင်းကိုလည်း လုပ်ဆောင်ပေးနေသူဖြစ်ပြီး နေရပ်ပြန်လိုသည့် အထောက်အထားမပြည့်စုံသော မြန်မာလုပ်သားများကို ပြန်ပို့ပေးခြင်းကိုလည်း လုပ်ဆောင်နေသူဖြစ်သည်ဟု ဆိုသည်။
နေရပ်ပြန်မည့် မြန်မာလုပ်သား (၃)ဦးမှာ လွန်ခဲ့သည့် (၃)လခန့်က ထိုင်းနိုင်ငံတွင်း တရားမဝင် ဝင်ရောက်ကာ အလုပ်လုပ်ကိုင်ပြီးနောက် နေရပ်ပြန်ရန်ကြိုးစားစဉ် ဖမ်းဆီးခံရခြင်းဖြစ်ပြီး အခကြေးငွေယူ၍ ပို့ဆောင်ပေးသည့် အမျိုးသမီးအား လူမှောင်ခိုတင်သွင်းမှုဖြင့် ဖမ်းဆီးထားခြင်းဖြစ်ကြောင်း သိရသည်။
Tachileik News Agency
Ref:The Nation